သမ္မတဦးဝင်းမြင့် တာမွေမြို့နယ်တွင် အနိုင်ရရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဦးဝင်းမြင့် တာမွေမြို့နယ်တွင် အနိုင်ရရှိ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁)၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နိုဝင်ဘာ ၈ ရက် ညပိုင်း မဲရေတွက်ပြီးစီးမှုအရ အနိုင်ရရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဦးဝင်းမြင့်သည် ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ဓနုဖြူမြို့နယ်မှ ဝင်ရောက်အရွေးချယ်ခံခဲ့ရာ ပြည်သူလူထု၏ ထောက်ခံမှုဖြင့် အနိုင်ရရှိခဲ့ပြီး စစ်အစိုးရ၏ မတရားဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသည်။

ပြန်လည်လွတ်မြောက်လာပြီး ၂ဝ၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ပုသိမ်မြို့နယ်မှ ဝင်ရောက်အရွေးချယ်ခံခဲ့ရာ ပြည်သူလူထု၏ ထောက်ခံမှုဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ယင်းနောက် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် တာမွေမြို့နယ်မှ ဝင်ရောက်အရွေး ချယ်ခံခဲ့ရာ ပြည်သူလူထု၏ ထောက်ခံမှုဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁)အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •