ဟားခါး၌ လွတ်လပ်ရေး ကျောက်တိုင် စိုက်ထူမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ချင်းပြည်နယ် ဟားခါးမြို့ မြို့သစ်ရပ်ကွက် ခုစီလိုဘိုပန်းခြံတွင် အမြင့်ပေ (၇၅) ရှိမည့် လွတ်လပ်ရေးကျောက်တိုင်ကို ကျပ်ငွေသန်း (၆၀) ကျော် အကုန်အကျခံပြီး စိုက်ထူသွားမည်ဟု သိရသည်။

ချင်းပြည်နယ် စည်ပင်သာယာရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း (GRF) ခွင့်ပြုရန်ပုံငွေကျပ်သန်း (၅၀)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် ၁၁.၆ သန်း စုစုပေါင်းကျပ် ၆၁.၆ သန်းဖြင့် အဆိုပါ လွတ်လပ်ရေးကျောက်တိုင်ကို အကောင်ထည်ဖော်ဆောင်ရွက်ကြမည်ဟု ဟားခါးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •