သံဃာတော်များ ထားရှိမည့် Quarantine Center များတွင် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ volunteer team များ အဖြစ်ပါဝင် ကူညီမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID-19 (Second Wave) တွင် နောက်ဆုံးတိုက်ပွဲ အတွက် သံဃာတော်များ ထားရန် Quarantine Center များတွင် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း မှ volunteer team များ အဖြစ်ပါဝင် ကူညီမည်

COVID-19 ကြောင့် နေ့စဉ် တိုးပွားနေသော လူနာများထဲတွင် ရန်ကုန်သည် ရာခိုင်နှုန်းအားဖြင့် အများဆုံးဖြစ်ပြီး  ဒုတိယလှိုင်း၏ နောက်ဆုံးတိုက်ပွဲကို တိုက်တော့မည်ဟု ကျန်းမာရေးတာဝန်ရှိသူတွေက ကြေညာထားပါသည်။

ကာကွယ်ဆေး မပေါ်သေးသ၍ နောက်ဆုံးရဲ့ နောက်ဆုံးတိုက်ပွဲတွေ အကြိမ်ကြိမ်ဆက်ပြီး တိုက်နေရပါဦးမည်။ထိုတိုက်ပွဲတွင် ပြည်သူထဲမှ ပြည်သူများ အနေဖြင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း မှVolunteer team အဖြစ် တတတ်တအား လုပ်အားပေး ပါဝင်ကူညီသွား မည်ဖြစ်ပါသည်။

နေ့စဉ်နှင့် အမျှ တိုးပွားလျှက်ရှိသော COVID-19 ရောဂါ အခြေအနေများကြောင့် Volunteer များ ဆက်လက် လိုအပ်နေဦးမည် ဖြစ်ပါသည်။

ထို့ကြောင့် Volunteer အဖြစ်ပါဝင် ကူညီ လိုသူများ

၈၈မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံး

လိပ်စာ – အမှတ် (၁၄၈)  ၊ ၄(က) ၄လွှာ၊ ဝေဇယန္တာလမ်း ၊ အပိုင်း ၁၆/၂ ရပ်ကွက်  ၊

သင်္ဃန်းကျွန်း မြို့နယ် ၊ ရန်ကုန်။

ဆက်သွယ်ရန် –

ဖုန်းနံပါတ် -၀၉၇၃၀၈၁၇၀၁

ဖုန်းနံပါတ် -၀၉၃၃၈၃၈၈၈၈

သို့ စာရင်းပေး ဆက်သွယ် နိုင်ပါသည်။ ပေးပို့ရမည့်အချက်အလက်များမှာ

၁. အမည်

၂. အသက်၊

၃. လိပ်စာ၊

၄. ဖုန်းနံပတ်

Sept 30.

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း


Spread the love
  •  
  •  
  •  
  •  
  •  
  •