အခိုင်အမာလမ်းပိတ်ထားမှုအချို. ရန်ကုန်တိုင်း ထဲကမြို့နယ်များမှာ ပြန်လည်ပြုပြင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အခိုင်အမာလမ်းပိတ်ထားမှုအချို. ရန်ကုန်တိုင်း ထဲကမြို့နယ်များမှာ ပြန်လည်ပြုပြင်

ကိုဗစ်ကပ်ရောဂါကြောင့် ရန်ကုန်တိုင်းအတွင်း မြို့နယ် ၂၈ မြို.နယ်ရှိ ပြည်သူများ အတတ်နိုင်ဆုံး အိမ်တွင်နေရန် အာဏာပိုင်များက ညွှန်ကြားပြီးနောက် ထိုမြို.နယ်အချို.တွင် လမ်းများကို ဝါးထရံများ၊ သစ်သားချပ်များ၊ သွပ်ပြားများဖြင့် အခိုင်အမာပိတ်ဆို့ထားတာတွေဟာ
ညွှန်ကြားချက်များနှင့် အတိအကျညီညွတ်မှုမရှိကြောင်း ရန်ကုန်တိုင်းအစိုးရက မနေ့ကထုတ်ပြန်ခဲ့ပါတယ်။

 

တိုင်းအစိုးရ၏ ထုတ်ပြန်ချက်မှာအိမ်တွင်နေထိုင်ရန်ဆိုသည့် စည်းကမ်းချက်အားတိတိကျကျလိုက်နာစေရန် ကြားလမ်းများအား “ဝင်ထွက်သွားလာမှု အဆင်ပြေအောင်သာပိတ်ပြီး” အခိုင်အမာပိတ်ဆို့ခြင်း မပြုလုပ်ရန်ဟု ဖော်ပြထားတာပါ။

 

တိုင်းအစိုးရ ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ ဒီကနေ့မှစပြီး အခိုင်အမာပိတ်ဆို့ထားမှုများကို ဖယ်ရှားလိုက်တာကိုတွေ့ရပါတယ်။

 

ဒဂုံမြို့သစ်တောင်ပိုင်းမှာလည်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအေးနိုင် ဟာ လွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ဒုအုပ်ချုပ်ရေးမှူး၊မြို့နယ်စည်ပင်ဥက္ကဌ၊စည်ပင်အုပ်ချုပ်ရေးမှူးများနှင့်အတူရပ်ကွက်များသို့ကွင်းဆင်းစိစစ်ခဲ့ပါတယ်။

 

ပြည်သူများသတင်းပေးပို့လာတဲ့ ပုံသေလမ်းပိတ်ဆို့မူ့များကိုရပ်ကွက်တာဝန်ရှိသူများနှင့်ညှိနှိုင်း၍ကိုယ်တိုင်ဖယ်ရှားပေးခြင်း၊ဝင်ထွက်သွားလာနိုင်ရေးပုံစံပြောင်း၍ကာနိုင်ရေးညှိနှိုင်းပေးခဲ့တယ်လို့ သိရပါတယ်။

Credit – AyeNaing


Spread the love
  •  
  •  
  •  
  •  
  •  
  •