သရုပ်ဆောင် “ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်” မိသားစုက Civil Disobedience မှာပါဝင်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ထောက်ပံ့ဖို့အတွက် အလှူငွေ သိန်း (၃၀) ကျပ် လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သရုပ်ဆောင် “ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်” မိသားစုက
Civil Disobedience မှာပါဝင်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ထောက်ပံ့ဖို့အတွက် အလှူငွေ သိန်း (၃၀) ကျပ် လှူဒါန်း

 

Civil Disobedience မှာပါဝင်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ထောက်ပံ့ဖို့အတွက် သရုပ်ဆောင် “ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်” မိသားစုက အလှူငွေ သိန်း (၃၀) ကျပ် လှူဒါန်းခဲ့ပါတယ်။

“ပြည်သူ့ပေး – Pyi Thu Pay” Public Fundraising Campaign ကတစ်ဆင့် Civil Disobedience မှာပါဝင်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ထောက်ပံ့ဖို့အတွက် အလှူငွေ
လှူဒါန်းခဲ့တာပါ။

သရုပ်ဆောင် အိန္ဒြာကျော်ဇင်
က သူ့ရဲ့ ​ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း အခုလို​ဖော်ပြထားတာ​​တွေ့ရပါတယ်။

“ယခု သတင်းကို မှန်တယ် မမှန်ဘူး ၊အတု အစစ် တွေ ဖြစ်နေကြလို့ အူဝဲတို့အနေနဲ့ CD မှာပါဝင်တဲ့ပြည်သူ့ဝန်ထမ်းတွေအတွက် တကယ်လှူဒါန်းပါကြောင်းကို ယခု blue mark ရထားတဲ့ page မှာ တင်လိုက်ပါတယ်ရှင်….

ပြည်သူတစ်ယောက်အနေနဲ့ အကျွန်ုပ်တို့၏ ရိုးသားစွာ ရှာဖွေထားသော ချွေးနည်းစာထဲမှ တတ်အားသရွေ့ကူညီပေးပါမည်”

အခုဆိုရင် “ပြည်သူ့ပေး” Campaign မှာ ပြည်သူအားလုံးတက်ကြွစွာ ပါဝင်လှူဒါန်းပေးကြတဲ့အတွက် အလှူငွေတွေ လက်ခံရရှိနေပြီလို့သိရပါတယ်။

Civil Disobedience Movement မှာ ပါဝင်ပြီး အစိုးရအလုပ် ရပ်နားထားကြတဲ့ ပြည်သူ့ဝန်ထမ်းတွေ အနေနဲ့“ပြည်သူ့ပေး” နဲ့ အမြန်ဆုံးချိတ်ဆက်ပြီး အထောက်အပံ့ရယူကြဖို့ ဖိတ်ခေါ်ထားပါတယ်။

Civil Disobedience Movement မှာ ပါဝင်ပြီး အစိုးရအလုပ် ရပ်နားထားကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကိုကူညီလိုတယ်ဆိုရင် ​အောက်ပါ ​ဖေ့စ်ဘွတ်စာမျက်နှာမှာ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့
သိရပါတယ်။

https://www.facebook.com/21savagemm/


Spread the love
  •  
  •  
  •  
  •  
  •  
  •