“သမ္မတထရန့်ရဲ့မုဒိန်းကျင့်တာ ခံရပါတယ်လို့စွတ်စွဲသူအမျိုးသမီးကို တရားရေးဌာနကအသရေဖျက်မှုနဲ့သမ္မတကိုယ်စားတရားပြန်စွဲ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“သမ္မတထရန့်ရဲ့မုဒိန်းကျင့်တာ ခံရပါတယ်လို့စွတ်စွဲသူအမျိုးသမီးကို တရားရေးဌာနကအသရေဖျက်မှုနဲ့သမ္မတကိုယ်စားတရားပြန်စွဲ”

October 23, 2020

သူမကိုသမ္မတ ဒေါ်နယ်ထရန့်က မုဒိန်းကျင့်တာခံခဲ့ရတယ်လို့ပြောသူအမျိုးသမီးဟာ သမ္မတထရန့်က
အမျိုးသမီးကို အသရေဖျက်မှုနဲ့ တရားစွဲဆိုရာမှာတရားရေးဌာနကိုသူ့ကိုယ်စား တရားပြိုင်အဖြစ်အစားထိုးနိုင်သလားဆိုတဲ့အပေါ်ရှေ့နေတွေအငြင်းအခုံတွေဖြစ်နေတာကြောင့် တရားရုံးတော်မှာကြားနာပေးဖို့မျှော်လင့်နေပါတယ်။

