သေဆုံးသူ စုစုပေါင်း ၂၀ ဦးမှာ အသက် ၆၀ အထက်က ၁၄ ယောက် (၇၀ %) ရှိနေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သေဆုံးသူ စုစုပေါင်း ၂၀ ဦးမှာ ၆၀ အထက်က ၁၄ ယောက် (၇၀ %) ရှိနေ

8:50 pm, 13/9/2020

လက်ရှိအချိန်မှာ သေဆုံးသူ စုစုပေါင်း ၂၀ ဦးရှိလာပါပြီ သေဆုံးသူတွေရဲ့ အသက်အရွယ်ကို ပိုင်းခြားကြည့်လျှင် ၆၀ နှစ်အောက်က ၆ ယောက်ပဲရှိပြီး ၆၀ အထက်က ၁၄ ယောက် (၇၀ %) ရှိနေပါတယ်

ပထမလှိုင်း ၆ ယောက်သေဆုံးတာမှာ ၆၀ အောက်က ၁ ယောက်ပဲရှိပြီး ၆၀ အထက် ၅ ယောက် (၈၃ %) ရှိပါတယ်

ဒုတိယလှိုင်းမှာ လက်ရှိအချိန်အထိ သေဆုံးသူ ၁၄ ယောက်ရှိပြီဖြစ်ပြီး ၆၀ နှစ်အောက် ၆ ယောက်နဲ့  ၆၀ နှစ်အထက် ၉ ယောက် (၅၇ %) ရှိတာကို တွေ့ရမှာဖြစ်ပါတယ် ဒီနေရာမှာ ဘာသတိပြုမိလဲ ?

၆၀ နှစ်အထက် သေဆုံးမှုက အမြဲတမ်း များနေတာကို တွေ့ရမှာပါ သို့သော်လည်း ဒုတိယလှိုင်း သေဆုံးမှုကို ကြည့်ရင် တဖြည်းဖြည်းနဲ့ ၆၀ အောက်တွေလဲ များလာတာ တွေ့ရှိရမှာပါ (ယနေ့သတင်းထုတ်ပြန်တဲ့ ၄ ယောက်လုံးဟာ ၆၀ အထက်ဖြစ်နေလို့သာ ၅၇ % ဖြစ်တာကို သတိပြုမိကြမယ်ထင်ပါတယ်)

ဒါ့ကြောင့်မို့ ရောဂါဖြစ်ရင်ပိုဆိုးနိုင်တဲ့ ပိုပြီးဂရုစိုက်ရမဲ့ အခြေအနေတွေကို US CDC က Sep 11, 2020 မှာ ထုတ်ပြန်ထားပါတယ်

မိမိနဲ့ မိမိမိသားစုမှာ ဒီလိုမျိုးအခြေအနေရှိတဲ့သူတွေ ရှိနေမယ်ဆိုရင် ပိုပြီးဂရုစိုက်ပေးဖို့ လိုမယ်ဖြစ်ပါတယ်

အဆိုပါထုတ်ပြန်ချက်အရ အောက်ပါအချက်များရှိသူတွေမှာ ကိုဗစ်ကြောင့် သေဆုံးမှုများနေတာမို့ ဒီလိုအခြေအနေရှိရင် ပိုဂရုစိုက်ဖို့ ထုတ်ပြန်ထားပါတယ်

ဘယ်လိုအခြေအနေတွေလဲ?

၁/ အသက်ကြီးသူများ

၂/ ဒီလိုနောက်ခံရောဂါရှိသူများ

😷 ကင်ဆာဝေဒနာခံစားနေရသူများ
😷 နာတာရှည်ကျောက်ကပ်ခံစားရသူ
😷 အဆုတ်ကောင်းစွာအလုပ်မလုပ်နိုင်သူများ
😷 ကိုယ်ခံအားကျဆင်းနေသူများ
😷 အဝလွန်သူများ (BMI 30 နှင့်အထက်)
😷 နှလုံးရောဂါရှိသူများ နှလုံးသွေးကြောကျဉ်းရှိသူများ
😷 သွေးရောဂါရှိသူများ
😷 ဆီးချိုအမျိုးအစား ၂ ရှိသူများ ဖြစ်ကြပါတယ်

ဟာ ဒါဆို စိုးရိမ်စရာပေါ့ ဘယ်လိုလုပ်ကြမတုံး?

နည်းလမ်းကရှိပြီးသားပါ…

⁃ လူများနှင့်ထိတွေ့မှု နည်းနိုင်သမျှနည်းအောင် ကန့်သတ်ထားပါ
⁃ လက်ကို မကြာခဏဆေးပါ
⁃ နေမကောင်းသူတွေနဲ့ ဝေးဝေးနေပါ (အနည်းဆုံး ၆ ပေ)
⁃ ထိတွေ့မှုများသော မျက်နှာပြင်တွေကို ဆေးကြောပါ ပိုးသန့်စင်အောင်လုပ်ပါ
⁃ မလိုအပ်ပဲ ဘာခရီးမှ မသွားပါနဲ့ (အထူးသဖြင့် လေယာဉ်မစီးပါနှင့်)

အောက်ပါလင့်မှာ အသေးစိတ်ဖတ်နိုင်ပါတယ်

https://www.cdc.gov/coronavirus/2019-ncov/need-extra-precautions/people-with-medical-conditions.html


Spread the love
  •  
  •  
  •  
  •  
  •  
  •