သူတို့က လူ လူ ဟစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သူတို့က လူ လူ ဟစ် –

နိုင်ငံတော်သစ္စာဖောက်ဖျက်မူကိုကျူးလွန်နေကြသည့် CRPH နှင့် CRPH ကဖွဲ့စည်းသည့် အဖွဲအစည်းများနှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ချက်ဆိုပြီး ၊
အချက်(၃) ချက်ကို ထုတ်ပြန်နေသည်မှာ ယနေ့ပါဆိုရင် (၃) ရက်ရှိသွားပါပြီ၊
CRPH အမည်ဖြင့်ကော်မတီဖွဲ့စည်းဆောင်ရွက်နေခြင်းသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့်အပြင်၊ ကြီးလေးသည့်ရာဇဝတ်မူကို ကျူးလွန်ရာရောက်ကြောင်း၊
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်သည့်အပြင်၊ ရာဇသတ်ကြီးပုဒ်မ(၁၂၂) အရ ၊
နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မူကိုကျူးလွန်ရာရောက်ပြီး ၊
ပုဒ်မ(၁၂၄)(ဃ) အရ ကျူးလွန်ရာရောက်ကြောင်း၊
နိုင်ငံတော်တည်ငြိမ်ရေးကိုနှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ကျူးလွန်နေသည့်အဖွဲ့အစည်းဖြစ်ကြောင်း၊
သူတို့ကိုယ် သူတို့ နိုင်ငံတော်စီမံအုပ်ချုပ်မူကောင်စီဟူ၍ အမည်တပ်ထားသော စစ်ဗိုလ်ချုပ်အုပ်စုမှ လက်နက်ကိုင်တပ်ဖွဲ့အင်အားကို တစ်ဖက်သတ်ရယူ အသုံးချကာ ၊
နိုင်ငံတော် အာဏာအားမတရား လုယူထားသည့် အဖွဲ့က တရားလက်လွတ် ထုတ်ပြန်ကြေညာထားတာကိုတွေ့ရပါတယ်၊
ပကတိ အမှန်တရားမှာအထက်ပါ အချက်(၃) ချက်ကို ဖေါက်ဖျက်ကျူးလွန်နေသည်က မည်သူ၊ မည်သည့်အဖွဲ့ အုပ်စုဖြစ်တယ်ဆိုသည်ကို မြန်မာပြည်သူများနဲ့အတူ ကမ္ဘာ့ကုလသမဂ္ဂအဖွဲအစည်းနှင့် ကမ္ဘာ့နိုင်ငံများ၊ ကမ္ဘာ့ပြည်သူများက သိနေပြီးသားဖြစ်ပါတယ်၊
၎င်းတို့သာလျှင် မတရားအဖွဲ့အစည်းဖြစ်ပြီး၊
CRPH သည် မိမိတို့ပြည်သူများမှ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ ” Mandate ” အပြည့်ရရှိထားသော၊
နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများ၏
ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့်
ပြည်ထောင်စုလွတ်တော်မှ ခန့်အပ်တာဝန်ပေးခြင်းခံထားရသော
” ပြည်ထောင်စုလွှတ်တော်ကိုယ်းစားပြုကော်မတီ ” သာဖြစ်ပါတယ်၊
တနည်းအားဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားရာခိုင်နူန်းအများကို ကိုယ်စားပြုထားခြင်းဖြစ်ပါတယ်၊
တည်ဆဲဖွဲ့စည်းပုံနှင့်ညီညွတ်သည့် အဖွဲ့အစည်းဖြစ်ပါတယ်၊
ပြည်သူများမှ မှန်ကန်သော သတ္တိရှိကြပါ၊
CRPH သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ထုံးနှင့်လည်းညီညွတ်ပါသောကြောင့် မိမိတို့မဲပေးရွေးချယ်ခန့်အပ်တာဝန်ပေးထားသော
အစုအဖွဲ့ဘက်မှသာ စည်းလုံးညီညွတ်မူ၊စုပေါင်းအားများဖြင့် ဝန်းရံထောက်ခံ အားပေး အင်အားများဖြည့်ဆည်းပေးကြပါ ၊
အမှန်တရားသည်သာ စစ်မှန်သည့်ပကတိအောင်ပွဲဖြစ်ပါတယ်၊
စိတ်ဓာတ်၊ဇွဲ၊အင်အားများကို မလျှော့ချလိုက်ပါနဲ့၊
အမှန်တရားဖြစ်သော ပြည်သူ့အောင်ပွဲကနီးကပ်လာပါပြီ၊
တရုပ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ၏ ပြောဆိုချက်(၃) ချက်သည်ကား စစ်ကောင်စီအကို အသာစီးရရှိစေရန်အတွက် တစ်ဖက်လှဲ့ပြောကြားမူသာဖြစ်ပါတယ်၊
ပထမဦးစားပေးလုပ်ဆောင်ရမှာက သတ်ဖြတ်ချင်းနဲ့ထိပ်တိုက်တွေ့ဆုံခြင်း ထပ်မံမကျူးလွန်ရေးတားဆီးဖို့၊
နောက်ပြီးဖြစ်နိုင်သမျှ မြန်မြန်အခြေအနေကို အေးအေးဆေးဆေး ၊ တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ ၊
အာဆီယံနည်းလမ်းဖြင့်ညှိနိူင်းဆောင်ရွက်ခြင်း ၊ ဘုံသဘောတူညီချက်ဖြင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ပြည်တွင်းရေးကိစ္စများတွင်ကြားဝင် မစွက်ဖက်ရေးမူဝါဒများကိုကျင့်သုံးသည့် အာဆီယံကိုထောက်ခံကြောင်း၊
အခြေအနေမည်သို့ပြောင်းလဲစေကာမူ မြန်မာနှင့်တရုတ်နိုင်ငံအကြား အေးအတူ ပူအမျှ အနာဂတ်မျှဝေခြင်းကဲ့သို့သော နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ရေးကတိကဝတ်ကို ယိမ်းယိုင်စေမည်မဟုတ်ဘဲ မိတ်ဆွေဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးများကိုပြောင်းလဲမည်မဟုတ်ကြောင်း ပြောဆိုသွားပါတယ်၊
ဝမ်ယီ၏ ပြောဆိုမူသုံးချက်တွင် မြန်မာပြည်သူလူထုက ကန့်ကွက်ဆန္ဒပြနေသော စစ်အုပ်စုမှ မတရားအာဏာသိမ်းထားမူနှင့်ပတ်သက်၍ တစ်ခွန်းမှ ထည့်သွင်းပြောဆိုခြင်းမရှိပေ ၊
ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားက
နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားသည့် လူများအားလုံးကိုပြန်လွှတ်ပေးရန်တောင်းဆိုကြသေည်လည်း ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ထည်ံသွင်းတောင်းဆိုမူလုံးဝ မရှိပါပေ ၊
တရုတ်နိုင်ငံ၏ မီးစတစ်ဘက် ရေမူတ်တစ်ခွက် မူဝါဒသာလျှင်ဖြစ်ပါတယ်ဟု ဆိုပါရစေ၊

လက်ရှိအခြေအနေတွင် မိမိတို့နိုင်ငံနှင့် မိမိတို့ပြည်သူလူထုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကိချိုးဖောက်ခံထားရခြင်းသာဖြစ်ပါတယ်၊
သို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေ၊ ထုံးများနှင့်မညီသည့် လုပ်ရပ်များကို
လက်မခံကြခြင်း၊
ငြင်းပယ်ကြခြင်းဖြစ်ပါတယ် ၊
ပြည်သူ့ဝန်ထမ်းများ၏ ” CDM ” လုပ်ကြမူသည်လည်း ဤသို့သော သဘောဆောင်ပါတယ်၊

အမှန်တရားသည်သာ မိမိတို့မြန်မာနိုင်ငံ၏အနာဂတ်၊
အမှန်တရားသည်သာ မိမိတို့နိုင်ငံသားများအတွက်အနာဂတ်၊
အမှန်တရားသည်သာ မိမိတို့ပြည်သူများအတွက်
အင်အား၊

လူထုရွေးချယ်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ် ချက်ချင်းလွတ် ၊
လူထုရွေးချယ်ခံ သမ္မတကြီးဦးဝင်းမြင့်ကို
ချက်ချင်းလွှတ် ချက်ချင်းလွတ် ၊
X မျိုးဆက် ကိုမြအေးကို ချက်ချင်းလွှတ် ချက်ချင်းလွှတ် ၊
Y မျိုးဆက် ကိုမင်းသွေးသစ်ကို ချက်ချင်းလွှတ် ချက်ချင်းလွှတ် ၊
မတရားဖမ်းဆီးထားသော Z မျိုးဆက်အားလုံးကို ချက်ချင်းလွတ် ချက်ချင်းလွတ် ၊
တရားလက်လွှတ်ဖမ်းဆီးထားသော အနုပညာရှင်များ၊စာရေးဆရာများနဲ့ ပရဟိတအဖွဲ့ဝင်များအားလုံးကို ချက်ချင်းလွတ် ချက်ချင်းလွှတ် ၊
ပြည်သူကို အကြမ်းဖက်သတ်ဖြတ်၊ဖမ်းဆီးနေမူများကို ချက်ချင်းရပ် ချက်ချင်းရပ် ၊
ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး၊
စစ်အာဏာရှင်စနစ် ပျောက်ကွယ်ရေး ဒို့အရေး ဒို့အရေး ၊

ဖွဲ့စည်းပုံနှင့်မညီတဲ့ စစ်ကောင်စီအဖွဲ့ ချက်ချင်းဖျက် ချက်ချင်းဖျက် ၊

အရေးတော်ပုံ အောင်ရမည် ၊

ယုံကြည်စွာဖြင့် . ကိုသိန်းဌေး ပဲခူး ၊
………. (၈.၃.၂၀၂၁) ……….


Spread the love
  •  
  •  
  •  
  •  
  •  
  •