သာကေတ ရတနာအိမ်ရာအနီးမှာ မီးလောင်မှုဖြစ်ပွား
၈.၈.၂၀၂၀ ရက်နေ့၊ ၀၃ ၅၀ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ လယ်ယာမြေရပ်ကွက်၊ ရာတနာလမ်းမ၊ ရာတနာအိမ်ရာအနီးမှာ မီးလောင်မှုဖြစ်ပွား ခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရသဖြင့် မီးသတ်တပ်ဖွဲ့က level 1 ယာဉ်အုပ်စုများထွက်ခွာ ငြိမ်းသတ် ခဲ့ပါတယ်။
မနက် ၃နာရီ ၅၈ အချိန်မှာ မီးထိန်းနိုင်ပြီး ၄ နာရီအချိန်မှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။
Source – MFSD