အကြည်တော်က သူခိုး ဆိုတဲ့ဇာတ်လမ်းကိုရေးတော့ ဆိုဗီယက်ခေတ်က ရုရှားသူခိုးတစ်ယောက်ရဲ့ တရားရုံးတော် လျှောက်လဲချက်တွေသွား သတိရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အကြည်တော်က သူခိုး ဆိုတဲ့ဇာတ်လမ်းကိုရေးတော့ ဆိုဗီယက်ခေတ်က ရုရှားသူခိုးတစ်ယောက်ရဲ့ တရားရုံးတော် လျှောက်လဲချက်တွေသွား သတိရ

အကြည်တော်က သူခိုး ဆိုတဲ့ဇာတ်လမ်းကိုရေးတော့ ဆိုဗီယက်ခေတ်က ရုရှားသူခိုးတစ်ယောက်ရဲ့ တရားရုံးတော် လျှောက်လဲချက်တွေသွား သတိရတယ်။ သူက သူခိုးဆိုပေမယ့် အရင်းအနှီးနဲ့ပါ။ သူကြီးပွားချမ်းသာသမျှ အရင်းအနှီးပြုခဲ့ရပါတယ်။
ဘာလဲဗျာ သူခိုးပဲ ဘာအရင်းအနှီးတွေများ လိုလေမလဲလို့ တွေးမိကြတယ် မဟုတ်လား။ သူခိုးဆိုကာမှ အကျင့်သီလမှ မရှိတာလေ။ သူခိုးဆိုတာ ချောင်ရင် အရယူမှာပဲပေါ့။
ကဲပြောချင်တာက ဒီလိုပါ။
သူခိုးတစ်ယောက်ကို သံသယဖြစ်ကာ တရားသူကြီးကမေးခွန်းထုတ်ပါတယ်။
အိုင်ဗင် မင်း ဒီမော်စကိုဗစ်ကားကို ဘယ်လို ပိုင်ဆိုင်ခဲ့ပါသလဲ‌လို့ မေးတဲ့အခါ “တရားသူကြီးခင်ဗျား ကျွန်တော်ဟာ ဒီတရားရုံးမှာ တရားသူကြီးမင်းတို့က မော်တော်ဆိုင်ကယ်တစ်စီးခိုးခဲ့ဘူးတဲ့အတွက် ထောင်ချခဲ့ပြီးပါပြီ။ အဲ့ဒီအပြစ်ဒါဏ်တွေ အတွက်လည်း တရားဝင် ခံယူခဲ့ပြီးပါပြီ။ ဒါကြောင့်မော်တော်ကား ပိုင်ဆိုင်မှုဟာ ဆိုင်ကယ်နဲ့ရင်းခဲ့ရတဲ့အတွက် မမေးသင့်ပါဘူး။
အဲ့ဒါ‌ဆို မော်တော်ကားကိစ္စကို မမေးတော့ဘူး၊ မော်တော်ဆိုင်ကယ်ကို ဘယ်လိုပိုင်ခဲ့တယ်ဆိုတာပဲဖြေပါတဲ့။ တရားသူကြီးမင်းခင်ဗျား အဲဒီ့မေးခွန်းကိုလည်း ကန့်ကွက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီတရားရုံးမှာပဲ တရားသူကြီးတို့က ကျွန်တော့်ကို စက်ဘီးတစ်စီးခိုးခဲ့မှုနဲ့ ထောင်ချခဲ့ဖူးပါတယ်။ အဲဒီ့ အပြစ်ဒါဏ်တွေ အတွက်လည်း တရားဝင်ခံယူခဲ့ပြီးပါပြီ။ ဒါကြောင့်မော်တော်ဆိုင်ကယ်အတွက်လည်းမမေး သင့်ပါဘူးဆိုသတဲ့။
သူခိုးက ထပ်ပြောပါတယ်။ တရားသူကြီးမင်းခင်ဗျား မေးခွန်းတွေဟာ အတော်ကိုတရားလွန်နေပါပြီ။ နိုင်ငံတော်ကပေးအပ်တဲ့ ထိုက်သင့်တဲ့ အပြစ်ဒါဏ်တွေခံယူခဲ့ပြီးကြောင်း ကျွန်တော့မှာ အခိုင်အမာ သက်သေပြစရာတွေရှိနေလျှက်နဲ့ ဆက်လက်မေးခွန်းထုတ်ရန်မသင့်ပါလို့ လျှောက်လဲသတဲ့။
အေးလေဗျာ သူခိုးကို နောက်ကြောင်းပြန်နေတာ မပြီးတော့ဘူးဗျာ။ အိုင်ဗင်ခင်မျာ သူရင်းထားရတာတွေကလည်း နည်းလားဗျာ။ ရုရှားမှာတော့ သူခိုးဆိုတာ အရင်းအနှီးနဲ့ ခိုးရင်းကြီးပွားရတာဆိုပဲ။
ခင်ဗျားတို့ရော အရင်းအနှီး ဘာမှမရှိပဲ ကြီးပွားတဲ့ သူခိုးတွေမြင်ဖူးလား။
ဒါကြောင့်လည်း ဆိုဗီယက်ခေတ်နောက်ဆုံး သမ္မတဖြစ်တဲ့ မီခေး ဂေါ်ဘာချော့နဖူးပေါ်မှာ သူခိုးတွေက ချစ်စနိုးနဲ့ အာဘွားပေးခဲ့ရင်း အာပူမိရာကနေ အမာရွတ်ကြီးလို ဖြစ်ခဲ့တာတဲ့။😁
အာဘွားရာမထင်အောင် ဘယ်လိုလုပ်ရတယ်ဆိုတာ အဲဒီတုန်းက သူတို့ မသိခဲ့ မတွေးခဲ့ဘူးထင်ပါရဲ့။

Spread the love
  •  
  •  
  •  
  •  
  •  
  •