သိန်းတစ်သောင်းခွဲ ထီဆုကြီးကို သရက်မြိုင်ရဲရိပ် သာနေ မယမင်းစံ ဆွတ်ခူး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကျပ်သိန်းတစ်သောင်းငါးထောင် အောင်ဘာလေ ထီဆုကြီးကို ရန်ကုန်မြို့သရက်မြိုင်ရဲရိပ်
သာနေ ကံထူးရှင် မယမင်းစံ ကဆွတ်ခူး

ရန်ကုန် ၊ စက်တင်ဘာ ၁

(၁၉)ကြိမ်မြောက်အောင်ဘာလေထီ၏ အမြင့်ဆုံး ကျပ်သိန်းတစ်သောင်းငါးထောင်ထောင်
ဆုကြီးကို ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်း
မြို့နယ်၊ စွယ်တော်လမ်း၊ သရက်မြိုင်ရဲရိပ်သ
ာ လိုင်း(ခ)အခန်း(၁)နေ ကံထူးရှင် မယမင်းစံ
က ဆွတ်ခူးလိုက်ကြောင်းသိရသည်။

 


” ညီမနာမည် ယမင်းစံပါ၊ အခုလိုမျိုး မျှော်
လင့်မထားပဲ ထီဆုကြီးပေါက်တဲ့အတွက်ပြော
ပြလို့မရအောင် အရမ်းပျော်ပါတယ်၊ ညီမတို့
ရုံးက အစ်မရောင်းတဲ့ထီတွေထဲက ၂စောင်တွဲ
ကိုထိုးလိုက်တာ၊ အဲ့ဒီအစ်မက ရွှေမြန်မာထီ
ဆိုင်ကတဆင့် ကိုယ်စားလှယ်ယူပြီးပြန်ရောင်
းတယ်လေ၊ လစဉ် လတိုင်းညီမက ထီကိုယ်စားလှယ်နာမည်မတူတဲ့ဆိုင်နှစ်ဆိုင်မှာ အောင်
ဘာလေထီ ထိုးနေကျပါ။ ညီမက Lucky Bag & Swallow Trading Co.,Ltdမှာအ
လုပ်လုပ်နေပါတယ် ” ဟု သိန်းတစ်သောင်းခွဲကံထူးရှင် မယမင်းစံ က ပြောသည်။

ရွှေမြန်မာထီဆိုင်မှ (၉)ကြိမ်မြောက် သိန်းတစ်သောင်းငါးထောင်ဆုကြီးကို စံချိန်တင် ထပ်မံဆွတ်ခူးပေးနိုင်ခဲ့ခြင်းဖြစ်ပြီး၊ယခုလဖွင့်လှစ်သည့် အောင်ဘာလေထီ (၁၉)ကြိမ်ေမြာက်ထီဖွင့်ပွဲတွင် ကျပ်သိန်းတစ်သောင်းငါးထောင်ဆုကြီး ပ 307666 ကံထူးရှင် မယမင်းစံ က ဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ZBK


Spread the love
  •  
  •  
  •  
  •  
  •  
  •