သရုပ်ဆောင် မိုးအောင်ရင် အမှုမှာ ပြန်ခေါ်သက်သေ မခင်မြတ်နိုးကို စစ်ဆေး
ကာမလိမ်လည်မှုဖြင့် တရားစွဲဆို ခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင် အမှုရဲ့ ၁၆ ကြိမ်မြောက်ရုံးချိန်းကိုဒီကနေ့ ရန်ကင်းမြို့နယ်တရားရုံးမှာစစ်ဆေးခဲ့ပါတယ်။
ဒီကနေ့ တရားခွင်မှာ ပြန်ခေါ်သက်သေ မခင်မြတ်နိုးကို စစ်ဆေးခဲ့ပြီး လာမယ့် ရုံးချိန်းကို ဇူလိုင် ၁၀ ရက်သို့ ချိန်းဆိုလိုက်ပါတယ်။