သုဝဏ္ဏက ကိုဗစ်ယာယီဆေးရုံ တည်ဆောက် ပြီးစီး၊ မနက်ဖြန် ညနေကစပြီး လူနာတွေလက်ခံမယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သုဝဏ္ဏမြက်ခင်းတုမှာ ဆောက်လုပ်နေတဲ့ ကိုဗစ်-၁၉ ကုသရေးယာယီဆေးရုံ ဒီကနေ့ စက်တင်ဘာ (၁၈) ရက်မှာပဲ ပြင်ဆင်တည်ဆောက်ပြီးစီးသွားပြီဖြစ်ပါတယ်။

လာမယ့် ရက်ပိုင်းအတွင်း ကိုဗစ်လူနာတွေကို ထားရှိကုသပေးသွားမှာဖြစ်ပြီး အဆိုပါ အဆောက်အဦတည်ဆောက်ကုန်ကျစရိတ်၊ လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စားသောက်နေထိုင်ရေး အားလုံးကို ဧရာဝတီဖောင်ဒေးရှင်းက အကုန်အကျခံပေးသွားမှာဖြစ်ပါတယ်။

 

အဆိုပါယာယီဆေးရုံကိုတော့ ရွက်ဖျင်တဲကြီးတွေနဲ့ အဓိက ဆောက်လုပ်ထားပြီး ရွက်ဖျင်တဲကြီး (၄) ခုမှာ အခန်းပေါင်း (၄၁၂) ခန်းပါဝင်တာလည်းဖြစ်ပါတယ်။

အခန်းတစ်ခန်းစီမှာ ကုတင်တစ်လုံး၊ လူနာရဲ့ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းတွေကို ထားရှိပေးထားမှာ ဖြစ်ပြီး ဆေးကုသမှု အပိုင်းကိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

 

သုဝဏ္ဏယာယီဆေးရုံမှာ ရောဂါမပြင်းထန်တဲ့ကိုဗစ်လူနာတွေကို အဓိကထားကုသပေးမှာဖြစ်ပြီး မနက်ဖြန်ညပိုင်းကစပြီး လူနာတွေ ထားတော့မယ်လို့ သိရပါတယ်။

 

Photo – Ayeyarwady Foundatiop

 


Spread the love
  •  
  •  
  •  
  •  
  •  
  •