ပျက်ကျလေယာဉ် အစိတ်အပိုင်းများတွေ့ပြီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ဒီကနေ့မနက်မှာတော့ အင်ဒိုနီးရှားပျက်ကျခရီးသည်တင်လေယာဉ်ရဲ့ အစိတ်အပိုင်းများ အပျက်အစီးများကို ဂျာကာတာအနီးက ရေပြင်မှာတွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
မနေ့က နေ့လယ်ပိုင်းမှာ Soekarno-Hatta နိုင်ငံတကာလေဆိပ်မှ ပျံတက်ပြီး ၄ မိနစ်အကြာမှာ အောက်သို့ထိုးဆင်းပျက်ကျခဲ့တာပဲ ဖြစ်ပါတယ်။
လေယာဉ်ပျက်ကျရခြင်း အကြောင်းအရင်းကိုတော့ မသိရသေးဘဲ အာဏာပိုင်တွေကတော့ ပျက်ကျရာမှာ ရှာဖွေစုံစမ်းမှုတွေနဲ့ ကယ်ဆယ်ရေး အစီအစဉ်တွေကို ဆောင်ရွက်နေကာ အသက်ရှင်ကျန်သူရှိဖို့ မျှော်လင့်ချက်ကတော့ နည်းပါးကြောင်းလည်း သိရပါတယ်။
ဒီကနေ့မနက်ခင်းမှာတော့ သေဆုံးသူရုပ်အလောင်းများထည့်ထားသော အိတ်၂ အိတ်ရရှိပြီး တစ်အိတ်ကတော့ ပစ္စည်းတွေဖြစ်ပြီး ကျန်တစ်အိတ်ကတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဖြစ်ကြောင်း ဂျာကာတာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ စစ်င်္ဘောများ၊ ရဟတ်ယာဉ်များနဲ့ ရေငုပ်သမားများဟာလည်း ရှာဖွေမှုတွေကို လုပ်နေကြပြီ ဖြစ်ပါတယ်။
Source – The Jakarta
Credit> MRTV