သပိတ်ကျင်းမြို့နယ်၊ (၇)မိုင်တွင် ယာဉ်(၁)စီးတိမ်းမှောက်ပြီး တစ်ဦးသေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သပိတ်ကျင်းမြို့နယ်၊ (၇)မိုင်တွင် ယာဉ်(၁)စီးတိမ်းမှောက်ပြီး တစ်ဦးသေဆုံး

၁၃.၉.၂၀၂၀ ရက်နေ့၊ (၀၁ ၃၀) အချိန်ခန်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ (၇)မိုင်ချမ်းသာကျေးရွာအုပ်စု၊ အုန်းတကူးကျေးရွာအနီးတွင် ယာဉ်(၁)စီးတိမ်းမှောက်ပြီး လူ(၂)ဦးညပ်မိနေခဲ့ပါတယ်။

အခင်းဖြစ်ပွားရာသို့ သပိတ်ကျင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၇)ဉီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

 

ကားခေါင်းခန်းအတွင်းညပ်မိနေသော ယာဉ်မောင်း(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)နှင့် ယာဉ်နောက်လိုက် ကျား(၁)ဦး (သေဆုံး)တို့အား (၀၂ ၃၅) အချိန်ခန့်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး (၇)မိုင်ချမ်းသာကျေးရွာမှ သုခချမ်းသာကားဖြင့် သပိတ်ကျင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •