သမ္မတထရမ့်ဟာ Walter Rees National Military Medical Center မှာအနားယူရင်း အလုပ်လုပ်ပါလိမ့်မယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇺🇸 ထရန့်အခြေအနေ 🤷‍♂️
~~~~~~~~~~~~~~~~
🦠 အိမ်ဖြူတော်ကထွက်လာပြီးတော့ Marine One ဟယ်လီကော်ပတာနဲ့ စစ်ဆေးရုံကိုသွားတာတွေ့လိုက်ရတယ်။

😷 mask တပ်ထားပြီး ဘာစကားမှမပြောပါ။ မပြောသင့်ပါ။ ပိုးပြန့်မှာစိုးရပါတယ်။

သူ့ကိုလိုက်ပို့တဲ့ဝန်ထမ်းတွေလေယာဉ်မှူးတွေက PPE မဝတ်ထားပေမယ့် မျက်နှာအကာကွယ် 😷 တွေဝတ်ထားပါတယ်။

ရောဂါလက္ခဏာစပြနေပြီး အခြေအနေကရောဂါအပျော့စားပဲဖြစ်နေပါသေးတယ်။

ဒီရက်ထဲမှာ Walter Rees National Military Medical Center မှာရှိတဲ့ သမ္မတအတွက် presidential suite မှာအနားယူရင်း အလုပ်လုပ်ပါလိမ့်မယ်။

💊 #ဘာကုသမှုတွေပေးထားသလဲ⁉️

💉 Experimental polyclonal antibody cocktail ထိုးပေးထားတယ်။

Regeneron ရဲ့ သွေးကြောထဲသွင်းရတဲ့ REGN-COV2 ကုထုံးပေးထားတာဖြစ်တယ်။ အဲ့ဒီဆေးက စမ်းသပ်ဆေးအနေနဲ့ပဲရှိသေးတယ်။

တဖက်ကလည်း #အခုလိုဗိုင်းရပ်စ် positive ဖြစ်နေချိန်မှာ #ကိုယ်ခံအားကောင်းနေဖို့ zinc, vitamin C နဲ့ vitamin D တွေပေးထားတယ်။ melatonin, အက်စပရင်နဲ့ အခြားဆေးအနည်းငယ်လည်းပေးထားတယ်။

ထရမ့်က ပင်ပန်းနွမ်းနယ်နေပေမယ့် အခြေအနေကောင်းနေတယ်လို့ဆိုတယ်။

ထရမ့်ကတော်ကတော့ ချောင်းအနည်းငယ်ဆိုးနေပြီးခေါင်းကိုက်နေတယ်။

ထရမ့်က ကိုလက်စရောများနေပြီး အဝနည်းနည်းလွန်နေတယ်။ ကိုယ်အလေးချိန် 110.7 kg ရှိတယ်။ အသက်ကလည်း ၇၄ နှစ်ရှိနေပြီ။

အနည်းဆုံး ၂ ပတ် Q ဝင်ပြီးအနားယူရမယ်။

အခုအချိန်မှာအိမ်ဖြူတော်အသိုင်းအဝိုင်းမှာဘယ်လောက်ကူးစက်ထားပြီလဲမသိဘူး။

ထရမ့်ရဲ့ကတော်လည်း positive. လုံခြုံရေးဝန်ထမ်းတွေ၊ အနီးကပ်အကြံပေးအချို့လည်း positive ဖြစ်နေတယ်။

#ထရမ့်တစ်ခုခုဖြစ်သွားရင်ဘယ်သူတက်မလဲ⁉️

အမေရိကန် Constitution’s 25th Amendment, Section 3 အရ …

​ကုန်ကုန်ပြောရရင် ထရမ့်ကိုဘုရားသခင်ခေါ်သွားရင် (သို့မဟုတ်) ထရမ့်ကအလုပ်ဆက်မလုပ်နိုင်တော့ဘူးလို့ #စာနဲ့ရေးပြောရင် လက်ရှိဒုသမ္မတ Pence က သမ္မတတာဝန်ဆက်ထမ်းဆောင်ရမယ်။

အကယ်လို့ထရမ့်ကြီး သေရာကထလာရင်ဖြစ်ဖြစ်၊ သူတာဝန်ပြန်ထမ်းဆောင်နိုင်ပါပြီလို့ စာရေးပြောရင်ဖြစ်ဖြစ် သူ့ကိုသမ္မတပါဝါပြန်လွှဲရမယ်။

အကယ်၍ ဒုသမ္မတ Pence ကိုလည်း ဘုရားသခင်ခေါ်သွားခဲ့ရင် 1947 ခုနှစ် သမ္မတနေရာဆက်ခံ​ရေးအက်ဥပဒေအရ
လွှတ်တော်ပြောရေးဆိုခွင့်ရှိသူက သမ္မတတာဝန်ကိုဆက်ခံရမယ်။

ဒါဆိုရင် ထရမ့်နဲ့လုံးဝမတည့်တဲ့ နန်စီပလိုစီလက်ထဲအာဏာရောက်သွားမယ်။ ဒါဆိုရင်ရွေးကောက်ပွဲကျင်းပစရာမလိုပဲ ဒီမိုကရက်တွေလက်ထဲအာဏာရောက်သွားမယ်။ သို့သော်ရွေးကောက်ပွဲနဲ့နောက်ထပ်သမ္မတမတက်ခင်အထိဖြစ်မယ်။

သို့သော် နန်စီပလိုစီလက်ထဲတော့ ရီပါပလစ်ကင်တွေက လွယ်လွယ်နဲ့အာဏာပေးမယ့်ပုံမရဘူး။ အခု Pence က negative.

အဲ့ဒီမှာထရမ့်သာတစ်ခုခုဆို ရွေးကောက်ပွဲဘာဖြစ်သွားမလဲ စိတ်ဝင်စားစရာရှိတယ်။

လောလောဆယ်ကတော့ ထရမ့် positive ဆိုတာနဲ့ အမေရိကန်နဲ့အာရှစတော့ဈေးတွေနည်းနည်းကျသွားတယ်။

Hydroxychloroquine ကောင်ပါတယ်ပြောထားတဲ့သူကြီး သူ့အလှည့်ကျ သုံးမလားကြည့်ရမယ်။

ပြီးတော့ common disinfect ကိုလူထဲထိုးပြီးစမ်းကြည့်သင့်တာ်ပြောထားသူကြီး သူ့အလှည့်မှာ စမ်းမလား မေးကြည့်ရမယ်။

🇰🇵 မြောက်ကိုရီးယားက 🐷 သူ့ဘော်ဒါလေးက ထရမ့်နေကောင်းပါစေကြောင်းဆုတောင်းပေးထားတယ်။ ရုရှားက ပူတင်ကလည်းဆုတောင်းပေးထားတယ်။

ပေါက်ဖော်ကြီးကလည်း ဆုတောင်းနေလိမ့်မယ်။

Richard Myo Thant
3-October-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •