ဒီဓာတ်ပုံဟာ အင်ဒိုနီးရှားနိုင်ငံ Sudirohusodo ဆေးရုံမှာ ပြီးခဲ့တဲ့ဩဂတ်စ်လကုန်က ရိုက်ကူးထားတဲ့ပုံပါ။
ပူဆွေးဝမ်းနည်းနေတဲ့ အမျိုးသမီးတစ်ယောက်ဟာ လက်အိပ်တွေ၊ mask တွေ၊ PPE တွေဝတ်ပြီး ချစ်လှစွာသောခင်ပွန်းကို #နောက်ဆုံးထိတွေ့ခွင့်မရရှာပဲ ငိုကြွေးနေပါတယ်။
⚰️ အဖြူရောင်ခေါင်းထဲမှာ ချစ်ဇနီးရဲ့ ငိုကြွေးနေသံကို မကြားနိုင်တော့တာက Dr Titus Taba ပဲဖြစ်ပါတယ်။
ဒါဟာ အင်ဒိုနီးရှားရဲ့ Covid တိုက်ပွဲအတွက် #အသက်ပေးဆပ်လိုက်ရတဲ့ (၉၄) ယောက်မြောက်သောဆရာဝန်ဖြစ်ပါတယ်။
ဒါဟာ ဆရာဝန်အရေအတွက်ပဲရှိသေးပြီး ကျန်သေဆုံးသွားတဲ့ ကျန်းမာရေးဝန်ထမ်းအရေအတွက်မပါသေးပါ။
ငိုကြွေးနေတဲ့အမျိုးသမီးရဲ့ရင်ထဲမှာ ဘယ်လောက်ခံစားနေရမလဲ တွေးကြည့်ပါ။
မိသားစုရဲ့အားကိုးအားထားရာကို ဆုံးရှုံးလိုက်ရချိန်မှာ ကလေးတွေကိုဘယ်လိုပြန်ဖြေမလဲ⁉️
မနှစ်ကဒီအချိန်လောက်မှာ ကလေးတွေရဲ့အနာဂတ်ကို အတူတိုင်ပင်ရင်း ကြည်နူးကောင်းကြည်နူးနေခဲ့လိမ့်မယ်။
အိန္ဒိယမှာ Covid တိုက်ပွဲအတွင်း ဆရာဝန်အယောက် ၂၀၀ လောက် သေဆုံးခဲ့ပြီးပါပြီ။
ရုရှားမှာ ပြီးခဲ့တဲ့ ဇွန်လအထိ Covid ကြောင့် ဆရာဝန်ပေါင်း ၄၈၉ ယောက်သေဆုံးခဲ့ပါတယ်။
ဆရာဝန်တွေအခုလို သေဆုံးရတာဟာ လုပ်ငန်းခွင်ထဲမှာ ကူးစက်သေဆုံးခဲ့ရတာဖြစ်ပါတယ်။
အမေရိကန်မှာလည်း ပြီးခဲ့တဲ့ ဇွန်လအထိ ကျန်းမာရေးဝန်ထမ်းပေါင်း ၆၀၀ လောက်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
Herd immunity ဘာညာနဲ့ ပြောနေကြပေမယ့် ကျနော်တို့ဆီမှာ တိုးပွားလာတဲ့ လူနာတွေကို ကုသပေးဖို့ ဆရာဝန်နဲ့ ကျန်းမာရေးလုပ်သားတွေ အလုံအလောက်ရှိလို့လား မေးစရာဖြစ်လာပါတယ်။
Covid ဟာသေတတ်ပါတယ်။
အကယ်လို့သာ မြန်မာပြည်မှာ Covid လူနာအရမ်းများလာရင် ကျန်းမာရေးဝန်ထမ်းတွေ နိုင်နင်းနိုင်ပါ့မလား တွေးစရာဖြစ်လာပါတယ်။
#ကျန်းမာရေးဝန်ထမ်းတွေသာမရှိရင်ကျနော်တို့လည်းမရှိနိုင်တော့ပါဘူး။
▪️မိမိကိုယ်မိမိ Covid သံသယရှိရင် #ဆေးရုံဆေးခန်းများကိုလုံးဝမသွားပဲ Fever Clinic များဆီသာသွားကြပါရန် အနူးအညွတ်ပန်ကြားပါတယ်။
▪️မိမိဟာ Covid ပြန့်ပွားနေတဲ့နေရာကို မကြာမီကသွားမိခဲ့ရင် #ထွက်မပြေးပဲ Fever Clinic များဆီသတင်းပို့ကြစေချင်ပါတယ်။
▪️လူမပီသပဲ ထွက်ပြေးတာနဲ့ မိမိအတွက်ရော၊ အနီးအနားက မိသားစုဝင်တွေရောကိုပါ အသက်အန္တရာယ်ဖြစ်စေပါတယ်။
▪️ဒါအပြင် နိုင်ငံတော်ကို ဝန်ထုပ်ဝန်ပိုးပေးရာရောက်ပြီး မကြာခင်အားလုံးသိမှာဖြစ်တဲ့အတွက် ရှက်စရာကောင်းလှပါတယ်။
Covid ဟာ ကူးစက်မြန်သောရောဂါဖြစ်ပြီး သင့်မှာ Covid လက္ခဏာရှိတယ်လို့ထင်ရင် အောက်ပါ Fever Clinic များကိုသာသွားပါ။
❌ ရိုးရိုးဆေးရုံဆေးခန်းများကို မသွားပါနှင့်။
🚨 ဆေးရုံဆေးခန်းတစ်ခုလုံးကူးစက်ပြီး တန်ဖိုးရှိသောကျန်းမာရေးဝန်ထမ်းအားလုံး ဒုက္ခရောက်ရင် သင့်မိသားစုပဲပြန်ပြီး ဒုက္ခရောက်နိုင်ပါတယ်။
https://www.facebook.com/CommunityFeverClinicYangon/
Fever Clinic အကြောင်းမသိသေးသူများအတွက်ဖြန့်ဝေပေးပါ။
ကျေးဇူးပါ။
Richard Myo Thant
10-September-2020