သဘာဝဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်မှု ပြုပြင်နေစဉ်အတွင်း ရန်ကုန်အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်အချို့တွင်အလှည့်ကျ (၁)နာရီခန့်ဓာတ်အားပြတ်တောက်မှုရှိနိုင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သဘာဝဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်မှု ပြုပြင်နေစဉ်အတွင်း ရန်ကုန်အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်အချို့တွင်အလှည့်ကျ (၁)နာရီခန့်ဓာတ်အားပြတ်တောက်မှုရှိနိုင်

အများပြည်သူသို့ အသိပေးပန်ကြားခြင်း

၁။     အိုင်ကြီး-အလုံ ၈/၁၂ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဓာတ်ငွေ့ယိုစိမ့်မှုအား ဓာတ်ငွေ့ပို့လွှတ်မှု ခေတ္တရပ်ဆိုင်း၍ (၂၃.၁၀.၂၀၂၀)ရက်နေ့ (22:00)နာရီမှ (၂၄.၁၀.၂၀၂၀)ရက်နေ့ (16:00)နာရီအချိန်အထိ အရေးပေါ်ပြုပြင်ရမည် ဖြစ်ပါသည်။ ထို့သို့ပြုပြင်နေစဉ်အတွင်း သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းသွား၍ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ ထုတ်လွှတ်မှု ရပ်တန့်နေစဉ် ဓာတ်အားစနစ်တစ်ခုလုံး တည်ငြိမ်မှု ရှိစေရန် သုံးစွဲဝန်အားလျော့ချမောင်းနှင်မှု စုစုပေါင်း(၁၈၅)မဂ္ဂါဝပ်ခန့်ရှိမည်ဖြစ်ပြီး ဝန်အားလျော့ချမှုမှာ ဖီဒါ(၁)ခုလျှင် အလှည့်ကျ (၁)နာရီခန့် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် အလှည့်ကျ (၁)နာရီခန့် ယာယီဓာတ်အားပြတ်တောက်မှုအနည်းငယ် ရှိနိုင်ပါသည်။

၂။      ထိုသို့လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်အတွက် မဖြစ်မနေကြိုတင်ပြင်ဆင်ဆောင်ရွက်ရခြင်းဖြစ်ပါသဖြင့် ယာယီဓာတ်အားပြတ်တောက်ရခြင်းအတွက် လူမှု့ရေးအခက်အခဲများပေါ်ပေါက်လာနိုင်မှုများအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အများပြည်သူများထံသို့ လေးစားစွာအသိပေးပန်ကြားအပ်ပါသည်။

YESC


Spread the love
  •  
  •  
  •  
  •  
  •  
  •