“သမ္မတဒေါ်နယ်ထရမ့်ရဲ့ရှေ့နေ ဂီအူလီယာနီ ကိုဗစ်-၁၉ ကူးစက်နေ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“သမ္မတဒေါ်နယ်ထရမ့်ရဲ့ရှေ့နေ ဂီအူလီယာနီ
ကိုဗစ်-၁၉ ကူးစက်နေ”

December 7, 2020

သမ္မတဒေါ်နယ်ထရမ့်ရဲ့ရှေ့နေကို
စမ်းသပ်စစ်ဆေးကြည့်ရာ ကိုဗစ်-၁၉ ရောဂါ
ကူးစက်နေတာတွေ့ရတယ်လို့ ထရမ့်က
တနင်္ဂနေ့မှာပြောကြားခဲ့ပါတယ်။
ဒီနယူးယော့ခ်မြို့တော်ဝန်ဟောင်းဟာ
နိုင်ငံအနှံ့လှည့်လည်ပြီး ရီပတ်ဘလီကန်ရှေ့နေ
တွေကို သမ္မတရော်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ
အရှုံးရလဒ်ပြောင်းလဲသွားအောင် ကူညီကြဖို့
လိုက်လံဖျောင်းဖျပြောဆိုရင်း ကိုဗစ်-၁၉
ဗိုင်းရပ်(စ်)ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။
ထရမ့်ကိုယ်တိုင်အပါအဝင် ကပ်ရောဂါကူးစက်ခံရသူ အိမ်ဖြူတော်နဲ့ နီးစပ်သူလူတသီတတန်းကြီးထဲမှာ အသက်၇၆နှစ်အရွယ် ဂီအူလီယာနီဟာ နောက်ဆုံးကူးစက်ခံရသူဖြစ်ပါတယ်။ဒီကပ်ရောဂါကြောင့်အမေရိကန်နိုင်ငံသား
၂၈၀၀၀၀ကျော်သေဆုံးသွားခဲ့ရပြီးဖြစ်ပါတယ်။ရူဒီ ဂီအူလီယာနီဟာ နယူးယော့ခ်မြို့တော် ရဲ့သမိုင်းမှာကာလရှည်ကြာ အကျော်ကြားဆုံး မြို့တော်ဝန်တယောက်ဖြစ်ခဲ့ပြီး အမေရိကန်ရဲ့သမိုင်းတလျှောက်လုံးမှာမသာမှုအများဆုံးရွေးကောက်ပွဲဖြစ်တယ်ဆိုတာသက်သေပြနိုင်ဖို့ မမောနိုင်မပန်းနိုင် ကြိုးပမ်း
ဆောင်ရွက်နေရင်း တရုတ် ဗိုင်းရပ်(စ်)ရောဂါ ကူးစက်ခံခဲ့ရတာဖြစ်တယ်။လို့ ထရန့်ကပြောပါတယ်။ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ကို တရုတ်ဗိုင်းရပ်(စ်)လို့ထရမ့်က
ခေါ်ဝေါ်သုံးစွဲတဲ့အတွက်လူမှုရေး၊နိုင်ငံရေးတုန့်ပြန်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။
ထင်မြင်ချက်ပေးဖို့တောင်းဆိုရာမှာ
ဂီအူလီယာနီက အလျှင်စလိုတုန့်ပြန်မှု
မပေးခဲ့ပါဘူး။
ဂီအူလီယာနီဟာ ဝါရှင်တန်ဒီစီက ဂျော့တောင်းတက္ကသိုလ်ဆေးရုံမှာတက်နေ
တယ်လို့ ရိုက်တာကို သတင်းရင်းမြစ်နှစ်ခုက
တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။သတင်းရင်းမြစ်တခုကတော့ သူဟာဒီကိစ္စကိုယခုထိဝန်မခံသေးဘူးလို့ပြော
ပါတယ်။အတည်ပြုပေးဖို့တောင်းဆိုချက်တွေကိုလဲ
ဆေးရုံကတုန့်ပြန်မှု ချက်ချင်း မပေးခဲ့ပါဘူး။
နိုဝင်ဘာလ၃ရက်နေ့ရွေးကောက်ပွဲမှာ
ဒီမိုကရက်တစ်အရွေးချယ်ခံသမ္မတ ဂျိုးဘိုင်ဒင်ကိုရှူံးနိမ့်ခဲ့ရလို့ ယောက်ယက်ခတ်
ပြီးတရားစွဲဆို မှုတွေနဲ့ ရွေးကောက်ပွဲရလဒ်ကို
ပြောင်းစေဖို့ ထရမ့်ရဲ့သွေးရူးသွေးတမ်း ကြိုးပမ်းမှုတွေမှာ ဂီအူလီယာနီဟာ ဦးဆောင်ဦးရွက်ပြုနေသူတဦးဖြစ်ပါတယ်။
ထရမ့် နဲ့ ဂီအူလီယာနီ နှစ်ယောက်လုံးက ရွေးကောက်ပွဲရလဒ်တွေဟာ မသမာတွေကျယ်ကျယ်ပြန့်ပြန့်လုပ်ထားလို့မှားယွင်းနေတယ်ဆိုပြီး သက်သေအထောက်အထားမပြနိုင်ပဲ ထပ်တလဲလဲ ပြောဆိုနေကြပါတယ်။
ပြည်နယ်နဲ့ဗဟိုအစိုးရရှေ့နေတွေက
ရွေးကောက်ပွဲမှာမသမာမှုတွေ ရှိတယ် ဆိုတဲ့ သက်သေတစိုးတစိမှမရှိဘူးလို့ထပ်တလဲလဲပြောထားပြီးပါပြီ။
ဂီအူလီယာနီဟာ ကြာသပတေးနေ့က ဂျော်ဂျီယာကို ရောက်ရှိခဲ့ပါတယ်။သူကအဲ့ဒီပြည်နယ်မှာဂျိုးဘိုင်ဒင်ရဲ့အောင်မြင်မှုကို ပြောင်းလဲပစ်ဖို့ ပြည်နယ်ဥပဒေပြုသူတွေ ကို ကြားဝင်ဆောင်ရွက်ပေးရန်
တိုက်တွန်းပြောဆို ခဲ့ပါတယ်။အဲဒီမတိုင်ခင်
အရီဇိုးနားပြည်နယ်မှာ တနင်္လာနေ့က၊မီချီဂန်ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က အလားတူ
လုပ်ရပ်မျိုးတွေဆောင်ရွက်ခဲ့ပါသေးတယ်။
ထရမ့် နဲ့ သူ့ရဲ့နီးကပ်တဲ့လုပ်ဖော်ကိုင်ဖက်
အများအပြားဟာ အများပြည်သူလိုက်နာရန် ကျန်းမာရေးနဲ့ပတ်သက်တဲ့ တရားဝင်အသိပေးချက်တွေ ဖြစ်တဲ့ နှာခေါင်းစည်းမျက်နှာဖုံးတပ်ဆင်ဖို့၊
ရောဂါမကူးစက်စေရန် လူစုလူဝေးလုပ်တာကို
ရှောင်ကြဉ်ဖို့ စတဲ့အချက်တွေကိုလိုက်နာရန်
နှောင့်နှေးပျက်ကွက်ခဲ့ပါတယ်။ဒီအသက်ရှုရခက်ခဲစေတဲ့အဖျားရောဂါဟာ
ဆောင်းတွင်းဝင်ရောက်လာချိန်မှာ အမေရိကန်ပြည်ထောင်စုအတွင်းမှာ စံချိန်တင်
မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။
ဂီအူလီယာနီဟာ ၂၀၀၁ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့တိုက်ခိုက်မှု အပြီးမှာ အမေရိက ရဲ့မြို့တော်ဝန်အဖြစ်
နိုင်ငံတကာကသူ့အပေါ်ရှုမြင်ခဲ့ကြပါတယ်။
ထရမ့်အစိုးရအုပ်ချုပ်နေတဲ့ကာလတွေအတောအတွင်းမှာ တိုးပွါးလာနေတဲ့ ဥပဒေဆိုင်ရာပြဿနာဒုက္ခတွေကို သူရင်ဆိုင်နေရပြီဖြစ်ပါတယ်။
မန်ဟက်တန်က ဗဟိုအစိုးရ တရားရုံး
ရှေ့နေတွေက ယူကရိန်းမှာသူလုပ်ဆောင်နေတဲ့ စီးပွါးရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး စုံစမ်း
စစ်ဆေးနေပြီဖြစ်ပါတယ်။သူရဲ့လုပ်ဖော်ကိုင်ဖက်နှစ်ဦးဖြစ်တဲ့ လက်ဗ်
ပါးနာ့(စ်) နဲ့ အစ်ဂေါ ဖရူမန်တို့ဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးငွေကြေးသုံးစွဲမှုမှာဥပဒေဖေါက်ဖျက်လို့တရားစွဲဆိုခံထားရပါတယ်။
ဂီအူလီယာနီကိုတော့ရာဇဝတ်ပြစ်မှုဆိုင်
ရာနဲ့တရားစွဲဆိုထားခြင်းမခံရသေးပဲ သူကလဲအမှားအယွင်းဘာမှလုပ်မထားဘူးလို့ ငြင်းဆိုထားပါတယ်။ပါးနာ့(စ်) နဲ့ ဖရူမန်
တို့က သူတို့မှာ အပြစ်မရှိကြောင်း အယူခံဝင်ထားကြပါတယ်။

Ref:(REUTERS)


Spread the love
  •  
  •  
  •  
  •  
  •  
  •