သပိတ်ကျင်းမှာ လူတစ်ဦး သတ္တုတွင်းဟောင်းထဲပြုတ်ကျသေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သပိတ်ကျင်းမှာ လူတစ်ဦး သတ္တုတွင်းဟောင်းထဲပြုတ်ကျသေဆုံး

၁၅.၇.၂၀၂၀ ရက်နေ့၊ မနက်၁၁ နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ရေထွက်ကျေးရွာတွင် အမျိုးသား(၁)ဦး သတ္တုတွင်းအဟောင်းအတွင်းသို့
ပြုတ်ကျ မှုဖြစ်ပွားခဲ့ပါတယ်။

 

သတင်းရလျင်ရချင်း သပိတ်ကျင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ရာ ၁၃ ၃၀ အချိန် ပြီးဆုံးခဲ့ပါတယ်။

 

 

အဲဒီ ဖြစ်စဉ်မှာ အမျိုးသား(၁)ဦး သေဆုံးခဲ့ပြီး ပုညသဟာရ ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် သပိတ်ကျင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို.သိရပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •