“ဟောင်ကောင်မှစပိဒ်ဘုတ်ဖြင့်ထွက်ပြေး တိမ်းရှောင်သူတွေကို ချက်ချင်းလွှတ်ပေးဖို့အမေရိကန်တောင်းဆို”  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ဟောင်ကောင်မှစပိဒ်ဘုတ်ဖြင့်ထွက်ပြေး
တိမ်းရှောင်သူတွေကို ချက်ချင်းလွှတ်ပေးဖို့အမေရိကန်တောင်းဆို”

December 28 , 2020

ဟောင်ကောင်မှ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတစုဟာ
တရုပ်ပြည်တွင်တနင်္လာနေ့မှာ တရားရင်ဆိုင်
နေကြရသဖြင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့
အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။သူတို့ဟာ ထိုင်ဝမ်မှာ
နိုင်ငံရေးခိုလှုံခွင့်ရရန် ပိုင်နက်ဒေသအတွင်းမှ
စပိဘုတ်တစီးနဲ့ထွက်ပြေးရာမှာ အဖမ်းဆီးခံခဲ့
ကြရတာဖြစ်ပါတယ်။
“ဟောင်ကောင်-12″လို့အမည်ပေး ခြင်းခံရတဲ့လူ၁၀ယောက် ဟာ ရှန်ဇန်း
တောင်ပိုင်းမြို့တော် မှာ တရားမဝင်နယ်စပ်
ဖြတ်ကျော်မှုနဲ့ တရားရုံးမှာ တရားရင်ဆိုင်နေကြရပါတယ်။သြဂုတ်လ၂၃
ရက်နေ့မှာ သူတို့ရဲ့မော်တော်ကို ကြားဖြတ်
ဖမ်းဆီးထိန်းသိမ်းတာခံခဲ့ရပြီးနောက်သူတို့ကို တရုတ်အာဏာပိုင်တွေက အကျဉ်းချ ချုပ်နှောင်ထားခဲ့ပါတယ်။သူတို့အုပ်စုအထဲက ၂ယောက်ဟာနိုင်ငံအတွင်းကထွက်ပြေးလွတ်မြောက်အောင်ကြိုးပမ်းဖို့စည်းရုံးလှုံ့ဆော်မှုနဲ့
အနည်းဆုံးထောင်၇နှစ်ကျခံရနိုင်ပါတယ်။
ဒီနိုင်ငံမှာ မနှစ်က ဘီဂျင်းရဲ့စည်းမျဉ်း ဥပဒေတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ လူစုလူဝေးနဲ့ဆန္ဒပြပွကြီးများကို ဒီမိုကရေစီ
အရေးတက်ကြွလှုပ်ရှားသူတွေက ဦးဆောင်
ဆင်နွှဲခဲ့ကြပါတယ်။
ဒီအုပ်စုထဲကအချို့ဟာ ဟောင်ကောင်မှာတရားစွဲထားတာကိုရင်ဆိုင်
နေကြရပါတယ်။ဟောင်ကောင်မှာ မြို့တော်မှာ
ဆန္ဒပြပွဲတွေကို​ချေမှုန်းသုတ်သင်ဖို့ အလွန်ပြင်း
ထန်တဲ့အမျိုးသားလုံခြုံရေးဥပဒေကို သတ်မှတ် ပြဌန်းထားပြီးဖြစ်ပါတယ်။
“သူတို့သတ်မှတ်တဲ့ ရာဇဝတ်မှုဆိုတာဟာ ဖိနှိပ်ညှင်းပန်းမှုကနေ ထွက်ပြေးတာပါ။”လို့
အမေရိကန်သံရုံးပြောရေးဆိုခွင့်ရှိသူက
ဂွမ်ဇောင်းပြည်နယ်က အမေရိကန်ပြည်ထောင်စုအထွေထွေ
ကောင်စစ်ဝန်ရုံးမှာ AFPကိုပြောပါတယ်။
ဗီဒီယိုလင့်ခ်က တဆင့် တရားရုံးမှာတရားစီရင်တဲ့မြင်ကွင်းပုံရိပ်တွေပေါ်ထွက်မလာသေးခင်နာရီပေါင်းများစွာကြိုတင်ပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။
“အလျှင်အမြန်လွှတ်ပေး”ဖို့တိုက်တွန်း ပြောဆိုရင်း ပြည်သူတွေကသူတို့ရဲ့ လွတ်လပ်ခွင့်ကို အခြားတနေရာမှာရှာဖွေတာ
ကို တရုတ်ကွန်မြူနစ်အစိုးက တားဆီးတာတွေ
မလုပ်တော့ပဲ ရပ်တန့်ရလိမ့်မယ်လို့ ဒီပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
စွဲချက်တင်ခံရတဲ့မိသားစုတွေထဲမှာ အသက်အငယ်ဆုံးသူဟာ၁၆နှစ်သာရှိသေးပြီး
သူတို့ကို ရှန်ဇန်းပြည်နယ်တရားရုံမှာ တရား
စီရင်ကြားနာပြီး တိုက်ရိုက်ရုပ်မြင်သံကြားကထုတ်လွှင့်ပေးဖို့
တောင်းဆိုခဲ့ပါတယ်။ဒီ့အရင် က တရားရင်ဆိုင်ဖို့လာရောက်ရန်သတိပေးဆင့်ခေါ်မှုဟာအချိန်တိုတောင်းလွန်းတာ နဲ့ ကိုဗစ်-၁၉ရောဂါကာကွယ်မှုဆိုင်ရာ
လိုအပ်ချက်တွေရှိခဲ့တာကြောင့် တရားရုံးကို
ရောက်မလာနိုင်ခဲ့ကြပါဘူး။သူတို့ဟာတရားရင်ဆိုင်ရမဲ့နေ့ကိုသောကြာနေ့ကျမှသာ အကြောင်းကြားခြင်းခံရတာဖြစ်ပြီးသူတို့ရဲ့ရှေ့နေများကို အဖမ်းဆီးခံထားရသူများ နဲ့တွေ့ဆုံဖို့ ခွင့်ပြုရန်တားဆီးခံထားရစဉ်အချိန်အတွင်းမှာဖြစ်ပါတယ်။အဲ့ဒီအစါး အာဏာပိုင်တွေက ပြည်နယ်ကအတည်ပြုခဲ့တဲ့ဥပဒေဆိုင်ရာတင်ပြချက်တွေကိုသဘောတူချိန်းဆိုခဲ့ပါတယ်။ယန်တီယန်ခရိုင်ပြည်သူ့ တရားရုံးမှာတရားဝင်သည်ဖြစ်စေ တရားမဝင်သည်ဖြစ်စေ လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေတဲ့ လျှို့ဝှက်တရားစီရင်မှု ကိုလုပ်ဆောင်မဲ့ အာဏာပိုင်တွေရဲ့ဆုံးဖြတ်ချက်ကို ရက်
သတ္တပတ်အဆုံးမှာပေးပို့တဲ့ပူးတွဲစာတစောင်မှာ တရားစွဲခံထားရတဲ့မိသားစုတွေက အခိုင်အမာကန့်ကွက်ပြောဆိုထားပါတယ်။
“ရှန်ဇန်းတရားရုံံးကဆောင်ရွက်တဲ့တရားစီရင်မှုဟာမှန်ကန်မျှတပါတယ်လို့ အာမခံနိုင်ရန်
သံတမန်ဝန်ထမ်းတွေစေလွှတ်ပြီးကြားနာ
နိုင်အောင်ဆောင်ရွက်ပေးပါ။”လို့သူတို့က
တောင်းဆိုခဲ့ပါတယ်။ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ ဗြိတိန်၊ပေါ်တူဂီ နဲ့ ဗီယက်နမ်နိုင်ငံသားတွေ လည်းပါဝင်တာကိုသတိပြုဖို့ပြောဆိုပါတယ်။
ဟောင်ကောင်ကိုလွှမ်းခြုံထားတဲ့ လုံခြုံရေးဥပဒေဟာ အကြမ်းဖက်မှုလို့ယူဆတဲ့လှုပ်ရှားမှုတွေနဲ့ နိုင်ငံခြားအဆောက်အအုံတွေကိုဆက်ခံခြင်း
ပူးပေါင်းညှိနှိုင်းခြင်းတွေကို တရားစွဲဆိုဖို့အကြွင်းမဲ့အာဏာပေးအပ်ထားပါတယ်။
ဟောင်ကောင်ဟာယခင်ကဗြိတိန်ရဲ့ကိုလိုနီ
နိုင်ငံတခုဖြစ်ခဲ့ပြီး ၁၉၉၇ခုနှစ်မှာ အနှစ်၅၀ကြာ
နိုင်ငံတနိုင်ငံ၊စံနစ်နှစ်မျိုးကျင့်သုံးဖို့ကတိစာချုပ်နဲ့ ဗြိတိန်နိုင်ငံလက်ထဲကနေ အာဏာကိုပြန်လည်​
လွှဲပြောင်းယူခဲ့ပါတယ်။အဲ့ဒီအရင်က ဒီမြို့တော်ဟာလွတ်လပ်မှုတွေကို ခံစားခဲ့ရတာဖြစ်ပါတယ်။
လုံခြုံရေးဥပဒေသစ်ကို ငြိမ်းချမ်းရေး နဲ့
တည်ငြိမ်ရေးအတွက်လိုအပ်တယ်လို့ဘီဂျင်း
ကပြောပေမဲ့ ဝေဖန်သူတွေကတော့ ဟောင်ကောင်ရဲ့လွတ်လပ်ခွင့်တွေကို ပျက်စီး
ဆုံးရှုံးသွားအောင်တိုက်ခိုက်မှုတခုအဖြစ်
အပြစ်တင် ပြောဆိုကြပါတယ်။
တရုတ်ပြည်ဟာ အနောက်နိုင်ငံကစေ့စေ့
စပ်စပ်စီစစ်မေးမြန်းတာတွေကို ရှောင်လွှဲနိုင်ဖို့ သဘောထားကွဲလွဲသူတွေကို
ခရစ္စမတ်(ဒါမှါမဟုတ်)နှစ်သစ်ကူးကာလတွေ
မှာတရားရုံးတွေကိုပို့ထားတဲ့သမိုင်းကြောင်း
အစဉ်အလာရှိပါတယ်။
နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့က ဒီအဖွဲ့ဟာ လွတ်လပ်မျှတတဲ့တရားစီရင်ရေး ကိုရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲလို့ပြောဆိုခဲ့ပါတယ်။
ဒီအဖွဲ့ဟာ သူတို့ကိုယ်တိုင်ရွေးချယ်ထားတဲ့တရားဥပဒေဆိုင်ရာတင်ပြတောင်းဆိုချက်တွေနဲ့ကိုယ့်ကို
ကိုယ်ခုခံကာကွယ်နိုင်မဲ့အခွင့်အလမ်းတွေကို
ခုအချိန်ထိရုတ်သိမ်းဖယ်ရှားခံနေရပါတယ်လို့
လူ့အခွင့်အရေးဆိုင်ရာဟောင်ကောင်ရဲ့အစီအစဉ် မန်နေဂျာ လမ်ချိုမင်းရဲ့ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။ဒီအုပ်စုထဲက ၈ယောက်
ဟာတရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ စွဲချက်တင်ထားတာကိုခံနေရပြီး၊၂ယောက်ကတော့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဖို့ စည်းရုံးတိုက်တွန်းမှုနဲ့စွဲချက်အတင်ခံထားရပါတယ်။
ဥပဒေအရအသက်မပြည့်သေးသူ နှစ်ဦး
ဟာ အများပြည်သူရဲ့မျက်ကွယ်မှာ တရား စီရင်ကြားနာတာကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဘီဂျင်းကလုံခြုံရေးဥပဒေကို ဇွန်လမှာပြဌန်းလိုက်ကတည်းက ထိုင်ဝမ်နိုင်ငံ
ဟာ ဟောင်ကောင်က လူ့အခွင့်အရေးလှုပ်ရှားသူတွေအတွက်ခိုလှုံရာနိုင်ငံတခုဖြစ်လာပါတယ်။ဟောင်ကောင်နိုင်ငံသားတွေအတွက်သင့်တော်ကောင်းမွန်တဲ့ ဗီဇာတွေ၊စာရွက်စာတမ်းတွေမပြည့်စုံပဲရောက်လာကြတာကို တိတ်တိတ်ဆိတ်ဆိတ် မသိကျိုးကျွံပြုထားပါတယ်။

Ref:(AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •