သရုပ်ဆောင်မင်းရာဇာ အမှုနှစ်မှုလုံးအတွက် တရားလိုနှင့်တရားလိုပြသက်သေ လာရောက်ခြင်းမရှိ  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သရုပ်ဆောင်မင်းရာဇာ အမှုနှစ်မှုလုံးအတွက် တရားလိုနှင့်တရားလိုပြသက်သေ လာရောက်ခြင်းမရှိ

သရုပ်ဆောင် မင်းရာဇာအမှုနှစ်မှုလုံးအတွက် တရားလိုနှင့်တရားလိုပြသက်သေလာရောက်ခြင်းမရှိ၍ လာမည့်ရုံးချိန်းတွင် တရားလိုပြသက်သေသုံးဦး ဆင့်ခေါ်ထားကြောင်း မြောက်ဥက္ကလာပမြို့နယ် တရားရုံးသတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးဇေယျာဦးက ပြောကြားသည်။

 

​သြဂုတ်လရက်၁၂ရက်နေ့မှာ တွင် သရုပ်ဆောင်မင်းရာဇာအပါအ၀င် ၄င်း၏ဇနီး မဖူးပွင့်ငုံနှင့် ယာဉ်မောင်း ရခိုင်လေးဆိုသူတို့ကို ရုံးထုတ်ခဲ့သော်လည်း တရားလို နှင့် တရားလိုပြသက်သေတစ်ဦး လာရောက်ခြင်းမရှိ၍ အမှုအားစစ်ဆေးခြင်းမရှိဘဲသြဂုတ်လ ၁၉
ရက်သို့ ပြန်လည်ချိန်းဆိုပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ရုံးချိန်းမှာတော့ တရားခံလို့စွတ်ဆွဲခံထားရတဲ့ မဖူးပွင့်ငုံ ကိုအာမခံလျှောက်ထားခဲ့ပင်မယ့် မြောက်ဥက္ကလာပတရားရုံးကပယ်ချခဲ့ပါတယ်။


“ရာဇသတ်ကြီးအမှုအမှတ် ၁၀၈၁ အမှုက စွပ်စွဲခံရတဲ့ အချုပ်တရားခံ မင်းရာဇာပါသုံးဦး ရုံးရှေ့အချုပ်ဖြင့် တင်ပို့လာပါတယ်။ အလားတူရာဇသတ်ကြီး အမှုအမှတ် ၁၀၈၂ အမှုက စွပ်စွဲခံရသူ ဦးမောင်မောင်အေး ရုံးခံ၀န်နဲ့ ရုံးရှေ့လာရောက်ပါတယ်။ အဆိုပါအမှု နှစ်မှုလုံးအတွက် စွပ်စွဲခံရသူများရဲ့ ရှေ့နေတွေ ရုံးရှေ့လာရောက်ပါတယ်။ တရားလို ဒေါ်သင်းသင်းခိုင် ရုံးရှေ့လာရောက်ခြင်းမရှိပါဘူး။ ယနေ့ရုံးချိန်းမှာ အမှုနှစ်မှုလုံးအတွက် တရားလိုပြသက်သေများ စစ်ဆေးနိုင်ရန် တရားလို ဒေါ်သင်းသင်းခိုင် နဲ့ တရားလိုပြသက်သေ ဒေါ်အေးအေး
မြင့်တို့ကိုဆင့်ခေါ်ထားပြီး လာရောက်ခြင်းမရှိတဲ့အတွက် ရုံးချိန်း ချိန်းဆိုပေးရခြင်းဖြစ်တယ်လို့ အမှုတွဲအရတွေ့ရပါတယ်။ လာမည့်ရုံးချိန်းမှာတော့ တရားလိုပြသက်သေသုံးဦး ဆင့်ခေါ်ထားပါတယ်။

တရားလိုဘက်မှ မြောက်ဥက္ကလာပမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည့် သရုပ်ဆောင်မင်းရာဇာ အမှုအပါအဝင် ၎င်း၏ယောက္ခမဖြစ်သူအမှုနှင့် အရှေ့ပိုင်းခရိုင်တရားရုံးတွင် ထပ်မံတရားစွဲထားသည့် ပုဒ်မ ၃၇၆ အမှုကို တပေါင်းတည်း စစ်ဆေးမှုပြုရန်အတွက် အရှေ့ပိုင်းခရိုင်တရားရုံးသို့ ရုံးပြောင်းလျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ဇွန် ၂၂ ရက်က သရုပ်ဆောင်မင်းရာဇာအမှုနှင့် ၎င်း၏ ယောက္ခမဖြစ်သူအမှုကို တရားလိုဘက်က အရှေ့ပိုင်းခရိုင်တရားရုံးသို့ ရုံးပြောင်းလျှောက်ထားမှုအား ပယ်ချသည်ဟု တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

မေ ၇ ရက်ရုံးချိန်းတွင် သရုပ်ဆောင် မင်းရာဇာ၊ မဖူးငုံပွင့်နှင့် မင်းရာဇာ၏ ယာဉ်မောင်းဖြစ်သူ ရခိုင်လေးတို့ကို ပုဒ်မ ၃၂၆/၃၄ ဖြင့် တရားစွဲခဲ့ပြီး ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးအား ရာဇသတ်ကြီးပုဒ်မ ၃၂၅ ဖြင့် တရားစွဲဆိုခဲ့ကာ ရာဇဝတ်ကျင့်ထုံး ၄၉၆ အရ အာမခံပေးခဲ့သည်။

သရုပ်ဆောင် မင်းရာဇာ၊ မဖူးငုံပွင့် နှင့် ရခိုင်လေးတို့အား စွဲဆိုထားသည့် ရာဇသတ်ကြီး ပုဒ်မ ၃၂၆ မှာ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် သို့တည်းမဟုတ် မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှုဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

မင်းရာဇာတို့အား ရာဇသတ်ကြီးပုဒ်မ ၃၂၆ အပြင် ၃၄ ကိုလည်းတွဲကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။ ပုဒ်မ ၃၄ ဆိုသည်မှာ အကြံတူတစ်ခုကို ပူးပေါင်းပါဝင်ကြောင်း ပြဋ္ဌာန်းထားသည့် ပုဒ်မဖြစ်သည်။

မင်းရာဇာ၏ ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးအား စွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ၃၂၅ မှာ အပြင်းအထန် နာကျင်စေမှုဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်မှာ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

သရုပ်ဆောင်မင်းရာဇာ အပါအဝင် လေးဦးအား အက်ဆစ်ဖြင့် အပက်ခံရသည့် အမျိုးသမီးငယ်၏ မိခင်က မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် တရားစွဲဆို ထားခြင်းဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ယခင်က ရွှေပေါက္ကံရဲစခန်းက သရုပ်ဆောင်မင်းရာဇာ အပါအဝင် လေးဦးကို (ပ) ၅၀၅၊ ရာဇသတ်ကြီးပုဒ်မ – ၃၂၄/၃၂၅/၃၅၄ နှင့် ၁၁၄ စသည့် ပုဒ်မများဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သရုပ်ဆောင် မင်းရာဇာမှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့့် အရှေ့ပိုင်းခရိုင် တရားရုံးတွင် အမှုရင်ဆိုင်နေကြောင်း သိရသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •