သရုပ်ဆောင် မေသန်းနု ပြန်လည်လွတ်မြောက်  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သရုပ်ဆောင် မေသန်းနု ပြန်လည်လွတ်မြောက်

 

ရန်ကင်းမြို့နယ်တရားရုံးမှ ငွေကြေးလိမ်လည်မှုဖြင့် အလုပ်နှင့် ထောင်တစ်နှစ်ချမှတ်ခံထားရ တဲ့သရုပ်ဆောင်မေသန်းနု ဇူလိုင်လ ၁ရက်မှာ ထောင်မှပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

သရုပ်ဆောင်မေသန်းနုကို ဇန်နဝါရီလ ၂ ရက်တွင် ရန်ကင်းမြို့နယ် တရားရုံးမှာ လိမ်လည်မှုပုဒ်မ ၄၂၀ဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခံရခြင်းဖြစ်ပြီးခြောက်လ ပြည့်မြောက်ခဲ့သည့် ဇူလိုင်လ ၁ရက်တွင် ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။

တရားရုံးမှ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၆အရ အာမခံပေးလို့ရသည့် ပုဒ်မဖြစ်သောကြောင့် သိန်း ၃၀တန် အာမခံသူနှစ်ဦးဖြငိ့ အာမခံပေးခဲ့ကြောင်း သင်္ဃန်းမြို့နယ် တရားရုံး သတင်းပြန်ကြားရေးအရာရှိက ပြောကြားခဲ့ပါတယ်။

သရုပ်ဆောင်မေသန်းနုကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀ဖြင့် ဒေါ်စန်းစန်းမြင့်က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါအမှုမှာ တရားလိုဘက်ကိုစစ်ဆေးနေဆဲသာ ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ သိရပါတယ်။





 


Spread the love
  •  
  •  
  •  
  •  
  •  
  •