သရုပ်ဆောင်မိုးအောင်ရင် ကျန်းမာရေးမကောင်းသဖြင့်ဆေးစာဖြင့် ရုံးချိန်းခွင့်တင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သရုပ်ဆောင်မိုးအောင်ရင် ကျန်းမာရေးမကောင်းသဖြင့်ဆေးစာဖြင့် ရုံးချိန်းခွင့်တင်

၁၇ ကြိမ်မြောက်ရုံးချိန်းဖြစ်သည့် မိုးအောင်ရင်အမှုရုံးချိန်းတွင် မိုးအောင်ရင်ကျန်းမာရေးမကောင်းတာကြောင့်ဆေးစာနဲ့ရုံးချိန်းပျက်ကွက်ခဲ့တာကြောင့် လာမယ့်သြဂုတ်လ၁၉ရက်နေ့ကို ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ပါတယ်။

လာမည့်ရုံးချိန်းကို ဇူလိုင်လ ၁၉ရက်သို့ပြန်လည်ချိန်းဆိုလိုက်ပြီးယင်းရုံးချိန်းတွင် မခင်မြတ်နိုးအား ပြန်ခေါ်သက် သေတစ်ကြိမ်စစ်ဆေး၍ စွပ်စွဲခံရသူဘက်ကို စတင်စစ်ဆေးသွားမယ်လို့သိရပါတယ်။

မိုးအောင်ရင်ကိုရန်ကင်းမြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၇ ဖြင့် စွဲချက်အမိန့်ချမှတ်ခဲ့ သည့် အပေါ် မိုးအောင်ရင်ဘက်မှ ကျေနပ်မှုမရှိသဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးသို့ ပြင်ဆင်ချက် လျှောက် ထားခဲ့တာပါ။

အဲဒီ ပြင်ဆင်ချက် လျောက်ထားမှုအပေါ်ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ကပယ်ချခဲ့ပြီး စွဲချက်အမိန့်ကို အတည်ပြုထား
ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •