သီတင်းကျွတ် လပြည့် ညတွင် တောင်ကြီး၌ နေအိမ်တစ်လုံး မီးလောင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သီတင်းကျွတ် လပြည့် ညတွင် တောင်ကြီး၌ နေအိမ်တစ်လုံး မီးလောင်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

တောင်ကြီး၊ အောက်တိုဘာ (၃၁)

ယနေ့၊ သီတင်းကျွတ် လပြည့်ည (၇)နာရီခွဲ အချိန်ခန့်က က တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ နယ်မြေ(၁ဝ)၊ ကုန်သည်လမ်းပေါ်ရှိ အိမ်အမှတ် (၇/၁၅၇) နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုအား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန် ငြှိမ်းသတ်ခဲ့ကြရာ ည (၈)နာရီကျော်တွင် မီးညွှန့်ကျိုး သွားကြောင်း သိရသည်။

#တောင်ကြီးသတင်းဌာနခွဲ
#MRTV


Spread the love
  •  
  •  
  •  
  •  
  •  
  •