“သမ္မတထရန့် ကာကွယ်ဆေးအထိုးခံဖို့အတွက် ရက်မသတ်မှတ်ရသေး”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“သမ္မတထရန့် ကာကွယ်ဆေးအထိုးခံဖို့အတွက် ရက်မသတ်မှတ်ရသေး”

 

ရွေးကောက်ပွဲအရှုံးရလဒ်ကို စိတ်ဆိုးဒေါသထွက်နေပြီး အာဏာဆက်လက် ဆုပ်ကိုင်ထားနိုင်ဖို့ကိုးရိုးကားရားစီမံချက်တွေနဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေထဲမှာ မျောပါနေဆဲဖြစ်တဲ့ ထရန့်ကတော့ လွန်ခဲ့တဲ့အပတ်မှာ လူမြင်ကွင်းကပျောက် နေပြီး ကာကွယ်ဆေးထိုးဖို့မဆောင်ရွက်နိုင် သေးပါဘူး။ သမ္မတရဲ့တိတ်ဆိတ်နေမှု ဟာ သူ့အတွက်အခွင့်အလမ်းတရပ်ဆုံးရှုံးသွားရ တာအဖြစ်သူ့ရဲ့လက်ထောက်တချို့ကရှုမြင် ပြီးစိတ်ရှုပ်ထွေးနေကြပါတယ်။ကာကွယ်ဆေးထိုးနှံမှုတွေကို ကြီးကြပ်ကူညီ ဆောင်ရွက်ပေးပြီး ချီးမွမ်းဂုဏ်ပြုခံရမှု နဲ့ ကောင်းမွန်တဲ့အမွေအနှစ်ချန်ထားခဲ့နိုင်မဲ့ အခွင့်အရေးကို ဇန္နဝါရီလ၂၀ရက်နေ့မှာ ရုံးခန်းကိုစွန့်ခွါရတော့မဲ့ သမ္မတတယောက် အနေနဲ့ လက်လွှတ်ဆုံးရှုံးခဲ့ရတယ် လို့ရှုမြင်ကြပါတယ်။ ထရမ့်ဟာအရင်က ကာကွယ်ဆေးနဲ့ပတ် သက်တဲ့သတင်းမှားဖြန့်ဝေခဲ့သူဖြစ်ပြီး သူဘယ်အချိန်မှာကာကွယ်ဆေးအထိုးခံဖို့ရည်ရွယ်တယ်ဆိုတာ မပြောသေးပါဘူး။

ဒီလ အစောပိုင်းက သူဟာကာကွယ်ဆေးထိုးဖို့အတွက် အချိန်ဇယားမသတ်မှတ်ထားဘူး၊ဒါပေမဲ့ သင့်တော်တဲ့အချိန်မှာတော့ ကာကွယ်ဆေးထိုးဖို့ မျှော်လင့်ထားပါတယ် လို့ တွစ်တာမှာရေးသားခဲ့ပါတယ်။ သူဟာ သူ့ရဲ့ဆရာဝန်တွေနဲ့ အချိန်သတ်မှတ်ဖို့ဆွေးနွေးနေတုန်းပဲလို့အိမ်ဖြူတော်ကပြောဆိုခဲ့ပါတယ်။ ထရမ့်ဟာ ကိုဗစ်-၁၉ ရောဂါနဲ့ အောက်တိုဘာလတုန်းကဆေးရုံတက်ခဲ့ရပြီး ခုခံမှုတွေအလျှင်အမြန်တိုးပွါးလာအောင် ဆောင်ရွက်တဲ့ကုထုံးနဲ့ကုသမှုခံယူခဲ့ပြီး ဒီကုထုံး ကြောင့်သူအလျှင်အမြန်ပြန်ပြီးနေကောင်းလာကြောင်း ချီမွမ်းပြောဆိုခဲ့ပါတယ်။ ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်တားဆီးရေးစင်တာများ အကြံပေးအဖွဲ့တဖွဲ့က ဒီကုသမှုကိုခံယူထားသူ တယောက်ဟာ ဖြစ်ပေါ်လာနိုင်တဲ့ အတားအဆီး အနှောက်အယှက်တွေကို ရှောင်ကျဉ်နိုင်ဖို့အတွက် အနည်းဆုံးရက်၉၀ လောက်စောင့်နေပြီးမှ ကာကွယ်ဆေး အထိုးခံသင့် တယ်လို့ပြောထားပါတယ်။ “အချိန်တန်ရင် ကာကွယ်ဆေးအထိုးခံဖို့ သူဆန္ဒရှိလာမှာပါ။”လို့ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘရိုင်ယန် မော်ဂျင်စတန်း က သောကြာနေ့က ပြောဆိုပါတယ်။ “ဒါဟာကျွန်တော်တို့ပြောဆိုဖြေရှင်းလို့ရတဲ့ ကိစ္စလေးတခုပါ။”လို့သူကပြောပါတယ်။ အိမ်ဖြူတော်သတင်းဌာန အတွင်းရေးမှူး ကေးလိဂ် မက် အီနာနီ က တော့ကာကွယ်ဆေးထိုးဖို့နှောင့်နှေးနေတာနဲ့ ပတ်သက်ပြီး ကွဲပြားခြားနားစွာရှင်းပြပါတယ်။

“ကျွန်မတို့ရဲ့ဦးစားပေးမှုတွေဟာ အားနည်းချက်အရှိဆုံးပဲဆိုတာကို အမေရိကန် ပြည်သူတွေကိုပြသဖို့” ထရမ့်ဟာ တုန့်ဆိုင်းနေ တာပါလို့ သူမက သတင်းထောက်တွေကို လွန်ခဲ့တဲ့အပတ် မှာပြောဆိုခဲ့ပါတယ်။ “သူက သတင်းစကားတခုပေးချင်တာပါ။ အာ့တာက ကျွန်မတို့ရဲ့ရေရှည်စောင့်ရှောက်မှုအခွင့် အလမ်း နဲ့နေထိုင်သူတွေ နဲ့ ရှေ့တန်းကလုပ်သားတွေဟာ အရေးပါတဲ့ နေရာမှာ အဓိကပဓာနကျတယ်ဆိုတာ နဲ့ ဒီကိစ္စ နဲ့ပတ်သက်ပြီး သူကစံနမူနာဖြစ်ချင်တာပါ။” လို့ ပြောဆိုခဲ့ပါတယ်။ ရောဂါခုခံနိုင်စွမ်းအားအလေ့အကျင့်နဲ့ ပတ်သတ်တဲ့ CDCရဲ့ အကြံပေးကော်မတီက ပဌမဆုံးခွင့်ပြုချက်ရခဲ့တဲ့ Pfizer နဲ့ BioNTech ကာကွယ်ဆေးဟာ ဘေးကင်းလုံခြုံပြီး စွမ်းအင်ပြည့်ဝတဲ့ဆေးဖြစ်ပြီး ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ထားပြီးတဲ့လူတွေအတွက် လည်း ထိရောက်မှုရှိန်ိုင်တယ်လို့ပြောပါတယ်။ ရှေးဦးရောဂါလက္ခဏါပြသသည်ဖြစ်စေ(ဒါမှမဟုတ်)SARS-CoV-2ကူးစက်မှုလက္ခဏါမပြပဲ နေသည်ဖြစ်စေ ကာကွယ်ဆေးကိုထိုးပေးသင့် တယ်လို့ ပြောပါတယ်။ ရောဂါကူးစက်မှု နဲ့ ကာကွယ်ဆေးထိုးနှံမှုအကြား အနည်းဆုံးစောင့်ဆိုင်းရမဲ့ကောင်းမွန်သင့်တော်တဲ့အချိန်ကို ထောက်ခံချက်ပေး ထားတာမရှိပါဘူး။လူတယောက်ဟာ ရောဂါကူးစက်ပြီးနောက်၃လအတွင်းမှာ ရောဂါပြန်လည်ကူးစက်နိုင်ဖို့တော့ရှားပါတယ်။ ရောဂါကူးစက်နေပြီလို့စမ်းသပ်တွေ့ရှိထားသူ တယောက်ဟာ ရှေ့လာမဲ့ရက်၉၀အကြာကာလ ကုန်ဆုံးခါနီး အချိန်အထိ ကာကွယ်ဆေးထိုးနှံဖို့ကို ဆန္ဒရှိရင် အချိန်ဆွဲထားနိုင်ပါတယ် လို့ကော်မတီကပြောပါတယ်။

ကျွမ်းကျင်သူတွေပါဝင်တဲ့အဖွဲ့ကလည်း ထရမ့်လိုမျိုးကုသမှုခံယူထားတဲ့သူတယောက်ဟာ ကာကွယ်ဆေးထိုးနှံမှုကို အနည်းဆုံးရက် ၉၀လောက်အထိရွှေ့ဆိုင်းထားလို့ရတယ်လို့ဆိုပါတယ်။(ဆိုလိုတာက ရောဂါဖြစ်ပြီး ပြန်ကောင်းလာသူတယောက်ဟာ၃လအတွင်းမှာရောဂါပြန်လည်မဖြစ်ပွါးနိုင်တာပါ) ကိုယ်ခံစွမ်းအားအလျှင်အမြန်တိုးပွါး လာစေတဲ့ကုထုံး(ဒါမှမဟုတ်)ရောဂါပျောက် ကင်းသွားတဲ့လူတွေရဲ့သွေးရည်ကြည်နဲ့ ရောဂါကို ခုခံနိုင်အောင်ကုသတဲ့ကုထုံးနဲ့ ကုသထားသူတွေအတွက် Pfizerနဲ့Bio-NTech ကာကွယ်ဆေးဟာဘေးကင်းစိတ်ချရပြီး ထိရောက်မှုရှိတယ်ဆိုတဲ့အချက်အလက်တွေ လတ်တလောမှာမရှိသေးပါဘူး။ဒါကြောင့် ကိုယ်ခံစွမ်းအားတိုးမြင့်နိုင် အောင်ကုသထားမှုမှာ ရောဂါကာကွယ်နိုင်စွမ်း တွေကို ကာကွယ်ဆေးက လျှော့ချပစ်လိုက်မှာ ကို ရှောင်ကျဥ်ဖို့အတွက် နောက်ထပ် သတင်း အချက်အလက်တွေရရှိလာတဲ့အထိ ကာကွယ် ဆေးထိုးနှံမှုကိုအနည်းဆုံးရက်၉၀ကြာတဲ့အထိ စောင့်ဆိုင်းနေဖို့ ကျွမ်းကျင်သူတွေကအကြံပေးထားပါတယ်။

ပြည်သူ့ကျန်းမာရေးဆေးမှူးချုပ် ဂျာရုမ်း အာဒမ်(စ်)က တနင်္ဂနွေနေ့မှာCBSကထုတ်လွှင့်ခဲ့တဲ့ “FACE THE NATION”အစီအစဥ်မှာ သမ္မတထရမ့်ဟာ ကင်မရာနဲ့အရိုက်ခံပြီး ဆေးထိုးခံဖို့စီစဉ်ထား ပါသလားလို့မေးမြန်းခံရစဉ်မှာ အကြံပေးပြော ဆိုခဲ့တာဖြစ်ပါတယ်။”သမ္မတဟာ လွန်ခဲ့တဲ့ရက်၉၀ အတွင်းမှာကိုဗစ်ရောဂါကို ခံစားခဲ့ရပြီးဖြစ်တယ်လို့သိပ္ပံနည်းကျအမြင်နဲ့ ကြည့်ပြီး ကျွန်တော်ပြည်သူတွေကို သတိပေး ချင်ပါတယ်။သူဟာ ခန္ဓာကိုယ်ခုခံနိုင်စွမ်းအားတွေတိုးပွါးလာစေတဲ့ကုထုံးနဲ့ကုသမှုခံယူခဲ့ရပါတယ်။ ဒါ့ကြောင့်အဲ့လိုအခြေအနေမျိုးရှိနေရင်ပြည်သူတွေကိုကျွန်တော်တို့ပြောမှာက ကာကွယ်ဆေးထိုးဖို့ ခဏဆိုင်းထားပါ။ဆေးထိုးဖို့အသင့်တော်ဆုံးအချိန်ကိုသိဖို့ အတွက် ခင်ဗျားကိုကျန်းမာရေးစောင့်ရှောက် ပေးနေတဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပါလို့ပဲဖြစ်ပါတယ်။”လို့ အာဒမ်(စ်) ကပြောပါတယ်။ ဒါပေမဲ့နိုင်ငံရဲ့ထိပ်တန်း ကူးစက်ရောဂါပါရဂူ ဒေါက်တာအန်ထော်နီ ဖော်စီ အပါအဝင်အခြားသူများကတော့ သမ္မတထရန့် ဟာကာကွယ်ဆေးထိုးသင့် တယ်လို့ပြောဆိုကြပါတယ်။

သမ္မတဟာကိုယ်တိုင် ရောဂါကူးစက်ခဲ့ပြီးမို့လို့ ရောဂါကိုကာကွယ် နိုင်စွမ်းရှိန်ိုင်တဲ့ ခန္ဓာကိုယ်ကခုခံအားစံနစ်တွေ ရှိကောင်းရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ကြာတဲ့အထိကာကွယ်နိုင်စွမ်းရှိနေမလဲဆိုတာ ကျွန်တော်တို့မသိနိုင်ဘူးလေ။ ဒါ့ကြောင့် သေချာအောင် သူကာကွယ်ဆေး ထိုးရမယ်လို့ ကျွန်တော် အကြံပေးမှာပဲ။”လို့ ဖော်စီက ABCသတင်းဌာနကိုပြောပါတယ်။

Ref:(AP)


Spread the love
  •  
  •  
  •  
  •  
  •  
  •