ဟားခါးက Case 150 ဆေးရုံကဆင်းပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဟားခါးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ Case 150 ဟာ ဒုတိယအကြိမ် စစ်ဆေးမှုမှာလည်း Negative ဖြစ်တာကြောင့် ဒီကနေ. နေ.လည်မှာ ဆေးရုံကဆင်းခွင့်ရပြီဖြစ်ပါတယ်။

အဲဒီလူနာဟာအသက် ၁၈ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ဟားခါးဆေးရုံကြီး အထူးသီးသန့်ဆောင်တွင် တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဝန်များနဲ. သူနာပြုမျးက နှုတ်ဆက်ပြီး လက်ဆောင်ပစ္စည်းတွေပေးအပ်ခဲ့ပါတယ်။

 

အဲဒီ အမျိုးသမီးမှာ တရုတ်နိုင်ငံမှ ပြန်လာသူဖြစ်ပြီး ဟားခါးမြို့ Facility Quarantineထားရှိရာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ဧပြီလ ၁၆ ရက်နေ့မှ စတင်ရောက်ရှိကာ ဧပြီလ ၂၉ရက် နံနက် ၇ နာရီအချိန် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်) NHLမှ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရသူဖြစ်ပါတယ်။


သူဟာ ဧပြီလ ၂၉ရက်နေ့ ဆေးရုံတက်ရောက်ကုသနေစဉ်အချိန်မှစ၍ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး မေလ ၁၂ရက်နေ့တွင် နောက်ဆုံး ၂ ကြိမ် ဓာတ်ခွဲစစ်ဆေးမှု၌ ၂ ကြိမ် ဆက်တိုက် ရောဂါပိုးမတွေ့ရှိရတော့သဖြင့် ဆေးရုံက ဆင်းခွင့်ရပြီး ဟားခါးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ Facility Quarantine (၇)ရက် ဆက်လက်ထားရှိမည် ဖြစ်ကြောင်း၊ လက်ရှိ၌လည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး အားငယ်စိတ် မဖြစ်ပေါ်စေရေး ပြည်နယ်လူမှုရေးဝန်ကြီး နှင့်တာဝန်ရှိသူများက စိတ်ဓာတ်မြှင့်တင် အားပေးလျက်ရှိတယ်လို.သိရပါတယ်။
Source – Hakha General Hospital


Spread the love
  •  
  •  
  •  
  •  
  •  
  •