“သမ္မတထရမ့်ကိုစွတ်စွဲပြစ်တင်ဖို့ ကိုယ်စားလှယ်အများစုကမဲပေးခဲ့”  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“သမ္မတထရမ့်ကိုစွတ်စွဲပြစ်တင်ဖို့ ကိုယ်စားလှယ်အများစုကမဲပေးခဲ့”

January 14,2021

ဇန္နဝါရီလ၆ရက်နေ့က အမေရိကန်ပြည်ထောင်စု လွှတ်တော်အဆောက်အဦကို ဝင်ရောက်စီးနင်း
တိုက်ခိုက်မှုမှာ ထရမ့်ပါဝင်ပတ်သက်နေတဲ့
အခန်းကဏ္ဍနဲ့ပတ်သက်ပြီး စွတ်စွဲပြစ်တင်ဖြုတ်ချဖို့အတွက် အမေရိကန်ပြည်ထောင်စုလွှတ်တော်မှာ လူများစုကမဲပေးဆုံးဖြတ်ခဲ့ပါတယ်။

စီးနင်းတိုက်ခိုက်မှုမှာ စီးနင်းသူတွေထဲကလူ၄ဦးသေဆုံးခဲ့ပြီး လွှတ်တော်အဆောက်အဦကိုစောင့်ကြပ်
ကာကွယ်နေတဲ့ရဲအရာရှိတယောက်လည်း
ဒါဏ်ရာအပြင်းအထန်ရရှိပြီးသေဆုံးခဲ့ပါတယ်။

သမ္မတထရမ့်ရဲ့သက်တမ်းဟာ၂၀၂၁ခုနှစ်
ဇန္နဝါရီလ၁၉ရက်နေ့ အထိသာရှိတာကြောင့်
သက်တမ်းမကုန်ခင်၅ရက်သာလိုတော့တဲ့ အချိန်မှာသမ္မတ အဖြစ်က ဖယ်ရှားပစ်ဖို့
ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ဖြစ်ရပ်ဟာ ရှေ့ကို
ဘာတွေဆက်ဖြစ်လာမလဲဆိုတာအတော်စိတ်ဝင်စားစရာကောင်းနေပါတယ်။

Ref:(FRANCE-24)


Spread the love
  •  
  •  
  •  
  •  
  •  
  •