သံဃာတော်တွေကိုလူမှုကွန်ရက်မှာ ပုတ်ခတ်ရေးသားတာကြောင့် မိတ္ထီလာမှာလူစုလူဝေးဖြစ်ပေါ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သံဃာတော်တွေကို လူမှုကွန်ယက်မှာ စော်ကားပုတ်ခတ်ရေးသားခဲ့မိတာကြောင့် ပြန်လည်ဝန်ချတောင်းပန်ပွဲတခု ဒီကနေ. ၁၉-၅-၂၀၂၀ နေ.မနက်က မိတ္ထီလာမြို.၊နန်းတော်ကုန်းရပ်ကွက်ရှိ နဂါးရုံကျောင်း တိုက် ရှိ မြို့နယ်သံဃာ့နာယက ဥက္ကဌ ဆရာတော်ရှေ့မှောက် မှာပြုလုပ်ခဲ့ပါတယ်။ အဲဒီလို တောင်းပန်ဝန်ချပွဲပြုလုပ်စဉ်မှာ ပြည်သူလူထုက မကျေနပ်တာကြောင့် လူစုလူဝေးနဲ. အော်ဟစ်မှုဖြစ်ပွားခဲ့တာပါ။ အခုအချိန်မှာတော့ အခြေအနေတွေအားလုံးအေးဆေးသွားပြီဖြစ်ပြီး သာသနာရေးဦးစီးမှုက ဘယ်လိုဆက်လက်အရေးယူမယ်ဆိုတာတော့ မသိရသေးဘူးလို. မိတ္ထီလာအမှတ်(၁)ရဲစခန်းက တာဝန်ကျရဲအရာရှိက Yangon Nation ကိုပြောပါတယ်။ အဲဒီလို လူမှုကွန်ရက်မှာ စော်ကားရေးသားသူကို အရေးယူထားပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာတော့ လုံခြုံရေးအရ မပြောနိုင်ဘူးလို့ ရဲတပ်ဖွဲ.ကပြောပါတယ်။




 

#YangonNation


Spread the love
  •  
  •  
  •  
  •  
  •  
  •