သာကောကြီးရဲ့ဇာတ်ညွှန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သာကောကြီးရဲ့ဇာတ်ညွှန်း

 

ရွေးကောက်ပွဲကို ဦးတည်တိုက်ခိုက်တဲ့ ကိစ္စတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်လာတယ်။ အခုနောက်ဆုံးတစ်ခုကတော့ ဘင်္ဂလားဒေ့ရှ်က စစ်ရေးပြင်ဆင်မှုတွေလုပ်နေတဲ့ အချိန်မှာ ဒီက အာဏာရပါတီက မဲဆွယ်သီချင်းတွေဆိုလို့ ကောင်းတုန်းပဲတဲ့။‌

လက်ရှိရန်ကုန်ကိုဗစ်တိုက်ပွဲ လက်စ မသိမ်းရသေးခင်မှာ နောက်တစ်ပွဲကို သာကောကြီးတို့ ဇာတ်ညွှန်းထုတ်ထားတာပါ။ ကိုဗစ်တိုက်ပွဲမှာကလည်း အရင်က နေရာမရခဲ့တဲ့ သူတို့အသိုင်းအဝိုင်း အနေနဲ့ တစ်ခန်းတစ်နေရာ ရလာခဲ့ပြီဆိုတော့ သူတို့ပါ ဝိုင်းကူအဆုံးသတ်ရမယ့် အချိန်ပါ။ ဒါမှမဟုတ်ရင်လည်း ကြီးလာမယ့် ပြသနာတွေက အစိုးရသာမက တတိုင်းပြည်လုံးလည်း ပြေးလွတ်မှာ မဟုတ်လောက်ဘူး။ ဒီတော့လည်း နောက်တစ်ပွဲက အဆင်သင့် ပြင်လိုက်ကြတာပါပဲ။

သာကောကြီးလက်ချက်လို့ ဘာအတွက် စွတ်စွဲရသလဲဆိုရင် အိုင်စီဂျေကို လွှဲလိုက်တယ်လို့ဆိုတဲ့ မြန်မာစစ်သည်နှစ်ယောက်ကိစ္စမှာ အေအေဟာ သာကောကြီးသဘောမတူထားပဲ မညွှန်ကြားထားပဲနဲ့ လုပ်ရဲတဲ့အခြေအနေလုံးဝမရှိလို့ပဲ။ စစ်ပွဲတွေရှည်ကြာနေပေမယ့် အေအေအတွက် လက်နက်တွေ အဆက်မပြတ်ရနေတာကလည်း သာကောကြီးက ဘင်္ဂလားကတဆင့် ကူညီနေတာဟာ ဆင်ခြေရာရှာနေစရာ မလိုတော့တဲ့ အခြေအနေမဟုတ်လား။ ရန်ကုန်အလုပ်ရှုတ်နေတုန်းမှာ တဆင့်ခြင်းလုပ်သွားခဲ့တာပါ။ ဘင်္ဂလားရော မြန်မာပါ အပြန်အလှန် သံအမတ်တွေကို ခေါ်ယူ သတိထောက်ခဲ့ကြတယ်။ ဟာဆီနာမကြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအထိကို တိုင်ကြားထားတဲ့အထိ လက်တံရှည်ထားပြန်တယ်။ မြန်မာစစ်တပ်က အကြမ်းဘက်တွေရန်က ကာကွယ်ဖို့ စစ်ရေးတိုးမြှင့်တယ်ဆိုပေမယ့် အရေးမသာနိုင်တဲ့ အေအေနဲ့ တိုက်ပွဲတွေမှာတောင် စစ်ရေးအကြီးအကျယ် မတိုးမြှင့်ခဲ့တာပါ။

ဘင်္ဂလားအနေနဲ့လည်း မြန်မာက အကြမ်းဖက်ကာကွယ်ရေးအတွက် လုပ်တာဆိုရင် သူ့အနေနဲ့လည်း အပြန်အလှန် ပူးပေါင်းပါဝင်ပေးရမှာပါ။ အခုတော့ နားလည်မှုလွဲမှားပြီး ဘင်္ဂလားဘက်က တပ်တွေပြန်တိုးမြှင့်ချထားတာအပြင် လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်မှုတွေပါ လုပ်လာပါတယ်။ သေသေခြာခြာ စေ့‌စေ့စပ်စပ်နဲ့ အကျိုးအကြောင်းသုံးသပ်လိုက်ရင် နှစ်ဘက်စလုံးက မလိုအပ်ပဲ လုပ်နေတာဖြစ်တာ သတိထားမိလာတယ်။

ဘာကြောင့်လည်းဆိုတော့ သာကောကြီးရဲ့ဇာတ်ညွှန်းကြောင့်ပါပဲ။ ဘင်္ဂလားဘက်က စစ်ရေးပြင်တဲ့အတွက်ရော၊ လေကြောင်းရန်ကာကွယ်ရေးလေ့ကျင့်တာတွေပါ သာကောကြီးစပွန်စာရထားမယ်လို့ ခန့်မှန်းရပါတယ်။ နောက်ထပ်အပိုဆောင်းရမှာက တိမ်းရှောင်ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့အမြင်မှာ နိုင်ငံရေးအမြတ်ထုတ်ချက်ပါပဲ။ စစ်ရေးတင်းမာမှုတွေ ရေချိန်မြင့်တက်လာရင် အမေရိကန်က မြန်မာ့ရွေးကောက်ပွဲတည်ငြိမ်မှုရရှိရေးအတွက် ကတိပေးထားတဲ့အတိုင်း ကြားဝင်ပေးပါလိမ့်မယ်။

အဲဒီလိုမျိုးကြားဝင် စေ့စပ်ရင် အမေရိကန်တို့အနေနဲ့ မြန်မာကိုမလာပဲ ဘင်္ဂလားဒေ့ရှ်နဲ့တင် ကိစ္စပြတ်ပြောဆိုလို့ရမှာပါ။ ဘာဖြစ်လို့ဒီကို လာစရာမလိုလဲလို့မေးရင် ဒီဘက်က စတိုက်မှာမဟုတ်လို့ရယ် ဟန်ဆောင်ရုံသက်သက်လောက်ပဲ ရည်ရွယ်တာကြောင့်ပါပဲ။ ဟာစီနာကြီးအနေနဲ့ စစ်ရေးတင်းမာမှုကို သဘောထားကြီးစွာ လျှော့ချပေးတာနဲ့ အမေရိကန်တွေရဲ့ မျက်နှာသာပေးခြင်းကိုလည်း ရရှိဦးမှာပါ။ ဘင်္ဂလားဒေ့ရှ်ကို အမေရိကန် အနေနဲ့ စစ်လက်နက်တွေ ရောင်းချပေးလိုကြောင်း ကမ်းလှမ်းခံရတာလည်း လောလောလတ်လတ်ကြီးလေ။ ဈေးကွက်တန်းမဝင်တဲ့ ဆင်းရဲတဲ့ နိုင်ငံငယ်လေးကို စိတ်ဝင်စားတယ်ဆိုကတည်းက အမေရိကန်တို့အကြံအစီ တစ်ခုရှိနေမှာပါ။

ဒါဆို အဘတို့ရော အနောက်ဖက်တံခါး စစ်ရေးတိုးမြှင့်မှုတွေအတွက် ဘာအကျိုးအမြတ် ကြီးကြီးရှိပါသလဲ။ ရွေးကောက်ပွဲပါပဲ။ နှစ်နိုင်ငံနယ်စပ်တင်းမာမှုက မပြီးပြတ်ပဲ ရှည်ကြာနေရင်လည်း အစိုးရသစ်အတွက် စိန်ခေါ်မှုတစ်ရပ် အဖြစ်ရှိနေမှာပါ။ အချုပ်ဆိုရရင် ရွေးကောက်ပွဲ ဒါမှမဟုတ် ကာလုံခေါ်ဆိုရေးပါပဲ။ အေးချမ်းပါစေမြန်မာပြည်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •