သြဂုတ်လ ၂၆ရက်မနက်ကြေငြာတဲ့ ပိုးတွေ့သူ ၇၀ မှာ ရခိုင်ပြည်နယ်က ၆၉ ဦးနှင့် ရန်ကုန်က ၁ ဦးပါဝင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သြဂုတ်လ ၂၆ရက်မနက်ကြေငြာတဲ့ ပိုးတွေ့သူ ၇၀ မှာ
ရခိုင်ပြည်နယ်က ၆၉ ဦးနှင့် ရန်ကုန်က ၁ ဦးပါဝင်

 

သြဂုတ်လ ၂၅ရက်​နေ့တွင် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာမှာ ပိုး​တွေ့ရှိသူ လူနာ ၇၀ဦး​တွေ့ရှိခဲ့ပါတယ်။
ပိုး​တွေ့ရှိလူနာ​တွေက​တော့ ရခိုင်ပြည်နယ် အတွင်းရှိ စစ်​တွေမြို့မှာ ၃၀ဦး၊မြေပုံမြို့မှာ ၆ ဦး၊ ပုဏ္ဍန်းကျွန်းမှာ ၁ဦး ၊ ​ကျောက်​တော်မြို့မှာ၄ ဦး၊ မောင်း​တောမြို့မှာ ၁၃ဦး၊ ​ပေါက်​တောမြို့မှာ ၁ဦး၊ ​ကျောက်ဖြူမှာ ၁ဦး ၊ မင်းပြားမြို့မှာ ၅ဦး နဲ့ ရန်ကုန်မြို့ ​တောင်ဥက္ကလာပမြို့နယ်က ၁ဦး တို့ဖြစ်ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် –
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၇၁၈)ခုနဲ့ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲ နမူနာ (၁၀၇)ခု၊စုစုပေါင်း (၈၂၅)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ <span;>COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၀) ဦး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သြဂုတ်လ တ၆ရက်​နေ့ မနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၅၇၄) ဦး ရှိပြီ ဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •