အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သူများ ကြိုတင်ဆန္ဒမဲပေးခြင်း လိုက်ပါကြည့်ရှုနိုင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သူများ ကြိုတင်ဆန္ဒမဲပေးခြင်း လိုက်ပါကြည့်ရှုနိုင်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အတွင်း ရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သူများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ၆-၁၁-၂၀၂၀ ရက်နေ့နှင့် ၇-၁၁-၂၀၂၀ ရက်နေ့များတွင် ကြိုတင်ဆန္ဒမဲပေးကြမည်ဖြစ်သည်။

ကြိုတင်ဆန္ဒမဲပေးခြင်းများကို လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များ၊ အကူကိုယ်စားလှယ်များ၊ ပြည်တွင်း/ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် မီဒီယာများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ဆက်သွယ်၍ ကိုဗစ် – ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ မဲဆန္ဒရှင်၏ လျှို့ဝှက်ဆန္ဒပြုခြင်းကို မထိခိုက်စေဘဲ လိုက်ပါကြည့်ရှုနိုင်ပါကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •