သမ္မတအိမ်တော် ရုံးဝန်ထမ်းတစ်ဦးမှာ ကိုဗစ်ပိုးတွေ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သမ္မတအိမ်တော် ရုံးဝန်ထမ်းတစ်ဦးမှာ ကိုဗစ်ပိုးတွေ့

နေပြည်တော်က အစိုးရအဆင့်မြင့်ရုံးတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရ အရာရှိတစ်ဦးမှာ စက်တင်ဘာ ၉ ရက် ဒီကနေ့မနက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့သိရပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၉ ရက်နေ့မနက်ကထုတ်ပြန်ချက်မှာတော့ နေပြည်တော် ဇမ္မူသီရိမြိုန့ယ်အတွင်းနေထိုင်သူ (၁) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ တယ်လို့ဖော်ပြထားပါတယ်။

 

အတည်မပြုရသေးတဲ့ သတင်းအရတော့အဲဒီ ပိုးတွေ့သူဟာ သမ္မတအိမ်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ လက်​ထောက်ညွှန်ကြားရေးမှူး
ဦးညီညီထွန်း ဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတရုံးနဲ့ နီးစပ်သူ တစ်ဦးကတော့ ဦးညီညီထွန်း နဲ့ထိစပ်
မိတဲ့ မီဒီယာတွေ အနေနဲ့ အမြန်ဆုံးသတင်းပို့ဖို့ လူမှုကွန်ရက်မှာ နှိုးဆော်ထားပါတယ်။

ဦးဇော်ဌေးအပါအင် သမ္မတရုံးက ဝန်ထမ်း ၄၈ ဦးလည်း
Hotel Quarantine ဝင်နေရတယ်လို့ သတင်းတွေ ထွက်ပေါ်နေ ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •