“သူသာသမ္မတဖြစ်ရင် အမေရိကန်နိုင်ငံသားအားလုံး ကိုဗစ်ကာကွယ်ဆေး အခမဲ့ပေးမယ်လို့ ဂျိုးဘိုင်ဒင် ကတိပေး”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“သူသာသမ္မတအဖြစ်အရွေးခံရရင်အမေရိကန်နိုင်ငံသားအားလုံး ကိုဗစ်ကာကွယ်ဆေး အခမဲ့ရရှိစေရမယ်လို့ ဂျိုးဘိုင်ဒင်က ကတိပေး”

October 25, 2020

သူသာ သမ္မတဖြစ်သွားရင် ဗိုင်းရပ်(စ်)ရောဂါကိုအောင်နိုင်ရေး မဟာဗျူဟာတစိတ်တပိုင်းအနေနဲ့ ကိုဗစ်ကာကွယ်ဆေးကို အမေရိကန်နိုင်ငံသား
အားလုံးကို အခမဲ့ ပေးနိုင်ဖို့ဥပဒေစည်းမျဉ်း
တွေပြဌန်းသွားမယ်လို့ သောကြာနေ့က
ဂျိုးဘိုင်ဒင်က ပြောဆိုခဲ့ပါတယ်။
ကျွန်တော်တို့ ဘေးကင်းစိတ်ချရပြီး၊ထိရောက်မှုရှိတဲ့ကာကွယ်ဆေးတွေရရှိတာနဲ့ နိုင်ငံသားအားလုံးကို ကျန်းမာရေးအာမခံ
ထားရှိသည်ဖြစ်စေ၊မထားရှိသည်ဖြစ်စေ
လူတိုင်းအတွက်အခမဲ့ရစေရမယ်လို့ ဒီမိုကရက်တစ် ဂျိုးဘိုင်ဒင်က အမေရိကန်
သမ္မတရွေးကောက်ပွဲမတိုင်ခင်၁၁ရက်အလို
ကပ်ရောဂါကိုတုန့်ပြန်ရေးအစီအစဉ်နဲ့
ပတ်သက်တဲ့မိန့်ခွန်းမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
လူထုသဘောထားစစ်တမ်း
ကောက်ယူမှုတွေမှာ ဘိုင်ဒင်ရဲ့နောက်ကထပ်ချပ်မကွာလိုက်နေတဲ့ထရန့်ကလည်း ” ကာကွယ်ဆေးဟာလာမယ့် ရက်သတ္တပတ်တွေမှာအဆင်သင့်ဖြစ်တော့မယ်။အခမဲ့ပဲဖြစ်သင့်တယ်။” လို့ကာကွယ်ဆေးနဲ့ပတ်သက်ပြီးအလေးထားပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဘိုင်ဒင်ဦးဆောင်တဲ့ဒီမိုကရက်တစ်တွေကတော့ အခုအချိန်မှာ အမေရိကန်နိုင်ငံသား
၂၂၃၀၀၀ကျော်သေဆုံးသွားရပြီ ဖြစ်တဲ့ ကပ်ရောဂါနဲ့ပတ်သက်ပြီး သမ္မတထရန့်ရဲ့
နိုင်ငံအနှံ့မှာတုန့်ပြန်ဆောင်ရွက်ပုံတွေ မအောင်
မြင်ခဲ့တာကို ဝေဖန်ပြောဆိုကြပါတယ်။
“ကိုဗစ်-19 ဟာကျွန်တော်တို့ရဲ့လတ်တလော
သမိုင်းမှာရင်ဆိုင်ခဲ့ရတာမှန်သမျှကိုသေးနုတ်
သွားစေခဲ့တယ်။လျော့ကျသွားမဲ့ လက္ခဏါလည်းလုံးဝမပြသေးဘူး။ပြည်နယ်တိုင်းနီးပါးလိုမှာ ကူးစက်မှုတွေ တရှိန်ထိုး မြင့်တက်နေတယ်။”လို့
ဒီလာဝဲ(ရ်)ပြည်နယ် ဝီလ်မင်တန်မြို့မှာပြောကြားခဲ့တဲ့မိန့်ခွန်းမှာ
ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ဒီအကျပ်အတည်းထဲ
ကိုရောက်နေတာ၈လကျော်နေပြီ။ဒါကိုဖြေရှင်းဖို့သမ္မတ
မှာဘာအစီအစဉ်မှမရှိသေးဘူး။”လို့ အသက်
၇၇နှစ်အရွယ်အရင်ဒုတိယသမ္မတဟောင်း
ဂျိုးဘိုင်ဒင်ကပြောပါတယ်။
“သူဟာလက်လျှော့လိုက်ပြီ။သူခင်ဗျားဆီကစွန့်ခွါသွားတယ်။ခင်ဗျားမိသားစုဆီကစွန့်ခွါသွားတယ်။အမေရိကကိုစွန့်ခွါသွားပြီ။”လို့ဆိုပါတယ်။
သူသာသမ္မတအဖြစ်အရွေးခဲ့ခဲ့ရရင်ဗိုင်းရပ်(စ်)
နှိမ်နင်းရေးကိုအမျိုးရေးမဟာဗျူဟာတရပ်အနေနဲ့ အလျှင်အမြန် ဆောင်ရွက်ပြီး၊လူတွေရဲ့အသက်တွေကိုကယ်တင်သွားမယ်လို့
ဘိုင်ဒင်ကပြောဆိုပါတယ်။
သမ္မတအကူးအပြောင်းကာလတွေအတွင်းမှာ
ပြည်နယ်၅၀ လုံးမှာရှိတဲ့အုပ်ချုပ်ရေးမှုတွေနဲ့
ဆွေးအကြံပြုချက်တွေရယူသွားမှာလည်းပဲ
ဖြစ်ပါတယ်။
ဗိုင်းရပ်(စ်)ရောဂါကိုနှိမ်နင်းဖို့ လိုအပ်တဲ့အရာမှန်သမျှကိုထောက်ပံ့ပေးနိုင်
ရန် ပြဌန်းမဲ့ ဥပဒေမူကြမ်းကိုလွှတ်တော်က
ထောက်ခံဖို့အတွက် သူအုပ်ချုပ်ရေးတာဝန်
ထမ်းဆောင်ရရင်တိုက်တွန်းပြောဆိုသွားမယ်ဖြစ်ပါတယ်။ဗဟိုအစိုးရအဆောက်အဦးတွေမှာ ၊ပြည်တွင်း
သယ်ယူပို့ဆောင်ရေးတွေမှာ နှာခေါင်းစည်းမျက်နှာဖုံးတွေတပ်ဆင်ဖို့ဥပဒေ စည်းမျဉ်းတွေသတ်မှတ်ပြီး၊ရောဂါစမ်းသပ်စစ်ဆေးမှုတွေကို ယခုအချိန်ထက် ၇ဆတိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ဂျိုးဘိုင်ဒင်ကပြောဆိုထားပါတယ်။
Ref:(AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •