ဟောင်ကောင်မှာ ကမ္ဘာ့ပထမဆုံး Covid-19 ၂ခါပြန်ကူးစက်ခံရတဲ့လူနာတွေ့ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇭🇰 ဟောင်ကောင်မှာ #ကမ္ဘာ့ပထမဆုံး Covid-19 ဖြစ်ဖူးပြီးမှ #ဒုတိယအကြိမ်ရောဂါပြန်ကူးစက်ခံရတဲ့လူနာတွေ့ရှိ။

🔸 #ဘာဖြစ်လို့ဒီcaseကထူးခြားသလဲ⁉️

🦠 ပုံမှန် case မှာ ကူးစက်ရောဂါအကူးစက်ခံဖူးပြီးရင် ရောဂါခံနိုင်ရည်အား (immune response) ရလေ့ရှိပြီး အတော်ကြာကြာအဲ့ဒီရောဂါပြန်ဖြစ်လေ့မရှိပါဘူး။

▪️ဟောင်ကောင်မှ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ မတ်လတုန်းက Covid-19 အကူးခံရဖူးပြီး အခု လေးလခွဲကြာမှ #ဥရောပကိုခရီးသွားရင်း နောက်တစ်ကြိမ် Covid ရောဂါပိုးပြန်ကူးစက်ခံခဲ့ရပါတယ်။

▪️ဒါ့ကြောင့် ဒီ case ဟာ ထူးထူးခြားခြား ကမ္ဘာ့ပထမဆုံး reinfection case ဖြစ်ကြောင်း မနေ့က တနင်္လာနေ့မှာ ဟောင်ကောင်က သုသေသနပညာရှင်တွေက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

 

🔸 #အရင်ကရောအခုလိုပြန်ကူးတဲ့သတင်းကြားဖူးလား⁉️

▪️အရင်က ပြန်ကူးတဲ့သတင်းတွေထွက်ဖူးခဲ့လို့ လူတွေကြောက်လန့်တကြားဖြစ်ဖူးပေမယ့် anecdotal evidence လို့ခေါ်တဲ့ ပုံပြင်ဆန်ဆန်ဖြစ်ရပ်မျိုးသားရှိခဲ့ပြီး တကယ့်သက်သေမပြနိုင်ခဲ့ပါဘူး။

▪️အရင် case တွေတုန်းက များသောအားဖြင့် စမ်းသပ်မှု Test မတိကျတာ၊ အရင်ပိုးအသေအစအနက လူနာရဲ့ကိုယ်ခန္ဓာထဲမှာ ကျန်နေတာတွေဖြစ်နေလေ့ရှိပါတယ်။

▪️အခု ဟောင်ကောင်က case မှာ လူနာအရင်အကူးခံရဖူးတဲ့ ဗိုင်းရပ်စ်နဲ့ အခုအကူးစက်ခံရတဲ့ ဗိုင်းရပ်စ်နှစ်မျိုးဟာ လုံးဝပတ်သက်မှုမရှိပါဘူးတဲ့။

🧬 ဘာခြားနားသလဲဆိုရင် ဗိုင်းရပ်စ်ရဲ့ RNA ကိုတည်ဆောက်ထားတဲ့ အစီအစဉ်ထဲက နယူကလီအိုတိုက် ၂၄ ခု (24 nucleotides) ကွဲပြားခြားနားပါသတဲ့။

ဒါကြောင့်ကမ္ဘာ့ပထမဆုံး case လို့ ပြောတာပါ။

▪️ဒါဆိုရင် Covid #ဖြစ်ဖူးတဲ့လူနာတွေပြန်ဖြစ်မှာစိုးရိမ်ရသလား⁉️

▪️အခုထိမစိုးရိမ်ရပါဘူး။ အခုထိသိရသမျှမှာ ဒီလို case မျိုးဟာ #လူသန်းပေါင်း ဆယ်ဂဏန်းမှာမှ #တစ်ယောက်ဖြစ်တတ်တာမျိုးလို့ ယူဆထားပါတယ်။

▪️နောက်ပြီးတော့ အခုရောဂါပြန်အကူးခံရတဲ့လူနာမှာ အရင် Covid ဖြစ်တုန်းက ရထားတဲ့ immune rensponse ကြောင့် အခုကူးစက်ခံရမှု reinfection မှာ သိပ်ဆိုးဆိုးရွားရွား ရောဂါလက္ခဏာမပြခဲ့ပါဘူးတဲ့။

▪️WHO က Covid expert ဖြစ်သူ Maria Van Kerkhove ကလည်း အခုထိ Covid ကူးစက်ခံရသူ ၂၄ သန်းလောက်ရှိပြီး ဒါမျိုးဘယ်နှစ်ယောက်ရှိနိုင်လည်း သုသေသနလုပ်နေပါကြောင်းနဲ့ ရှားပါး case ဖြစ်တာကြောင့် မစိုးရိမ်ကြဖို့ပြောပါတယ်။

▪️အခုအချိန်အထိစမ်းသပ်လေ့လာမှုအရ Covid ကာကွယ်ဆေးက အခြေအနေကောင်းနေပါတယ်။

▪️Covid အကူးစက်ခံရဖူးတဲ့လူတွေမှာ ခိုင်မာတဲ့ ရောဂါခံနိုင်ရည် (robust immune response) ကို ရတာတွေ့ရပါတယ်။

▪️အဲ့ဒီ immune response မှာ ရောဂါပိုးကို လူရဲ့ဆဲလ်တွေထဲမကူးအောင်တားပေးတဲ့ ပဋိပစ္စည်း (antibodies) တွေရော၊ ရောဂါပိုးကိုရှင်းပေးတဲ့ T cells တွေရော တွေ့ရပါတယ်တဲ့။

▪️အခုအချိန်အထိ Covid ကူးစက်ခံရပြီးရင်ရလာမယ့် immune response လို့ခေါ်တဲ့ ရောဂါခံနိုင်ရည်ဟာ ဘယ်လောက်ကြာကြာခံမလဲဆိုတာ အသေအချာမသိရသေးပါဘူး။

💉 ရာသီတုပ်ကွေးလိုမျိုး နှစ်စဉ်အသစ်ပြန်ထိုးဖို့လိုကောင်းလိုနိုင်သလို အချို့ကာကွယ်ဆေးတွေလို အကြာကြီးမှ တစ်ခါပြန်ထိုးဖို့လိုချင်လိုပါမယ်။

ရောဂါအသစ်မို့ ဆက်လက်သုသေသနပြုနေကြဆဲပါ။

အခု case က လူတွေခရီးသွားမှုကို အတန်ငယ်ရိုက်ခတ်မှုရှိနိုင်ပါတယ်။

မတူတဲ့ဒေသကိုသွားရင် မတူတဲ့ ကိုဗစ်မျိုးကွဲဟာ ရှားရှားပါးပါးကူးစက်တတ်သေးတယ်။ ဖြစ်တော့အလွန်တရာမှ ဖြစ်ခဲတယ်ဆိုတဲ့ သဘောပါ။

နောက်ဆုံးရခဲ့တဲ့ ဒုတိယအကြိမ်မြောက် Covid ပြန်အကူးခံခဲ့ရတဲ့ ကမ္ဘာ့ပထမဆုံး case အကြောင်းသိရသမျှ တင်ပြလိုက်ပါတယ်။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
25-Aug-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •