သမ္မတ ဦးဝင်းမြင့်၏ မဲဆန္ဒနယ်ဖြစ်တဲ့ တာမွေမြို့နယ်
မှာ NLD အလံများလွှင့်တင်ထားကြ
သမ္မတ ဦးဝင်းမြင့်၏ မဲဆန္ဒနယ်မြေဖြစ်တဲ့ ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် အတွင်းက ရပ်ကွက်တွေမှာ
NLD အလံတွေလွှင့်ထူထားတာတွေ့ရပြီး လူထုကလည်း
NLD အထိမ်းအမှတ် အင်္ကျီ တွေနဲ့အခြား အသုံးအဆောင်တွေဝတ်ဆင်အသုံးပြုပြီး ထောက်ခံမှုပြသတာ တွေ့ရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD ) အောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူခြင်း အခမ်း အနားကို လည်း ဒီကနေ့ စက်တင်ဘာ ၈ရက် မနက်ပိုင်းက မြို့နယ်ပါတီရုံးရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။
အရင်က အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးဝင်းမြင့်ကိုယ် တိုင် တက်ရောက်ကာ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူရန် စီစဥ်ထားခဲ့ ပေမယ့်လည်းရန်ကုန်မြို့မှာ ကိုဗစ်ကူးစက်မှုပြန့်ပွားလာမှု ကြောင့် ပါတီ CEC အဖွဲ့ဝင် ၊ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ကာ အောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူပေး ခဲ့ပါတယ်။