“အင်ဒိုနီးရှားမှာ ငလျှင်ကြောင့်သေဆုံးသူအရေအတွက်တိုးလာ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အင်ဒိုနီးရှားမှာနောက်ထပ်အလောင်းများထပ်မံတွေ့ရှိသဖြင့် ငလျှင်ကြောင့်သေဆုံးရသူအရေအတွက်တိုးလာ”

January 18, 2021

အင်ဒိုနီးရှားကယ်ဆယ်ရေးသမား တွေဟာ ငလျှင်ကြောင့်ပြိုကျသွားတဲ့ အဆောက်အဦတွေ၊နေအိမ်တွေရဲ့ အပျက်အစီးပုံတွေအောက်က နောက်ထပ်
အလောင်းများ တနင်္ဂနွေနေ့က ပြန်လည်တွေ့ရှိ လာတဲ့အတွက် သေဆုံးသူအရေအတွက်ဟာ
၇၈ယောက်အထိမြင့်တက်လာခဲ့ပါတယ်။
စစ်တပ်အင်ဂျင်နီယာတွေက ကယ်ဆယ်ရေးကုန်ပစ္စည်းတွေကိုသယ်ဆောင်ဖို့ဝင်လမ်းတွေရှင်းပြီး ကွဲအက်နေတဲ့လမ်း တွေကို ပြန်ဖွင့်ပေးကြပါတယ်။
ပိုမိုလေးလံတဲ့ကရိယာတန်ဆာပလာ
တွေဟာ ငလျှင်ဒါဏ်ကိုအပြင်းထန်ဆုံးခံခဲ့ ရတဲ့ မာမူဂျူးမြို့နဲ့ ဆူလာဝေဆီကျွန်းပေါ်က
အိမ်နီးချင်းဒေသ မာဂျီနီ ကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီနေရာမှာ ၆.၂မဂ္ဂနီကျူ့ ပြင်းအားရှိတဲ့ငလျှင်တခု သောကြာနေ့အစောပိုင်းကလှုပ်ခတ်ခဲ့တယ်လို့ သဘာဝ
ဘေးအန္တရယ် လျော့ပါးသက်သာစေရေး အေဂျင်စီက ပြောရေးဆိုခွင့်ရှိသူ ရာဒစ်တ်ယာ ဂျက်တီ က ပြောပါတယ်။မာမူဂျူက စုစုပေါင်း
လူ၆၇ယောက်သေဆုံးပြီး မာဂျီနီက ၁၁ ယောက်သေဆုံးခဲ့တယ်လို့ အမျိုးသားရှာဖွေ
ကယ်ဆယ်ရေးအေဂျင်စီရဲ့ကြိုတင်ပြင်ဆင်မှု
ဒါရိုက်တာ ဒီဒီဟမ်ဇာ ကပြောပါတယ်။
ဓာတ်အားထောက်ပံ့မှုတွေ တယ်လီဖုန်းဆက်သွယ်ရေးတွေငလျှင်ဒါဏ်ခံခဲ့ရတဲ့ဒေသတွေမှာ ပြန်လည်တိုးတက် ကောင်းမွန်လာစပြုနေပြီဖြစ်ပါတယ်။
လူထောင်ပေါင်းများစွာအိုးအိမ် ကင်းမဲ့သွားကြရပြီး လူပေါင်း၈၀၀ကျော်ထိခိုက်ဒါဏ်ရာရရှိခဲ့ ပါတယ်။ဒါဏ်ရာရရှိသူတဝက်ကျော်ဟာထိခိုက်မှုပြင်းထန်လို့ အခုအချိန်အထိ ကုသမှုခံနေရတုန်းပဲဖြစ်ပါတယ်လို့ ဂျက်တီကပြောပါတယ်။
သဘာဘေးအန္တရယ်အေဂျင်စီရဲ့ အချက်အလက်တွေက အသက်ရှင်ကျန်ရစ်သူ၂၇၈၅၀ယောက်ကို
အမိုးအကာအောက်ခိုလှုံရာနေရာတွေကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။
သူတို့တွေအတော်များများဟာသည်းထန်စွာရွာသွန်းခဲ့တဲ့မုတ်သုန်မိုးဒါဏ်ကိုခံထားရပြီးဖြစ်တဲ့ယာယီဖြစ်ကတတ်ဆန်းဆောက်လုပ်ထားတဲ့ ခိုလှုံရာတဲတွေဆီကို ရောက်ရှိခဲ့ကြပါတယ်။
လူအနည်းငယ်လောက်သာ တာပေါ်လင်စတွေ
နဲ့ဖုံးအုပ်ထားတဲ့ တဲတွေထဲမှာ ကံကောင်း
ထောက်မစွာအကာအကွယ်ရခဲ့ကြပါတယ်။
အရေးပေါ် အထောက်အပံ့ပစ္စည်းတွေဟာ ထိခိုက်မှုပြင်းထန်တဲ့ဒေသတွေကို အမြန်ပို့ဆောင်နေရတာကြောင့် သူတို့မှာ အစားအသောက်တွေ၊စောင်တွေ၊အခြားအထောက်အပံ့ပစ္စည်းတွေ လျော့နည်း
လာကြပြီလို့သူတို့ကပြောပါတယ်။
“ကျွန်တော်တို့တွေ ပျက်စီးဆုံးရှူံးသွားခဲ့တဲ့
ကျွန်တော်တို့ရဲ့အိမ်တွေဆီကို မပြန်နိုင်ကြတော့ဘူး။”လို့ သူ့ကိုယ်သူ ရောဘတ် လို့ပြောတဲ့ ကလေး၃ယောက်ရဲ့
ဖခင်က ပြောပြပါတယ်။သူက မာမူဂျူမြို့က
မီထရာမာနာကာရာ ဆေးရုံမှာ ဆေးကုသမှုခံနေတုန်း အိပ်ယာကုတင်ပေါ်က နေ ထွက်ပြေးလာခဲ့ရတာလို့ပြောပါတယ်။
သူတက်ခဲ့တဲ့ဆေးရုံကတော့ငလျှင်ဒါဏ် ကြောင့်မြေကြီးပေါ်ကိုပြားပြားဝပ်ပြိုလဲသွားခဲ့ပါတယ်။သူနဲ့သူ့ရဲ့မိသားစုဟာ တောင်ကုန်းလေးရှိနေတဲ့ ဒေသတခုမှာ အိုးအိမ်ဆုံးရှူံးသွားခဲ့ရတဲ့ မိသားစုတွေနဲ့အတူ
ခိုလှုံနေရပါတယ်။သူ အိပ်ယာကနိုးလာချိန်မှာ
သူ့ကုတင်ဟာလှုပ်ခါနေတဲ့အတွက် ငလျှင်လှုပ်နေတာကိုသူသိခဲ့တယ်လို့သူက
ပြောပြပါတယ်။အဲ့ဒီနေါက်သူဟာဟာ သူ့လက်မှာချိတ်ထားတဲ့တစက်စက်ကျနေတဲ့ဆေးပုလင်းကိုဖြုတ်ပစ်လိုက်ပြီး ဆေးရုံထဲကထွက်ပြေးခဲ့ပါတယ်။ဆေးရုံပြိုကျ
မသွားခင်မှာ မလှုပ်ရှားနိုင်တဲ့လူနာတွေကိုသူနာပြုတွေက
ကူညီရွှေ့ပြောင်းပေးနေတာတွေ့ခဲ့ရတယ်လို့ပြောပြပါတယ်။
“ကျွန်တော်ဆေးကုသမှုခံနေခဲ့တဲ့ဆေးရုံဟာ
အထဲမှာလူတွေရှိနေတုန်းမှာပဲ ပြိုကျသွားခဲ့ တာတွေ့လိုက်ရတော့ကျွန်တော်ငိုကြွေးမိ ပါတယ်။ကျွန်တော်သာအပြင်ကိုပြေးထွက်ဖို့နောက်ကျနေခဲ့ရင် ကျွန်တော်လည်းသေဆုံးသွားခဲ့နိုင်ပါ
တယ်။”လို့သူက ပြန်ပြောပြပါတယ်။ရှာဖွေရေးနဲ့ကယ်ဆယ်ရေးအေဂျင်စီရဲ့အဆိုအရ ကယ်ဆယ်ရေးသမားတွေဟာ အသက်ရှင်ကျန်ရစ်သူ၄ယောက်ကို အပျက်အစီးပုံတွေအောက်က ကယ်ထုတ်ပေးနိုင်ခဲ့ပြီး၊အလောင်း၄လောင်းကိုရှာတွေ့ခဲ့တယ်လို့သိရပါတယ်။

မာဂျီနီမှာအနည်းဆုံးအိမ်ပေါင်း၁၁၅၀လောက်ထိခိုက်
ပျက်စီးသွားခဲ့ပြီး၊မာမူဂျူကထိခိုက်ပျက်စီးသွားတဲ့အိမ်တွေ၊အဆောက်အဦတွေကို အေဂျင်စီက စာရင်းအချက်အလက်တွေကောက်ယူ စုဆောင်းနေတုန်းပဲလို့ ဂျက်တီ ကပြောပါတယ်။

လူပေါင်း၃၀၀၀၀၀နီးပါးရှိတဲ့ ပြည်နယ်မြို့တော်မာမူဂျူမှာ ပျက်စီးပြိုကျသွားတဲ့အဆောက်အဦတွေက
အပျက်အစီးပုံတွေဟာနေရာအနှံ့မှာပြန့်ကျဲ
တည်ရှိနေပါတယ်။ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ရုံးအဆောက်အဦ
ဟာလုံးဝနီးပါးပြိုကျပျက်စီးသွားခဲ့ပြီး
ဈေးဝယ်ကုန်တိုက်တခုဟာ တွန့်ရှူံ့ကြေမွနေတဲ့
အပျက်စီးအပုံတခုဖြစ်သွားခဲ့ပါတယ်။
မြေပြိုကျမှုတွေကြောင့်ပိတ်ဆို့သွားတဲ့
မာမူဂျူနဲ့ မာဂျီနီကိုဆက်သွယ်ပေးထားတဲ့ လမ်းတွေကို စစ်အင်ဂျင်နီယာတပ်ဖွဲ့တွေ ကရှင်းလင်းဖယ်ရှားပေးခဲ့ကြပါတယ်။သူတို့
ဟာ ပျက်စီးသွားခဲ့တဲ့တံတားတွေကိုလည်းပဲ ပြန်လည်တည်ဆောက်ခဲ့ကြပါတယ်။
သဘာဝဘေးအန္တရယ်အကြီးအကဲ ဒိုနီ
မာနာဒိုက အာဏာပိုင်တွေဟာ ဘေးအန္တရယ်
ကြီးကြီးမားမားကြုံတွေ့ရသူတွေ နဲ့ အနည်း
ငယ်သာကြုံတွေ့ရသူတွေကို အုပ်စုလိုက်ခွဲခြားထားလိုက်ပြီး ပြည့်ကျပ်နေတဲ့ စခန်းတွေကလူတွေကို ကိုရိုနာ
ဗိုင်းရပ်(စ်)ရောဂါကူးစက်ပြန့်ပွါးမှုကနေတားဆီးကာကွယ်နိုင်ရန် နှာခေါင်းစည်း မျက်နှာဖုံး
တွေသောင်းနဲ့ချီပြီးဖြန့်ဝေပေးထားတယ်လို့ပြောပါတယ်။စခန်းတွေမှာ ဗိုင်းရပ်(စ်)ပိုးကူးစက်မှုရှိမရှိစမ်းသပ်စစ်ဆေးပေးနိုင်မဲ့ ကျန်းမာရေးဌာနတွေလည်းဖွင့်လှစ် ပေးထားပါတယ်။
ခိုလှုံရာနေရာတွေမှာရောက်ရှိနေကြ တဲ့သူတွေဟာ အတူတကွနီးနီးကပ်ကပ်ရပ်
နေကြပြီး လူတော်တော်များများဟာ နှာခေါင်းစည်းမျက်နှာဖုံးတွေတပ်ဆင်မထားကြတာကိုတွေ့မြင်ရပါတယ်။
“ဒီလိုအရေးပေါ်အခြေအနေမျိုး ကြုံတွေ့နေရချိန်မှာ ကျွန်တော်တို့အတွက်ကျန်းမာရေးစည်းမျဉ်းတွေကို လိုက်နာဖို့ရာအတော်ခက်ခဲပါတယ်။” လို့ ဖြစ်သလိုတည်ဆောက်ထားတဲ့ခိုလှုံရာ
နေရာတခုကိုရောက်ရှိနေတဲ့မာမူဂျူဒေသခံတဦးဖြစ်တဲ့ ဖာတီမာ ဇာဟ်ရာ ကပြောပါတယ်။
အနောက်ဆူလာဝေဆီပြည်နယ်ဟာ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကူးစက်နေသူ၂၅၀၀
ယောက်ရှိပြီးသေဆုံးသူ၅၈ယောက်ရှိတယ်လို့မှတ်တမ်းတင်ထားပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာရောဂါကူးစက်သူ
၉၀၈၀၀၀ ယောက်ရှိပြီး သေဆုံးသူစုစုပေါင်း
၂၆၀၀၀ နီးပါးရှိပါတယ်။
ဆူလာဝေဆီကျွန်းပေါ်မှာနေထိုင်ကြသူအများအပြားဟာ ၂၀၁၈ခုနှစ်က ပါလူးမြို့ကို
စိစိညက်ညက်ကြေသွားအောင်ဖျက်ဆီးပစ်ခဲ့တဲ့ ပြင်းအား၇.၅ မဂ္ဂနီကျူ့ရှိခဲ့တဲ့ မြေငလျှင်ရဲ့
ခြောက်လှန့်မှုကိုခုအချိန်အထိခံနေရဆဲဖြစ်ပါတယ်။အရည်ပျော်စေခြင်းလို့ခေါ်ဆိုခဲ့တဲ့ သွင်ပြင်လက္ခဏါနဲ့ မြေပြိုမှုတွေ ဖြစ်ပွါးစေခဲ့တဲ့ ဆူနာမီဘေးအန္တရယ်ကို လည်းကြုံတွေ့ခဲ့ကြရပါတယ်။လူပေါင်း၄၀၀၀
ကျော်သေဆုံးခဲ့ကြရပြီးအတော်များများ ဟာပြိုကျလာတဲ့မြေကြီးတွေအောက်မှာဖုံးလွှမ်းနစ်မြုပ်သွားခဲ့ကြရပါတယ်။
လူပေါင်းသန်း၂၆၀ကျော်နေထိုင်ကြတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ငလျှင်ဘေးဒါဏ်ကို မကြာခန ခံစားရတဲ့နိုင်ငံတခုဖြစ်ပါတယ်။

မီးတောင်စက်ဝန်းပြတ်တွေ နဲ့ပစ္စဖိတ် ချိုင့်ဝှမ်း
ပြတ်ရွေ့ကြောတွေပေါ်မှာ တည်ရှိနေတဲ့နိုင်ငံ
ဖြစ်တာကြောင့် မီးတောင်ပေါက်ကွဲမှုတွေ၊ဆူနာမီဘေးအန္တရယ်တွေကိုလည်းမကြာခနခံစားကြရပါတယ်။ အင်ဒိုနီးရှားအနောက်ပိုင်းဆူမာထြာကျွန်းကမ်းလွန်းမှာ ၂၀၀၄ခုနှစ်ဒီဇင်ဘာလက လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၉.၁ မဂ္ဂနီကျူ့ရှိခဲ့တဲ့ ငလျှင်ကြီးကြောင့် ဆူနာမီရေလှိုင်းတွေဖြစ်ပေါ်လာခဲ့ပြီး နိုင်ငံပေါင်း တဒါဇင်က လူပေါင်း ၂၃၀၀၀၀သေဆုံးခဲ့ကြရပါတယ်။

Ref:(AP)

 


Spread the love
  •  
  •  
  •  
  •  
  •  
  •