သရုပ်ဆောင်မင်းရာဇာအမှုမှ တရားလိုဖြစ်သူကို အရှေ့ပိုင်းခရိုင်တရားရုံးမှာအပြီးသတ် စစ်ဆေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပုဒ်မ ၃၇၆ နဲ့ စွဲဆိုထားတဲ့ သရုပ်ဆောင်မင်းရာဇာအမှုမှ တရားလိုဖြစ်သူကို အရှေ့ပိုင်းခရိုင်တရားရုံးမှာအပြီးသတ် စစ်ဆေးခဲ့ပါတယ်။

ဩဂုတ်လ ၂၈ ရက်နေ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ သရုပ်ဆောင်မင်းရာဇာအမှုကို ရုံးထုတ်ခဲ့ပြီးတရားလိုဖြစ်သူ အဓမ္မပြုကျင့်ခံခဲ့ရတဲ့မိန်းကလေးရဲ့မိခင်ဖြစ်သူကို အပြီးသတ်စစ်ဆေးခဲ့ပါတယ်။ နောက်အပတ်ရုံးချိန်းကို စက်တင်ဘာ ၄ ရက်နေ့ချိန်းဆိုထားပြီး အဓမ္မပြုကျင့်ခံခဲ့ရတဲ့အိမ်အကူမိန်းကလေးကို စစ်ဆေးသွာမှာဖြစ်ပါတယ်

 

သရုပ်ဆောင်မင်းရာဇာအပါအဝင် ၄ ဦးဟာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာလည်း ရာဇသတ်ကြီးပုဒ်မ ၄ ခုနဲ့ အမှုရင်ဆိုင်နေရပါတယ်။ သရုပ်ဆောင်မင်းရာဇာ မိသားစုက အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်တာ၊ တူနဲ့ထုတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုကာ ရွှေပေါက္ကံမြို့နယ်ရဲစခန်းမှာ အမျိုးသမီးလေးရဲ့ မိခင်ဖြစ်သူက အမှုဖွင့်ခဲ့တာပါ။


Spread the love
  •  
  •  
  •  
  •  
  •  
  •