သွေးသစ္စာ သီချင်းဟာ ဥပဒေအရမူပိုင်ခွင့်ဆိုတာထက်ကို Ethic အရ သက်ဆိုင်ခွင့် အဓိကကျတယ်လို့ ကိုဆု(ထူးအိမ်သင်၏ညီ) ပြော။

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အခုရက်ပိုင်းအတွင်း​ လူမှုကွန်ရက်​ပေါ်မှာ ပြန့်​နေတဲ့ အဆို​တော် ​တေး​ရေး ဆရာ ထူးအိမ်သင် ​ရေးသားခဲ့ပြီး အဆို​တော် ကိုမွန်း​အောင် သီဆိုခဲ့သည့်
အ​ရေးကြီးပြီ (​သွေး သစ္စာ)သီချင်း နဲ့ ပါက်သက်ပြီး ​
ကန့်ကွက်​ဝေဖန်မှု​တွေ ​ပေါ်ထွက်လာခဲ့ပါသည်။

သီချင်း ကိစ္စနဲ့ပါက်သက်ပြီး ​တေး​ရေး ကိုထူးအိမ်သင် မိသားစုဝင်​တွေရဲ့ သ​ဘောထားကိုသိရှိနိုင်ဖို့ Yangon Nation သတင်းဌာန ​က ဆက်သွယ်​မေးမြန်း ခဲ့ရာ

” ဒီကိစ္စကိုပြောရင် ဒီသီချင်းရဲ့ ဥပဒေအရမူပိုင်ခွင့်ဆိုတာထက်ကို Ethic အရ သက်ဆိုင်ခွင့်ကို အဓိကထားပြောရမယ် ထင်တယ်။ ဒီသီချင်းကို ၁၉၈၈ နှစ်ကုန်ပိုင်းလောက်က ကျွန်တော့်အစ်ကို ABSDF ရဲ့ ရိက္ခာကိုစား၊ ABSDF စခန်းထဲနေပြီး၊ ABSDF ရဲဘော်တစ်ယောက်အ​နေနဲ့ ရပ်တည်လှုပ်ရှားမှုတွေထဲက တစ်ခုအဖြစ်မြင်ပါတယ်။ တော်လှန်ရေးအတွက်
သူ့ရဲ့ထည့်ဝင်မှု (ဥာဏလုပ်အား) တစ်ခုလို့ပဲ ကျွန်တော်သတ်မှတ်ပါတယ်။ ဒီသီချင်းက ABSDF တော်လှန်ရေးကို အလုပ်အကြွေးပြုဖို့ ရေးစပ်ပေးခဲ့တာပါ။ ဒီသီချင်းကို ကိုမွန်းအောင်က သတ္တိရှိရှိနဲ့ သူ့ဘဝကိုရင်းပြီး သီဆိုပေးခဲ့လို့ ပြည်သူတွေကြား ပြန့်နှံ့ရောက်ရှိခဲ့တာပါ။
ABSDF ရဲဘော်တွေ နှုတ်တိုတ်ဆိုပြီး လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ကြတာပါ။ အရေးကြီးပြီ သီချင်းနဲ့ သက်ဆိုင်မှုအကြောင်းပြောရင် ABSDF ရဲဘော်တွေနဲ့ ကိုမွန်းအောင်ကို ချန်ထားလို့မရပါဘူး။
ဒါကြောင့် ဒီသီချင်းက တေးရေးထူးအိမ်သင်ရဲ့ ဥာဏမူပိုင်ခွင့်ရှိတဲ့ သီချင်းဖြစ်သလို ဒီသီချင်းကိုလူလားမြောက်လာအောင် လက်ဆင့်ကမ်း ပြုစုစောင့်ရှောက်လာခဲ့ကြတဲ့ ABSDF ရဲဘော်တွေနဲ့ တေးဆိုကိုမွန်းအောင်တို့နဲ့ သက်ဆိုင်ပါတယ်။
ယုတ်စွအဆုံးဗျာ အသက်ရှင်လျက်နဲ့ထူးအိမ်သင်ကိုယ်တိုင်က ဒီသီချင်းကို တော်လှန်ရေးနဲ့မဆိုင်တဲ့ နေရာ (သို့) တော်လှန်ရေးကိုဆန့်ကျင်တဲ့နေရာမှာ သုံးဖို့ ခွင့်ပြုခဲ့ရင်တောင် AB ရဲဘော်တွေနဲ့ ကိုမွန်းအောင်က ကန့်ကွက်ခွင့်ရှိတယ်။ အဲဒါ Ethic အရ စောင့်ထိန်းရမယ့် သစ္စာရှိမှုပါ။ ဆိုတော့ကာ ထူးအိမ်သင်ကိုယ်တိုင်လည်း ဘယ်တုန်းကမှ မထောက်ခံခဲ့တဲ့အဖွဲ့အစည်းတစ်ခုက ဒီလို ပုံဖျက်ပြီး သုံးတာကို မူပိုင်ခွင့်ရှိတဲ့မိသားစုကော၊ သက်ဆိုင်တဲ့ ABSDF ရဲဘော်တွေနဲ့ တေးဆိုကိုမွန်းအောင်ကော ကန့်ကွက်သင့်ပါတယ်။
ရှုံ့ချသင့်ပါတယ်။ တရားစွဲတဲ့အဆင့်ကတော့ သီချင်းမူပိုင်ခွင့်ရှိတဲ့ မိကွန်ထောက အသက်အားဖြင့်၊ ဖြတ်သန်းဖူးတဲ့ဘဝအတွေ့အကြုံအားဖြင့် အလွန်နုနယ်သေးတဲ့အတွက် ဒီကိစ္စရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကို ရင်ဆိုင်နိုင်ဖို့ အဆင်သင့်မဖြစ်သေးလောက်ဘူးလို့ ကျွန်တော်မြင်ပါတယ်။ သူ့အနေနဲ့လည်း ဒီသီချင်းရဲ့ Sentimental Value အပေါ်မှာ နားမလည်နိုင်လောက်သေးတဲ့အတွက် တရားရုံးမှာရင်ဆိုင်ဖို့ ဆန္ဒပြင်းပြလိမ့်မယ်တော့ မထင်ဘူး ” လို့
ကိုထူးအိမ်သင် ရဲ့ ညီဖြစ်သူ ကိုမင်းဆုမွန်က အခုလို ရှင်းလင်း ​ပြောပြခဲ့ပါသည်။

Photo crd# min hsu mon


Spread the love
  •  
  •  
  •  
  •  
  •  
  •