သပိတ်ကျင်းတွင် လမ်းချဲ့ရန် တောင်နံရံဖြိုချရာမှ မြေစာတွင်ရွှေပါသည်ဟုဆိုကာ လာရောက်တူးယူသူ များပြား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လမ်းမြေတိုးချဲ့ရန် တောင်နံရံအားဖြိုချရာမှ မြေစာတွင်ရွှေပါသည်ဟုဆိုကာ မြေများအား လာရောက်တူးယူသူ များပြားလာ ၍ မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာမဖြစ်ပွားရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပွားရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တို့နှင့်အတူရှင်းလင်းဆောင်ရွက်ပေးခဲ့ရ

သပိတ်ကျင်း ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ မန္တလေး-မိုးကုတ် ကားလမ်းတွင် လမ်းမြေတိုးချဲ့ရန် တောင်နံရံအား ဖြိုချရာမှထွက်ရှိလာသောမြေစာတွင် ရွှေပါသည့် သတင်းကြောင့် (၁၅-၈-၂၀၂၀)ရက်နေ့ည (၈:၃၀) နာရီအချိန်က ဒေသခံများမှ မြေစာများအား လာရောက် တူးယူခဲ့တယ်လို့သိရ ပါတယ်။

 

ချောင်းကြီးကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ် (၆၄/၃)နှင့်(၆၄/၄)အကြား (၃) ထပ်ကွေ့၌ ဆုထူးပန်ကုမ္ပဏီမှ လမ်းတိုးချဲ့ပြုပြင်မှုဆောင်ရွက်လျက်ရှိရာ တောင်နံရံအား ဘက်ဟိုးယာဉ်ဖြင့် ဖြိုချခဲ့သည့် မြေစာများမှ ရွှေပါသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး အနီးပတ်ဝန်ကျင်နှင့် ဒေသခံကျေးရွာသူ/ ကျေးရွာသား (၁၀၀၀)ဦးခန့်တို့မှ မြေစာများအား လာရောက်တူးယူခဲ့ကြ ပါတယ်။

 

အဆိုပါနေရာသို့ သပိတ်ကျင်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိုးလွင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းဝေလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းကျော်ဌေးနှင့်တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာမဖြစ်ပွားရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပွားရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တို့နှင့်အတူရှင်းလင်းဆောင်ရွက်ပေးခဲ့ရပါတယ်။

 

ည(၁၂:၀၀)နာရီ တွင် မြေစာလာရောက်တူးကြသော ကျေးရွာသူ/ကျေးရွာသားအချို့ အဆိုပါနေရာမှ ပြန်လည်ထွက်ခွာ သွားခဲ့ကြကာ လူဦးရေ(၃၀၀)ခန့်သာကျန်ရှိခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများမှ မြေစာတူး ဖော်သူများအား ဆက်လက်မဆောင်ရွက်ကြရန် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

 

စိုးနိုင်ဝင်း(သပိတ်ကျင်း)(ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •