သီဟတင်စိုးအပေါ် လီဆယ်တိုင်သည့် အိမ်အကူခင်မာမြင့်ကို ထောင်ဒဏ်ခုနစ်နှစ် နှင့် ပွဲစားအမျိုးသမီးကိုထောင်ငါးနှစ်ချ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

သရုပ်ဆောင် သီဟတင်စိုးအပေါ် လီဆယ်တိုင်သည့် အိမ်အကူခင်မာမြင့်ကို ထောင်ဒဏ်ခုနစ်နှစ် နှင့် ပွဲစားအမျိုးသမီးကိုထောင်ငါးနှစ်ချ

 

သရုပ်ဆောင်သီဟတင် စိုးက အဓမ္မပြုကျင့်သည်ဟုဆို ကာ လိမ်လည်တိုင်တန်းခဲ့ပြီး လျော်ကြေး တောင်းခဲ့မှုကြောင့် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထား သည့် အိမ်အကူခင်မာမြင့်ကို ထောင်ဒဏ် ခုနစ်နှစ်ကျခံရန် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ဇူလိုင် ၃၀ရက်တွင် အမိန့်ချမှတ်လိုက်ပါတယ်။

အိမ်အကူခင်မာမြင့်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ပုဒ်မ ၂၁၁ ( ပြစ်မှုကျူးလွန်သည်ဟု မမှန် မကန်စွပ်စွဲခြင်း) ဖြင့်ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၃၈၉ (ခြောက်လှန့် တောင်းယူမှု) ဖြင့်ထောင်ဒဏ် ငါးနှစ်ကျခံရန် အမိန့်ချခဲ့တာဖြစ် ပါတယ်။

အဲဒီပြစ်ဒဏ် တွေကို သီးခြားစီကျခံရမှာ ဖြစ်တာကြောင့် စုစုပေါင်းထောင်ဒဏ် ခုနစ်နှစ်ကျခံရမှာ ဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •