” အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီ ကျွန်းမှာ အင်အားပြင်းငလျှင်တခုလှုပ်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အင်အားပြင်းငလျှင်တခု အင်ဒိုနီးရှားနိုင်ငံ
ဆူလာဝေဆီ ကျွန်းမှာလှုပ်ခတ်”

January 15,2021

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ
အင်အားပြင်းထန်သောငလျှင်တခုသောကြာနေ့အစောပိုင်းမှာ လှုပ်ခတ်သွားတာကြောင့်
အနည်းဆုံး လူပေါင်း၃၄ယောက်သေဆုံးသွား
ခဲ့ပြီး၊ဆေးရုံတရုံ ပြိုပျက်သွားကာ အခြားသောအဆောက်အဦးများစွာ ပျက်စီးဆုံးရှုံးသွားခဲ့ရတယ်လို့ အာဏာပိုင်များကပြောဆိုပါတယ်။

အစောပိုင်းနာရီများက ပြင်းအား၆.၂
မဂ္ဂနီကျူ့ ရှိတဲ့အင်အားပြင်းငလျှင်တခု လှုပ်
ခတ်ခဲ့မှုကြောင့်လူရာပေါင်းများစွာထိခိုက်
ဒါဏ်ရာရရှိသွားခဲ့ကြပြီး စိုးရိမ်ကြောက်ရွံ့နေကြတဲ့ကျွန်းပေါ်ကနေထိုင်သူတွေဟာ ထိတ်လန့်တကြားဖြစ်နေကြပါတယ်။ဒီကျွန်းပေါ်မှာ လွန်ခဲ့တဲ့၂နှစ်ခွဲလောက်က ငလျှင်ကြီးတခုလှုပ်ခတ်ခဲ့ပြီး ဖြစ်ပေါ်လာခဲ့တဲ့ဆူနာမီရေလှိုင်းတွေကြောင့်လူထောင်ပေါင်းများစွာသေဆုံးခဲ့ကြရပါတယ်။

“နောက်ဆုံးရရှိခဲ့တဲ့သတင်းအရ မာမူဂျူမြို့မှာ လူ၂၆ယောက်သေဆုံးသွားခဲ့ပါတယ်။”လို့
ဒေသတွင်းသဘာဝဘေးအန္တရယ်လျော့ပါး
သက်သာရေးအေဂျင်စီအကြီးအကဲ ရာဟ်မန်
ကပြောဆိုခဲ့ပြီး သေဆုံးသူအရေအတွက်ဟာ
ထပ်တိုးလာနိုင်သေးတယ်လို့ဆိုပါတယ်။
“သေဆုံးသူများစွာဟာ အုတ်ကျိုးအုတ်ပဲ့
အပုံတွေအောက်မှာနစ်မြုပ်နေကြတယ်🤓။”လို့
သူကပြောပါတယ်။

အနောက်ဆူလာဝေဆီပြည်နယ်မှာရှိတဲ့
လူဦးရေ ၁၁၀၀၀၀ခန့်ရှိတဲ့ မာမူဂျူမြို့ရဲ့
တောင်ဘက်ဒေသတခုမှာ အနည်းဆုံး လူ၈ယောက် သီးခြားသေဆုံးခဲ့ပြီး စုစုပေါင်း
သေဆုံးသူ ၃၄ယောက်ရှိပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ မာမူဂျူမြို့
ကပြိုကျသွားတဲ့ ဆေးရုံအုတ်ကျိုးအုတ်ပဲ့အပုံ
တွေအောက်မှာ လူနာ၁ဒါဇင်ကျော် နဲ့ ဝန်ထမ်းတွေကို လိုက်လံရှာဖွေနေကြပါတယ်။

“ဆေးရုံဟာမြေကြီးပေါ်မှာပြားပြားဝပ်ပြိုကျ
သွားခဲ့တယ်။”လို့မာမူဂျူမြို့ ကယ်ဆယ်ရေးအေဂျင်စီကအာရီယန်တို ကပြောပါတယ်။
“အုတ်ကျိုးအုတ်ပဲ့တွေအောက်မှာ ပိတ်မိနေတဲ့လူနာတွေနဲ့ ဆေးရုံကဝန်ထမ်းတွေ
ရှိနေတယ်။ကျွန်တော်တို့သူတိ့ဆီရောက်နိုင်
အောင်အခုကြိုးပမ်းနေပါတယ်။”လို့သူက
ပြောဆိုခဲ့ပြီး အရေအတွက်ဘယ်လောက်ပိတ်မိနေတယ်ဆိုတာတော့အတိအကျမပြောဆိုခဲ့ပါဘူး။
“ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးပြိုကျ
သွားတဲ့သူတို့အိမ်ရဲ့ အုတ်ပုံတွေအောက်မှာ
ပိတ်မိနေတဲ့လူ၈ယောက်ရှိတဲ့မိသားစုတစုကို
လည်း ကယ်တင်နိုင်ဖို့ကြိုးစားနေကြပါတယ်။”
လို့သူက ထပ်ပြောပြပါတယ်။

