အင်ဒီဂိုလေကြောင်းလိုင်းလေယာဉ်တစီးပေါ်မှာခရီးသည်တဦး ကလေးမွေးဖွားခဲ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အင်ဒီဂိုလေကြောင်းလိုင်းလေယာဉ်တစီးပေါ်
ကလေးမွေးဖွားခဲ့”

October 10, 2020

အိန္ဒိယနိုင်ငံ ဒေလီမှ ဘန်ဂါရူလူ သို့
လေယာဉ် ပျံသန်းနေစဉ် အမြင့်ပေ၃၀၀၀၀မှာ
ခရီးသည်တဦး ကလေးမွေးဖွားခဲ့ပါတယ်။
ကလေးငယ်ကို အင်ဒီဂိုလေယာဉ် 6E122
ပေါ်မှာမွေးဖွားခဲ့တယ်လို့ လေကြောင်းလိုင်းက
ထုတ်ပြန်ချက်မှာ အတည်ပြုပြောဆိုပါတယ်။
“ဒေလီမှ ဘန်ဂလိုးကိုသွားနေတဲ့ အင်ဒီဂို
6E122ပေါ်မှာပဋိသန္ဓေ ရက်မတိုင်သေးခင်
အချိန်စောပြီး ကလေးငယ်တဦး မွေးဖွားခဲ့တယ်လို့ ကျွန်တော်တို့အတည်ပြုနိုင်ပါတယ်။

နောက်ထပ်သတင်းအချက်အလက်အသေး
စိတ်ကိုတော့မရရှိသေးပါဘူး”လို့ လေကြောင်း
လိုင်းပြောရေးဆိုခွင့်ရှိသူကပြောပါတယ်လို့
ဟိန္ဒူစတန်တိုင်း(မ်) သတင်းစာကဆိုပါတယ်။
ခရီးစဉ်မှာအတူလိုက်ပါလာတဲ့
အဖော်ခရီးသည်တယောက်ရဲ့အဆိုအရ မိခင်ရောကလေးပါကောင်းမွန်စွာပြုစုစောင့်ရှောက်ထားတယ်လို့
သိရပါတယ်။

“BLRကိုပျံသန်းနေတဲ့ အင်ဒီဂို 6E122ပေါ်မှာ
အမျိုးသမီးတဦး ကလေးမွေးဖွားခဲ့တယ်။
လေယာဉ်အဖွဲ့သားတွေရဲ့အံ့သြစရာကောင်းတဲ့ စုပေါင်းဆောင်ရွက်ချက်ပါ။”လို့
ပ ရာဘူ စတာဗာမက်(သ်)က တွစ်တာမှာ
ရေးသားခဲ့ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •