ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်၌ ရေဝင်နစ်မြုပ်နေသည့် လှေတစ်စီးအား တပ်မ​တော်(​ရေ)က ကယ်ဆယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဟိုင်းကြီးကျွန်းမြို့အနီး မြန်မာ့ပင်လယ်ပြင်၌ ရေဝင်နစ်မြုပ်နေသည့် လှေတစ်စီးအား ကူညီကယ်ဆယ်
=====================================
နေပြည်တော် ၊ ဒီဇင်ဘာ – ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၂ မိုင်ခန့်အကွာ၌ စက်လှေတစ်စီး ရေဝင်နစ်မြုပ်နေကြောင်း သတင်းအရ ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် သွားရောက်စစ်ဆေးရာ အဆိုပါ နစ်မြုပ်လှေပေါ်မှ အမျိုးသား ၃ ဦးကို စစ်ရေယာဉ်ပေါ်သို့ ကူညီကယ်ဆယ်ပြီး လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် စားသောက်ဖွယ်ရာများ ကူညီထောက်ပံ့ ပေးအပ်ခဲ့သည်။

အဆိုပါ နစ်မြုပ်လှေမှာ ဟိုင်းကြီးကျွန်းမြို့နေ ဦးဖြိုးဝေကျော် ပိုင်ဆိုင်သော စက်လှေဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ ၃ ဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာသို့ အသီးသီး လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
http://dsinfo.org/node/757


Spread the love
  •  
  •  
  •  
  •  
  •  
  •