ဒေသစံတော်ချိန် နံနက်၂နာရီ၁၈မိနစ်၊
သောကြာနေ့(1818GMT ကြာသပတေးနေ့)
မှာလှုပ်ခတ်ခဲ့တဲ့ငလျှင်ကြောင့် အနည်းဆုံး
ဟိုတယ်တလုံး တစိတ်တပိုင်းပြိုကျသွားခဲ့သလိုဒေသတွင်းကပြည်နယ်အုပ်ချုပ်ရေးမှူးရုံးခန်းလည်းအတော်လေးထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
မာမူဂျူဒေသခံတယောက်က မြို့အနှံ့အပြားမှာ ထိခိုက်ပျက်စီးမှုတွေ အလွန်ဆိုးဝါးပြင်းထန်တယ်လို့ပြောပါတယ်။

“လမ်းတွေက ကွဲအက်ကုန်ပြီး အဆောက်အဦးပေါင်းများစွာဟာပြိုကျသွားခဲ့တယ်။”လို့ အသက်၂၈နှစ်အရွယ် ဟင်ဒ ရာကပြောဆိုပါတယ်။
“ငလျှင်က အရမ်းပြင်းထန်ပါတယ်။ကျွန်တော်အိပ်ယာကနိုးလာပြီး ကျွန်တော့်မိန်းမနဲ့အတူ ထွက်ပြေးခဲ့တယ်။”
လို့သူကပြောပါတယ်။

“ဆူနာမီအလားအလာ”

အခင်းဖြစ်ပွါးရာအရပ်က မြင်ကွင်းတွေမှာ ဒေသခံတွေဟာ ကားတွေ၊အပေါ့စားမော်တော်ဆိုင်ကယ်တွေတွေနဲ့
ပင်လယ်ဘေးကမြို့ကလေးကနေ အဝေးကို
ထွက်ပြေးနေကြပြီး သူတို့ဖြတ်သန်းသွားရာ
နေရာတွေမှာ သွပ်မိုးတွေ အပျက်အစီးတွေ
နေရာအနှံ့အပြားမှာ ပြန့်ကျဲနေတာကိုတွေ့မြင်
နေကြရပါတယ်။

မိုးလေဝသဌာနက နောက်ဆက်တွဲငလျှင်လှုပ်ခတ်မှုတွေဖြစ်ပေါ်လာနိုင်တယ်၊ဆူနာမီလှိုင်းတွေလည်းဖြစ်ချင်ဖြစ်လာနိုင်ခြေရှိလို့ကမ်းခြေဒေသဝန်းကျင်တွေကို ရှောင်ရှားကြဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
၂၀၁၈ ခုနှစ်က ဆူလာဝေဆီကျွန်းပေါ်ရှိပါလူးမြို့မှာ ၇.၅
မဂ္ဂနီကျူ့ပြင်းအားရှိငလျှင်ကြီးတခုလှုပ်ခတ်
ခဲ့ပြီး နောက်ဆက်တွဲဆူနာမီလှိုင်းတွေဖြစ်ပေါ်ခဲ့တာကြောင့် လူပေါင်း၄၃၀၀ကျော်သေဆုံး(ဒါမှမဟုတ်)
ပျောက်ဆုံးခဲ့ကြရပါတယ်။

၂၀၀၄ခုနှစ် ဒီဇင်ဘာလ၂၆ရက်နေ့မှာ
၉.၁ မဂ္ဂနီကျူ့ပြင်းအားရှိငလျှင်တခု ဆူမာတြာ ကမ်းရိုးတန်းအလွန်မှာ လှုပ်ခတ်ခဲ့တာကြောင့် ဆူနာမီရေလှိုင်းတွေဖြစ်ပေါ်လာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံက လူပေါင်း၁၇၀၀၀၀ ဝန်းကျင်အပါအဝင် ထိုဒေသအနှံ့အပြားကလူပေါင်း ၂၂၀၀၀၀ သေဆုံးခဲ့ရပါတယ်။

Ref:(AFP)

(


Spread the love
  •  
  •  
  •  
  •  
  •  
  •