အီဂျင်းကာရိုး(လ်)ရဲ့ရှေ့နေတွေက  သမ္မတထရန့်ဟာ
စွတ်စွဲသူ အမျိုးသမီးကို အကောင်းစားပစ္စည်းတွေ
ရောင်းချတဲ့ ကုန်စုံဆိုင်မှာတွေ့ဆုံခဲ့တယ်ဆိုတာမဟုတ်ဘူးလို့ တရားဝင်မငြင်းဆန်နိုင်ခဲ့ဘူးလို့ပြောပါတယ်။
၂၀၁၉ ခုနှစ်ဇွန်လ မှာထရန့်ဟာသူ့အပေါ်
စာအုပ်ထဲမှာဖော်ပြခဲ့တဲ့ကာရိုး(လ်)ရဲ့စွတ်စွဲချက်တွေ ဟာ သူ့ရဲ့ ရာထူးဌာနန္တရအတွက်
သင့်တော်မှုနဲ့ ပတ်သက်ဆက်နွယ်နေ တာကြောင့် တုန့်ပြန်ခဲ့ရတယ်လို့ တရားရေးဌာနကရှေ့နေတွေက
ပြောဆိုပါတယ်။
အငြင်းပွါးမှုတွေဟာ မန်ဟက်တန် ဗဟိုအစိုးရတရားရုံးကတရားသူကြီး
လူးဝစ္စ အေ ကက်ပလန်ရဲ့ရှေ့မှောက်မှာရောက်ရှိဖြစ်ပွါးနေပါတယ်။ဒီနေ့အချိန်အခါတရားစွဲဆိုမှုများလိုမဟုတ်ပဲ ရှေ့နေတွေဟာတရားရုံးအခန်းတွေထဲမှာရှိနေရမယ်
ဖြစ်ပါတယ်။ကက်ပလန်က ရေးသားထားတဲ့ထင်မြင် ယူဆချက်နဲ့နောက်ပိုင်းမှာစီရင်ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ကာရိုး(လ်)ဟာမနှစ်ကတရားစွဲဆိုခဲ့ပါတယ်။ထရန့်ကသူမကို အသရေဖျက်မှုနဲ့တိုက်ခိုက်ခဲ့ပြီး၊ကာရိုး(လ်)
ဟာအခြားယောက်ျားတွေကိုမုဒိန်းမှုနဲ့မှားယွင်းစွတ်စွဲခဲ့တယ်ဆိုတဲ့အခိုင်အမာပြောဆိုမှုတွေပါဝင်ပါတယ်။သူမဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့လျှို့ဝှက်ပူးပေါင်းကြံစည်မှုလုပ်ဖို့နဲ့
စာအုပ်ရောင်းရဖို့အတွက် သူနဲ့ပတ်သက်တာတွေကိုလိမ်ညာပြောဆိုခဲ့တယ်လို့ ထရန့်ကပြောပါတယ်။
သူကသူမကိုတခါမှမတွေ့ဖူးဘူးလို့ပြောခဲ့ပါတယ်။သူတို့နှစ်ယောက်ဓာတ်ပုံအတူတကွရိုက်ထားခဲ့ပြီးတာတောင်မှ ဒီလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။သူမရဲ့ရှေ့နေတွေဟာ ထရန့်က “သူမဟာသူ့အကြိုက်ပုံစံမျိုး မဟုတ်ဘူး”လို့ ပြောခဲ့တာကိုလည်း မှတ်သားထားခဲ့ပါတယ်။
၁၉၉၅ခုနှစ်နဲ့၁၉၉၆ နွေဦးရာသီကြားမှာသူမနဲ့ထရန့်တွေ့ခဲ့ကြတယ်လို့သူမပြောဆိုတဲ့အချိန်မှာသူမဟာသတင်းဌာနနဲ့ပတ်သက်သူတဦးဖြစ်ပြီး ၊အကြံပေး ဖျော်ဖြေပွဲတခုမှာသူမဟာအစီအစဉ်မှူးတဦးအဖြစ်ဆောင်ရွက်နေပါတယ်။သူတို့ဟာအခြားမီဒီယာသတင်းကြော်ငြာတခုမှာတယောက်ကိုတယောက်သတိပြုမှတ်မိသွားကြပြီး ၊သူ့ရဲ့လူငယ်ဆန်တဲ့
ကြည့်ကောင်းတဲ့အသွင်အပြင်ကို သူမ သဘောကျနှစ်သက် သွားရတယ်လို့ တရားစွဲဆိုမှုမှာ
ဖော်ပြထားပါတယ်။
ထရန့်က မိန်းကလေးတယောက်အတွက်လက်ဆောင်
ပစ္စည်းဝယ်ပေးဖို့သူ့ကိုအကူအညီတောင်းတဲ့အခါ သူဟာအံ့အားသင့်သွားပြီးရင်ဖိုစိတ်လှုပ်ရှားသွားခဲ့တယ်လို့ဆိုပါတယ်။
ပစ္စည်းလိုက်ရှာရင်းနဲ့နောက်ဆုံးမှာအမျိုးသမီးအတွင်းခံအဝတ်အစားတွေရောင်းတဲ့နေရာကိုရောက်သွားခဲ့တယ်လို့တရားစွဲဆိုမှုမှာဖော်ပြထားပါတယ်။ခရမ်းဖျော့ရောင်ကိုယ်ကျပ်ဝတ်စုံတခုကိုစမ်းဝတ်ကြည့်ရင်းသူတို့ဟာတယောက်နဲ့ တယောက် စနောက် နေခဲ့ကြပါတယ်။အဲ့နောက်ထရန့်ဟာ အဝတ်လဲခန်းတံခါးကိုပိတ်လိုက်ပြီးသူမကိုနံရံဆီ တွန်းထည့်လိုက်ပါတယ်။သူမရဲ့ခေါင်းကိုနံရံနဲ့နှစ်ကြိမ်ဆောင့်တိုက်ခဲ့ပြီးသူမရဲ့အသားကပ်ဘောင်းဘီကိုဆွဲချွတ်ချပြီး၊အဓမ္မပြုကျင့်ခဲ့တယ် လို့တရားစွဲဆိုချက်မှာဖော်ပြထားပါတယ်။
ကာရိုး(လ်)ဟာမူလအစက မန်ဟက်တန်ပြည်နယ်တရားရုံးမှာအမှုဖွင့်ထားခဲ့ပြီး၊၂၀၁၆ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေလုပ်ဆောင်နေစဉ်ကာလမှာ
သူအမေကြောင့် တိတ်တိတ်ဆိတ်ဆိတ်လေး
နေခဲ့ရတယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့သူမရဲ့အမေဟာအင်ဒီယာနာပြည်နယ်က လေးစားရတဲ့ရီပတ်ဘလီကန်အရာရှိတယောက်ဖြစ်ပြီး၊အဲ့ဒီအချိန်မှာသူမရဲ့အမေဟာ သေလုနီးပါးအခြေအနေမျိုးဖြစ်နေတဲ့အတွက်သူမရဲ့
အမေကို နောက်ထပ်ဝေဒနာထပ်မံမခံစားရစေချင် တာကြောင့်လို့ဆိုပါတယ်။

၂၀၁၇ ခုနှစ် MeToo လှုပ်ရှားမှုပေါ်ပေါက်လာချိန်မှာတော့သူမဟာသူမရဲ့အဖြစ်အပျက်ကိုအများပြည်သူ
သိအောင်ဖွင့်ချဖို့ ဖြစ်လာခဲ့ပါတယ်။သူမဟာသူမရဲ့ အကြံပေးချက်ကဏ္ဍမှာ အမျိုးသမီးတွေကို ရဲရင့်ကြဖို့၊ လိင်ပိုင်းဆိုင်ရာအစော်ကားခံရတဲ့အခါမကြောက်မရွံ့
ဖော်ထုတ်ပြောဆိုပြီးတရားမျှတမှုကိုရှာဖွေဖို့
အကြံပေးတိုက်တွန်းနေသူတဦး ဖြစ်တာကြောင့်ပဲလို့ဆိုပါတယ်။

Ref:FRANCE-24


Spread the love
  •  
  •  
  •  
  •  
  •  
  •