သရုပ်ဆောင်မိုးအောင်ရင် ရုံးချိန်းတွေပျက်ကွက်နေတာကြောင့် နစ်နာမှုတွေရှိတယ်လို့ တရားလို မခင်မြတ်နိုးကပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သရုပ်ဆောင်မိုးအောင်ရင် ရုံးချိန်းတွေပျက်ကွက်နေတာကြောင့် ၂ဖက်စလုံးအတွက် နစ်နာမှုတွေရှိနေတယ်လို့ တရားလို မခင်မြတ်နိုးကပြောပါတယ်။
================

၂၀ ကြိမ်မြောက်ရုံးချိန်းဖြစ်သည့် မိုးအောင်ရင်အမှုရုံးချိန်းမှာ သရုပ်ဆောင် မိုးအောင်ရင် ဆေးခွင့်ကိုယ်တိုင်လာရောက် တိုင်ကြားခဲ့ပြီး စက်တင်ဘာလ၁၅ရက်နေ့ကို ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ပါတယ်။

လာမည့်ရုံးချိန်းမှာ သရုပ်ဆောင်မိုးအောင်ရင်ကိုပြန်လည်စစ်ဆေးသွားမှာဖြစ်ပြီး တရားခံလို့ ယူဆရတဲ့ မိုးအောင်ရင်ဘက်ကရှေ့နေ လာသည်ဖြစ်စေ မလာရောက်ခဲ့သည်ဖြစ်စေ အမှုစတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။

မိုးအောင်ရင်ကိုရန်ကင်းမြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၇ ဖြင့် စွဲချက်အမိန့်ချမှတ်ခဲ့ သည့် အပေါ် မိုးအောင်ရင်ဘက်မှ ကျေနပ်မှုမရှိသဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးသို့ ပြင်ဆင်ချက် လျှောက် ထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြင်ဆင်ချက် လျောက်ထားမှုအပေါ်ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ကပယ်ချခဲ့ပြီး စွဲချက်အမိန့်ကို အတည်ပြုခဲ့ကြောင်း သိရသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •