သာစည်-မြင်းခြံ စာပို့ရထား ယာယီရပ်နားထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသည့် အမှတ်(၁၁၁/၁၁၂) အစုန်၊ အဆန် စာပို့ရထား ယာယီရပ်နားထား

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသည့် အမှတ် ၁၁၁/၁၁၂ အစုန်၊ အဆန် စာပို့ရထားကို ယာယီရပ်နားထားကြောင်း မိတ္ထီလာဘူတာ ရုံပိုင်ကြီး ဦးမြင့်ထွန်းထံမှ သိရသည်။

မြန်မာ့မီးရထားမှ သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသော အမှတ် ၁၁၁ အဆန်နှင့် အမှတ် ၁၁၂ အစုန် စာပို့ရထားတွင် စီးနင်းလိုက်ပါလျက်ရှိသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမရှိစေရေးအတွက် ဧပြီလ ၁၀ ရက်နေ့မှစတင်၍ ပြေးဆွဲခြင်းကို ယာယီရပ်နားထားလျက်ရှိသည်။

အဆိုပါ သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသော အမှတ် ၁၁၁ အဆန်နှင့် အမှတ် ၁၁၂ အစုန် စာပို့ရထားမှာ သာစည်ဘူတာမှ မြင်းခြံဘူတာအထိ ကွမ်းခြံရိုး၊ မိတ္ထီလာ၊ အင်ကြင်းစု၊ ရေချို၊ မလှိုင် ၊ ရုံးစည်ကြီး၊ တောင်သာ၊ ဖက်တော၊ ဆားခါးဘူတာများကို ဖြတ်သန်းသွားလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် မိတ္ထီလာဘူတာ၏ သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသည့် အမှတ် ၁၁၁ အဆန်နှင့် အမှတ် ၁၁၂ အစုန် စာပို့ရထား ယာယီရပ်နားထားသည့်အပြင် မိတ္ထိလာမြို့အခြေပြု ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်လိုင်းများ ကိုလည်း စက်တင်ဘာ ၁၀ ရက်နေ့မှ စတင်၍ ပြေးဆွဲခွင့်မပြုဘဲ ယာယီရပ်နားထားသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •