ဟုမ္မလင်းမှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ပေဝက်ခန့်ကျော်လွန်ရောက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဟုမ္မလင်းမြို့မှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ပေဝက်ခန့်ကျော်လွန်ရောက်ရှိနေ

၁၇.၈.၂၀၂၀ ရက်နေ့၊ ၁၂ ၃၀ အချိန်၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့သည် စိုးရိမ်ရေအမှတ်အထက် ပေဝက်ခန့်ကျော်လွန်ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း ယင်းရေအမှတ်အထက် ဆက်လက်တက်လာနိုင်တယ်လို့ သိရပါတယ်။

အဲဒါကြောင့် ဟုမ္မလင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်ကမ်းနှင့် မြေနိမ့်ပိုင်းများတွင် နေထိုင်ကြသူများအနေဖြင့် အထူးသတိပြုနိုင်ထိုင်ကြရန် ဟုမ္မလင်းမြို့နယ်၊ ကက်သာနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကြိုတင်သတိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •