သရုပ်ဆောင်မင်းရာဇာအမှုမှာ တရားလိုဖြစ်သူကို ပြန်လှန်မေးခွန်းတွေ မေးမြန်းစစ်ဆေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သရုပ်ဆောင်မင်းရာဇာအမှုမှာ တရားလိုဖြစ်သူကို အရှေ့ပိုင်းခရိုင်တရားရုံးမှ ာပြန်လှန်မေးခွန်းတွေ မေးမြန်းစစ်ဆေးခဲ့ပါတယ်။





ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ သရုပ်ဆောင်မင်းရာဇာကို စွဲဆိုထားတဲ့ပုဒ်မ၃၇၆အမှုကိုဩဂုတ်လ ၁၄ ရက်နေ့က ရုံးထုတ်ခဲ့ပြီးသရုပ်ဆောင်မင်းရာဇာကိုတရားလိုပြုလုပ်တိုင်တန်းထားတဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့မိန်းကလေးရဲ့မိခင်ဖြစ်သူကို စွပ်စွဲခံရသူဘက်က ပြန်လှန်မေးခွန်း စစ်ဆေးမေးမြန်းခဲ့တာပါ။

လာမယ့်ရုံးချိန်းမှာလည်း တရားလိုကိုပဲ ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။
အရှေ့ပိုင်းခရိုင်တရားရုံးမှာစစ်ဆေးနေတဲ့ ပုဒ်မ ၃၇၆ အမှုမှာ တရားလိုပြသက်သေ ၁၆ ယောက်ရှိပြီး လက်ရှိ တရားလို ဒေါ်သင်းသင်းခိုင်ကို စစ်ဆေးနေတဲ့အဆင့်ဖြစ်ပါတယ်။

သရုပ်ဆောင်မင်းရာဇာအပါအဝင် ၄ ဦးဟာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာလည်း ရာဇသတ်ကြီးပုဒ်မ ၄ ခုနဲ့ အမှုရင်ဆိုင်နေရပါတယ်။ သရုပ်ဆောင်မင်းရာဇာ မိသားစုက အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်တာ၊ တူနဲ့ထုတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုကာ ရွှေပေါက္ကံမြို့နယ်ရဲစခန်းမှာ အမျိုးသမီးလေးရဲ့ မိခင်ဖြစ်သူက အမှုဖွင့်ခဲ့တာပါ။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •