သူခိုးပြေးမှ ထိုးကွင်းထ၊မိုးလွန်မှ ထွန်ချ၊ ဟူသော စကားပုံများနှင့် မြန်မာပြည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သူခိုးပြေးမှ ထိုးကွင်းထ၊မိုးလွန်မှ ထွန်ချ၊
ဟူသော စကားပုံများနှင့် မြန်မာပြည် –

အားနာခြင်းသည် နိုင်ငံရေးမဟုတ်သလို –
စည်းရုံရေးလည်း မမည်ပါ၊
ဤစကားလုံးကို ထပ်ဖြည့်လိုက်ပါရစေ၊
မိမိနိုင်ငံ၊မိမိပြည်သူ၊မိမိဒေသ၊မိမိနိုင်ငံသားများအားလုံးအတွက်ဆိုလျှင်ဖြင့်
လေ့လာ ဆည်ပူးပါ၊အားထုတ်ပါ၊ တည့်မတ် ဖြောင့်မှန်သော နိုင်ငံရေးသတ္တိရှိကြပါ၊
နိုင်ငံနှင့် ပြည်သူ ပြည်သားများစွာအတွက် ကောင်းမွန် ရိုးသားသည့် နိုင်ငံရေးသတ္တိများ မွေးမြူပါ၊
ကျေးဇူးတရားကို အသိအမှတ်ပြုပါ။

English ကျွမ်းမှ၊ ဒေါက်တာဘွဲ့ရှိမှ ဆိုတဲ့
မိမိကိုယ်ကို မိမိ ယုံကြည်မူ အားနည်းစေကာ သိမ်ငယ်နိုင်သော စိတ်များကို မမွေးကြပါနဲ့။
တိုင်းပြည်ကို ကယ်တင်နိုင်ပြီး လက်တွေ့
ကျ သည့် စနစ်ပြောင်း နိုင်ငံရေးကို
ဆောင်ရွက်ကြမည့်သူများသည်
ခိုင်မာ သော နိုင်ငံရေးစိတ်များဖြစ်သည့် သတိ၊သတ္တိနဲ့အတူ နိုင်ငံနှင့်နိုင်ငံသားများအားလုံးကို ချစ်ခင် ပျူငှာစွာဖြင့် နွေးထွေး မူများရှိနေကြရမှာ မဟုတ်ကြပါလား၊
နိုင်ငံတစ်ခုဟာ ဆင်းရဲ နိမ့်ပါးနေပါက ကယ်တင်နိုင်မည့် လမ်းကြောင်းပေါ် ဆွဲတင်နိုင်ကြသည်က နိုင်ငံရေးသမားများသာဖြစ်ပါတယ်၊
သူ့ Sector အလိုက် ဆောင်ရွက်ကြရမှာက
Sector လိုက် ကျွမ်းကျင်သူများမဟုတ်ပါလား၊
ဤသည်ကိုလည်း နိုင်ငံအသီးသီးက လက်ခံကျင့်သုံးနေသည့် နိုင်ငံရေးစနစ် ကသာဖြန့်ကျက်တာဝန်ပေးနိုင်စေမှာမဟုတ်ပါလား၊

နိုင်ငံရေးစနစ်ဆိုတာ လိုအပ်လာသော နိုင်ငံများက အရှိကို ထပ်မံ ပြုပြင် ပြောင်းလဲလိုက် ကြကာ ယခင်အခြေအနေထက် ပိုမိုကောင်းမွန် တင့်တယ် စေဖို့ ကြိုးစား အကောင်အထည် ဖော်ဆောင်ရွက်ကြရတာမဟုတ်ပေဘူးလား၊
၎င်း အခြေအနေ အခင်းအကျင်းများမှာ
နိုင်ငံရေးသမားများ၏ အခန်းကဏ္ဍသည် အရေးပါ လိုအပ်လှတာကိုလည်း ယနေ့ခေတ်ကာလတိုင်အောင် နိုင်ငံတိုင်း၏ လက်တွေ့ကျသော အရှိတရားများပင်ဖြစ်ပါတယ်။

စနစ်သစ်တစ်ခုကို သွားသည့် နိုင်ငံတိုင်းသည်
ယခင်စနစ်ကြီး၏ဆိုးမွေများကို ကာကွယ်ပေးနေသလိုတော့ မဖြစ်ဖို့လိုပါတယ်၊
စနစ်ကိုက ခွဲတမ်းနဲ့ လာနေသလိုမျိုးဖြစ်ရင်တော့ စနစ်အသစ်က ဖြတ်ချ နိုင်ဖို့လိုပါတယ်။

ယနေ့ဖြစ်နေတဲ့ ဖြစ်စဉ်တစ်ခုကို ဥပမာပေးရေးသားတင်ပြပါရစေ၊

ကယားပြည်နယ်မှာ ဖြစ်တာ လူ့အခွင့်အရေးမဟုတ်သလို ဥပဒေလည်းမဟုတ်ပါဖူး၊
စွပ်စွဲချက်သာ ဖြစ်ပါတယ်၊
စွပ်စွဲချက်ဆိုတာ စွပ်စွဲသူကလည်း စွပ်စွဲခွင့်ရှိသလို စွပ်စွဲခံရတဲ့ လူပုဂ္ဂိုလ်က သူ၏ ဆန္ဒအရ ဖြေရှင်းခွင့်ကို ပေးရပါမယ်၊
ဒါမှသာ လူ့အခွင့်အရေးနဲ့ လိုက်ဖက်ညီ
ဆုံးဖြတ်နိုင်မည့် ဥပဒေဖြစ်ပါတယ်၊
ထို့ပြင် တည့်မတ် မှန်ကန်တဲ့ တရားဥပဒေ
စိုးမိုးနိုင်ဖို့သည်လည်း လိုအပ်ပါတယ်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏
အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့်သဘောထားရယူရန်တင်သွင်းခြင်း ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ –
ပုဒ်မ(၃၂၅) နဲ့ ပုဒ်မ(၃၂၆) မှာ
တိတိ ပပဖွင့်ဆိုထားပြီးဖြစ်သလို၊
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
ဥပဒေ၊နည်းဥပဒေ များကိုလည်း ထုတ်ပြန် ပြဌာန်းထားပါတယ်။
နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းခွင့်ရှိသည်၊
ပုဒ်မ(၃၂၆)(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊
ဆိုပြီးဖွင့်ဆိုပြဌာန်းထားပါတယ်။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေ၊နည်းဥပဒေဆိုက်ရာ ပြဌာန်းချက်
ပုဒ်မ(၁၅) (က) တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လျှင် မိမိ၏ တင်သွင်းလွှာကို နိုင်ငံတော်သမ္မတမှတစ်ဆင့် ခုံရုံးသို့ပေးပို့ရမည်။

တင်သွင်းလွှာစိစစ်ရေးအဖွဲ့သည် တင်သွင်းလွှာနှင့်စပ်လျဉ်း၍
ပုဒ်မ(၁၉) (က) ပုဒ်မ (၁၂) ပါလုပ်ငန်းများအနက် မည်သည့်အချက်ကို တင်သွင်းကြောင်း
ခွဲခြားစိစစ်ရမည်၊ စပ်ဆိုင်သော အချက်အလက်များနှင့်ခိုင်လုံသော အထောက်အထား၊
စာရွက်စာတမ်းများ ရှင်းလင်းပြည့်စုံစွာ ပူးတွဲပါရှိခြင်း၊ရှိမရှိ စိစစ်ရမည်၊ ယင်းသို့စိစစ်ရာတွင် ပြည့်စုံမူမရှိကြောင်းတွေ့ရှိပါက လိုအပ်ချက်များကို သတ်မှတ်ချိန်အတွင်း
တင်ပြစေရမည်၊ သတ်မှတ်ချိန်အတွင်း ရှင်းလင်း ပြည့်စုံစွာ တင်သွင်းခြင်းမပြုပါက တင်သွင်းလွာကို ငြင်းပယ် နိုင်သည်။

ပုဒ်မ(၂၀) တင်သွင်းလွာနှင့်စပ်လျဉ်း၍ ဥက္ကဌ အပါအဝင် အဖွဲ့ဝင်များအားလုံးက ကြားနာရမည်၊ယင်းသို့ဆောင်ရွက်ရာတွင် တာဝန်တစ်ရပ်ရပ်အရဖြစ်စေ၊အခြားအကြောင်းတစ်ခုခု ကြောင့်ဖြစ်စေ အဖွဲ့ဝင်အားလုံးတက်ရောက်နိုင်ခြင်းမရှိပါက ဥက္ကဌ အပါအဝင် အနည်းဆုံး ခြောက်ဦး ဖြင့်ကြားနာရမည်။

ပုဒ်မ(၂၂) (က) ကြားနာပြီးနောက်အဓိပ္ပါယ်ဖွင့်ဆိုချက်၊သဘောထား၊ဆုံးဖြတ်ချက်ကို
ဆောလျှင်စွာ ချမှတ်နိုင်ရန် စီစဉ်ဆောင်ရွက်ရမည်။

စာရေးသူသည် ဤဥပဒေအချက်အလက်များကိုရေးသားရခြင်းမှာ ကာယကံရှင်အား ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အခွင့် အလန်းပေးရမှာဖြစ်ပါတယ်။

ကယားပြည်နယ်သည် ပြည်နယ်အစိုးရဖွဲ့ပြီးမကြာခင်မှာပဲ လူပုဂ္ဂိုလ်ဆိုင်ရာ တွန်းထိုးတိုက်ခိုက်မူများဖြစ်လာတယ်ဆိုရင် မှားမည်မထင်ပါ၊
စကထဲက တာဝန်ရှိသူများက မရှင်းလင်းခဲ့ပါသောကြောင့် (၂၀၁၈) မှာကြီးလေးသည့် ပြသနာထပ်ဖြစ်ခဲရတာလို့ဆိုချင်ပါတယ်၊
ထိုမှာကတည်းက အဖွဲ့အစည်းမှတာဝန်ရှိကြသူများမှ ရှင်းလင်းပေးဖို့အချိန်တွေရခဲ့ပါတယ်၊
သို့ပေမယ်လို့ တိတိကျကျ ရေရေ ရာရာ
ရှင်းလင်းပေးမူ မလုပ်ခဲ့လို့သာ ယနေ့လို ဖြစ်စဉ်မျိုး ပေါ်ပေါက်ခဲ့ရပြီး –
ကာယကံရှင်ကိုယ်တိုင်လည်း နိုင်ငံရေးအရ ထိုးနှက်ခံရကာ မိခင် အဖွဲ့အစည်းကိုလည်း
ထိပါးပုတ်ခတ်ခံရပြီး၊ အဖွဲ့အစည်း၏
logo ၊ အင်အား စသည်တို့ဖြင့် လုပ်ပိုင်ခွင့် အာဏာ ရရှိသူများသည်လည်း၊သူတို့၏ အခွင့်အာဏာများကို သူတို့စိတ်ကြိုက်သုံးစွဲသွား ကြတာဖြစ်ပါတယ်။

သို့ကြောင့် ယခင်ကာလကထဲက ထိန်းညှိဖို့ အချိန်များစွာရခဲ့သော်လည်း မှန်ကန် ဖြောင့်မတ်သည့် လုပ်ငန်းစဉ်များကို မလုပ်ခဲ့ကြပါသောကြောင့် ယနေ့လို အဖြစ်မျိုးကို ကယားပြည်နယ်မှာ ဖြစ်သွားတာဖြစ်ပါတယ်။

ယခုအခါမှာမှသာ –
သူခိုးပြေးမှထိုးကွင်းထ သလိုမျိုး၊
မိုးလွန်မှ ထွန်ချ သလိုမျိုး၊
လုပ်ခြင်းသည်ကား သဲထဲရေသွန်လိုက်သကဲ့သို့ ဖြစ်မနေပါဘူးလား၊

မိမိတို့သည် ဖြစ်စဉ်များ၊ ဖြစ်နေကြမူများအား နိုင်ငံရေးအသိ သတိများဖြင့် ပြည်သူများနဲ့အတူ ဆင်ခြင်တုံ တရားများဖြင့်
ရှေ့ ခရီးကို စည်းလုံး ညီညွတ်စွာ သွားကြရပါမယ်၊

မိမိတို့ နိုင်ငံက အထူးပင်သတိထားကြရမှာသည် – အုပ်ချုပ်သူအစိုးရအဟောင်း၊အသစ်များမှ စနစ်သစ်တစ်ခုကို စတင်သွားနေပြီ
ဖြစ်သော မြန်မာပြည်ကြီးအား –
ယခုဖြစ်နေတဲ့ ပုံသဏ္ဍအရ
ယခင် ခေတ်အဆက်ဆက်က စနစ်ကြီးကို ကာကွယ်ပေးနေသလိုမျိုး၊
စနစ်ကြီးကိုက ခွဲတမ်းနဲ့ လာနေသလိုမျိုး၊
ကြိုတင် အကွက်ချ ဖန်တီးထားသကဲ့သို့ ဖြစ်နေမူ၊
များကို မိမိတို့နိုင်ငံသားများနဲ့အတူ အုပ်ချုပ်ခဲ့ကြသူ အစုအဖွဲ့များက အတူတကွ ဖယ်ခွာ စွန့်ပစ်လိုက်ဖို့ လိုအပ်ပါတယ်။
ယနေ့ပုံသဏ္ဍန်အတိုင်းဆက်သွားနေပါက မြန်မာပြည်ကြီးဟာ လူတစ်လုံး၊သူတစ်လုံး ဖြစ်လာနိုင်မူက ခဲရင်းသွားပါလိမ့်မယ်။

ပြည်သူထဲမှ ပေါက်ဖွားလာသော နိုင်ငံရေးသမားများ ဦဆောင်သည့် ရွေးကောက်ပွဲမှ ပြည်သူ အများ၏ ထောက်ခံ ဆန္ဒမဲပေးမူဖြင့် တက်လာသော ရွေးချယ်ခံအစိုးရ အား
ပြည်သူ လူထုက ယုံကြည်၊ကိုးစားမူများ
နည်းလာစေရန်နှင့် ထိုမှ နောက်တစ်ဆင့် ဖြစ်သည့် အရပ်သား နိုင်ငံရေးသမား ဦးဆောင်သော နိုင်ငံရေး အခန်းကဏ္ဍ များကျဆုံးလာစေရန် လုပ်ဆောင်နေကြတဲ့ ဖြစ်စဉ်များအတွင်းသို့ ဒီမိုကရေစီသစ် စနစ်သို့ ပြုပြင် ပြောင်းလဲစေသော ခေတ်စနစ် ပြောင်း တော်လှန်ရေး နိုင်ငံရေးသမားက
ရောက်မှန်းမသိ ရောက်နေကြတာကိုလည်း စိတ်မကောင်းစွာ တွေ့နေရပါတယ်။

၎င်း ထိုသူတို့သုံးနေ၊ပြောနေတဲ့ စကားလုံးကတော့ ပွင့်လင်း မြင်သာမူ နဲ့ လွတ်လပ်စွာရေးသား ပြောဆို၊ဖော်ပြမူ စသည်တို့ကို အသွင်ပုံသဏ္ဍန် မျိုးစုံနဲ့ သုံးနေကြတာ ဖြစ်ပါတယ်။

ဒီမိုကရေစီဖြစ်လာပြီ၊
အစိုးရကို ဝေဖန်ရမယ်၊(GOOD) ပါ၊

အစိုးရဘာပဲလုပ်လုပ် –
တိုက်ခိုက်ရမယ်၊
ဆန့်ကျင်ရမယ်၊
ဘယ်အစိုးရတက်လာ၊တက်လာ ဆော်ပလော်တီးပစ်လိုက်မယ်၊
ဒါမှသာ ၊တိုက်အခံ၊

ဒေါ်အောင်ဆန်းစုကြည် မကလို့ ဘယ်နိုင်ငံရေးသမားခေါင်းဆောင်တက်လာ၊တက်လာ၊
ချလိုက်မယ်၊ နှက်လိုက်မယ်၊
သူတို့က ဘာတွေမိုလို့လဲ၊
စသည့် အမုန်း အာဃာတစိတ်၊ မနာလို မရူစိတ်၊
ဆိုတဲ့ (mintset) များကို မိမိတို့ပြုပြင် ရှောင်ဖယ်နိုင်မှသာ မိမိတို့ထူထောင်မည့် –
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် ရပ်တည်နိုင်ကြမှာမဟုတ်ပါလား၊

ဒါ့အပြင် ရွေးကောက်ပွဲကနေ တက်လာတဲ့အရပ်သားနိုင်ငံရေးခေါင်းဆောင်တွေက တိုင်းပြည်ကို မထိန်းကြောင်းနိုင်ဘူး၊
ကာကွယ်မူ မစွမ်းနိုင်ဘူး၊
လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ တပ်မတော်ခေါင်းဆောင် အဆင့်ဆင့်ကသာ အစိုးရခေါင်းဆောင်တွေဖြစ်သင့်တယ်၊ ဆိုသည့် အတွေးဆ များကိုပေးနေကြတာ ဖြစ်နေပါတယ်၊

မိမိတို့တစ်တွေက တွေးကြရပါမယ်၊
အားလုံးက မျှချေတွေ ရှိပါတယ်၊
မျှချေရှိလို့လည်း နိုင်ငံ့ခေါင်းဆောင်ဆိုတာရှိလာရတာဖြစ်ပါတယ်၊
ဒါပေမယ့် ခေါင်းဆောင်ဆိုတာ –
ဘယ်အတွက်ရှိနေကြတာပါလဲ၊
ယနေ့ ဒေါ်အောင်ဆန်းစုကြည်သည် မိမိတို့
မြန်မာပြည်အတွက် ရှိနေ၊ရှင်သန်နေရတာ
မဟုတ်ပါလား၊

ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို
ကာကွယ်တယ်၊
ကိုးကွယ်တယ်၊ ဆိုတဲ့ စွပ်စွဲချက်တွေပဲ
တက်လာကြမှာကို
ပုံစံခွက်က ရှိနှင့် ပြီးသားဖြစ်ပါတယ်၊
ဥပမာ – ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ၊

တကယ်တော့ (၂၀၀၈) သည်
ဒေါ်အောင်ဆန်းစုကြည် သည်လည်း
တိုင်းပြည်တာဝန်ကိုပြည့်ပြည့် ဝဝ ထမ်းဆောင်ခွင့်မရှိသလို၊
တပ်မတော်ခေါင်းဆောင်သည်လည်း တိုင်းပြည်ကို စီမံခန့်ခွဲ အုပ်ချုပ်နိုင်ခွင့်မရှိ၊

မိမိတို့နိုင်ငံသည် ထိုကဲ့သို့သော ကိုးလို့ ကန့်လိုက် မူများကြောင့် –

မိမိတို့ ပြည်သူ များက (၂၀၂၀) အထွေထွေရွေးကောက်ပွဲတွင် –
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊
ကို ပြည်သူ့လွှတ်တော်၊အမျိုးသားလွတ်တော်တို့ အပြင်၊
တိုင်းဒေသကြီး၊ပြည်နယ်လွှတ်တော်များမှာ
လည်းလွှတ်တော်ဦးရေ စီးစီးပိုင်ပိုင်ဖြစ်စေရန် ဆန္ဒမဲများပေးကြခြင်းဖြင့် (၂၀၀၈) ဆိုတဲ့
ဖွဲစည်းပုံအခြေခံဥပဒေကြီးကို နိုင်နိုင်နင်း ထိန်းချုပ်နိုင်စေဖို့ (NLD) ကိုမေပေးကြကာ –
ပါသင့်သော နိုင်ငံရေးသမားအချို့လည်းပါလာစေရပါမယ်။

မိမိတို့သိမှတ်ထားကြဖို့လိုသည်က
ပြည်သူ့လွတ်တော်တွင်(၁၆၆)ဦးရရှိပါက ဒုတိယသမ္မတ တစ်ဥိးနှင့်၊
အမျိုးသားလွတ်တော်တွင် (၈၅)ဦးရရှိပါက
ဒုတိကသမ္မတ တစ်ဦးရရှိမည် ဖြစ်သော်လည်း
လွတ်တော်နှစ်ရပ်ပေါင်း (၂၅၁) ဦးဖြင့်
ရွေးချယ်ခံအစိုးရဖွဲ့နိုင်ချေ မရှိပါပဲ ၊
ဒုတိယ သမ္မတ နှစ်ဦးဖြင့်သာ ပိုက်ဘောမိသွားနိုင်ပါတယ်၊
သို့ကြောင့် (၂၀၁၅) တွင် ပြည်သူ့လွှတ်တော်၌ (၂၅၅) ဦး နှင့် အမျိုးသားလွတ်တော်၌(၁၃၅) ဦး၊လွတ်တော်နှစ်ရပ်ပေါင်း(၃၉၀) အနိုင်ရရှိခဲ့ခြင်းကို ကြည့်ကာ (၂၀၂၀ )အထွေထွေရွေးကောက်ပွဲ၌လည်း မဲဆန္ဒရှင် တိုင်းရင်းသားမိဘပြည်သူများမှ
သူခိုးပြေးမှထိုးကွင်းထ၊ မိုးလွန်မှထွန်ချ၊
ဆိုသလိုမျုးမဖြစ်ကြရလေအောင် –

(NLD) အား ထိုအရေအတွက်ထက်မိနည်းစေရန် အသည်းကြားမှ မဲတစ်ပြားထာက်ခံ ဆန္ဒမဲများကိုပေးကြခြင်းဖြင့် (၂၀၀၈) ကို ထိန်းကွပ်နိုင်ကြပါစေမူ အလို့ငှာ ပေးနိုင်ကြပါစေကြောင်းရေးသား တိုက်တွန်းလိုက်ရပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်များမှာလည်း အောင်လံခိုင်ဖို့ NLDကိုမဲပေးကြပါစို့…

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
………. (၅.၉.၂၀၂၀)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •