သာယာအေးကျေးရွာတွင် ရတနာပုံခေတ်ဦး “ဝရဒမုခြာ “ရပ်တော်မူ သစ်သားဆင်းထုတော်တွေ့ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

တောင်သာ ၂၄ ဇူလိုင်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် သာယာအေးကျေးရွာနေ ဦးအောင်တင်ဝင်း
နေအိမ်ခြံဝိုင်းအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် နွားများထားရှိရန် မြေတူးရာမှ ရပ်တော်မူ
သစ်သားဆင်းတုတော်(၁)ဆူ ဉာဏ်တော်(၆)ပေ၊(၆)လက်မ၊ ရင်ပတ်တော်(၂)ပေ၊(၂)လက်မအား ဇူလိုင်လ(၂၃)ရက်၊နံနက်(၆)နာရီ(၁၅)မီနစ်အချိန်က တွေ့ရှိခဲ့ကြောင်းသိရသည်။

 

 

အဆိုပါဆင်းတုတော်အား အများပူဇော်နိုင်ရန် ကျေးရွာရှိ ဓမ္မာရုံတွင် ပူဇော်ထားရှိခဲ့ပြီးဆင်းတုတော် လုံခြုံရေးအတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။

 

y

 


Spread the love
  •  
  •  
  •  
  •  
  •  
  •